Thursday, November 1, 2012

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို တွေ့ဆုံကြမယ့် ထိုင်းလူမျိုး တစ်ထောင်ကျော် တာချီလိတ်မြို့ကို သွားရောက်ဖို့ ပြင်ဆင်နေ

မြန်မာပြည်ကို ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို တွေ့ဆုံကြမယ့် ထိုင်းလူမျိုး တစ်ထောင်ကျော်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ကနေ နယ်စပ်ဖြတ်ကျော်ပြီး တာချီလိတ်မြို့ကို သွားရောက်ဖို့ ပြင်ဆင်နေကြပါတယ်။ သူတို့တတွေဟာ ရှပ်နီဝတ်အဖွဲ့တွေ၊ ဖွေ့ထိုင်းပါတီက နိုင်ငံရေးသမားတွေ၊ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ကြည်ညိုတဲ့ အစိုးရ၀န်ထမ်းတချို့ဖြစ်တယ်လို့ ရှပ်နီခေါင်းဆောင်တစ်ဦးဖြစ်သူ မစ္စက် ကျင်းနန်းဒါး ကျန်ထောင်းရဲ့ ပြောစကားကို မာတိချွန်းသတင်းမှာ ဖော်ပြပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်းဟာ တာချီလိတ်မြို့ပေါ်က ကျောင်းတိုက်တစ်ခုမှာ အလှူပွဲတစ်ခု လာကျင်းပတာဖြစ်ပြီး တာချီလိတ်မြိုံ ရီဂျီးနားဟိုတယ်မှာ နိုဝင်ဘာလ ၂ ရက်ကနေ ၃ ရက်ထိ နှစ်ရက်နေပြီးရင် ၄ ရက်နေ့မှာ နေပြည်တော်ကို ပြန်မယ်လို့ သူကဆိုပါတယ်၊
From -DVB

No comments:

Post a Comment