Wednesday, November 14, 2012

လားရှိုးမြို့ တွင် ငွေကျပ် ၁,၆၈၁သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



၁၃-၁၁-၂ဝ၁၂  ရက်နေ့  ဝ၅း၃ဝ  အချိန်တွင်  ရှမ်းပြည်နယ်  လားရှိုးမူးယစ်
အထူးအဖွဲ့မှ ရဲအုပ် နိုင်ထန်းမနား ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ လားရှိုးမြို့ ရပ်ကွက်(၁)  ဘူတာလမ်းနှင့် မြဝတီလမ်းထောင့်တွင်   သတင်း
အရ စောင့်ဆိုင်းနေစဉ် မြဝတီလမ်းဘက်မှ ဘူတာလမ်းဘက်သို့ ဆမ်ခွက်(ကျား) (၅ဝ)နှစ်၊ ယာဉ်မောင်း ရပ်ကွက်(၅) မိုင်းမောမြို့
ဝ ဒေသ မောင်းနှင်ပြီး ရှေ့ခန်းတွင် တစ်ရပ်ကွက်တည်းနေ အိုက်ရုန်း(ကျား) (၁၉)နှစ် တောင်ယာလုပ် လိုက်ပါ လာသော ၄ခ/၄၅၃၃ ဖိုးဝှီး ဟိုင်းလတ်
ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းတွင် အဖြူရောင် ဆာလာအိတ်ဖြင့်ထည့်လျက် အိန္ဒိယနိုင်ငံထုတ် အက်ဖီဒရင်း ဆေးပြား (၁ဝဝဝ)ပြားစီပါ ပလပ်စတစ်အထုပ် (၁ဝဝ)ထုပ်၊ ဆေးပြား(၁ဝဝဝဝဝ)ပြား၊ အလေးချိန် ၁၅ ကီလိုဂရမ်ခန့် (စုစုပေါင်းတန်ဖိုး ၁ ကီလိုလျှင် ၄၃ သိန်းနှုန်းဖြင့် ၁၅ ကီလို ငွေကျပ် ၆၄၅ သိန်း) အဝါရောင်ဆာလာအိတ်ဖြင့်
ထည့်လျက် ပလပ်စတစ် အိတ်ဖြင့်ထုပ်ထားသော ဆူဒိုအက်ဖီဒရင်းဆေးပြား (၁၄ဝဝဝ)ပြားစီပါ အထုပ်(၈)ထုပ်၊ ဆာလာအိတ် (၄)အိတ် အတွင်းမှ
ဆေးပြား(၄၄၈ဝဝဝ)ပြားနှင့် ဆူဒိုအက်ဖီဒရင်း ဆေးပြား ၁၄ဝဝဝ ပြားစီပါ အထုပ်(၅)ထုပ်၊ ဆေးပြား ၇ဝဝဝဝ ပြား၊ စုစုပေါင်း ဆူဒိုအက်ဖီဒရင်းဆေးပြား (၅၁၈ဝဝဝ)ပြား(ဆေးပြား ၁ ပြားလျှင် ၂ဝဝ ကျပ်နှုန်းဖြင့် စုစုပေါင်း
တန်ဖိုး ငွေကျပ် ၁,ဝ၃၆ သိန်း) ယာဉ်ပေါ်ပါ ဆာလာအိတ်(၂)အိတ်အတွင်းမှ အက်ဖီဒရင်းနှင့် ဆူဒိုအက်ဖီဒရင်း ဆေးပြားစုစုပေါင်း ၆၁၈ဝဝဝ ပြား၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၁,၆၈၁သိန်း နှင့် ၄င်းတို့ကိုင်ဆောင်သော လက်ကိုင်ဖုန်း(၂)လုံး တို့အား သိမ်းဆည်း ရမိခဲ့သည်။

၁၄၃ဝ အချိန် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ဆမ်ခွက်နှင့် အိုက်ရုန်းတို့အား လားရှိုးအမှတ်(၁) ရဲစခန်းမယ(ပ)၂၂၁/၁၂ မူး/စိတ် ပုဒ်မ ၁၅/၁၆(ခ)/၂၁(ဆေးသုံးစွဲမှု/ လက်ဝယ်-သယ်ယူ-ဖြန့်ဖြူး-ရောင်းချမှု/ အားထုတ်ပူးပေါင်းကြံစည်မှု)ဖြင့် တရားခံဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Myanmar Police Force

No comments:

Post a Comment