Wednesday, November 14, 2012

မီးလောင်နိုင်သည့် ပြဿနာ ဖြစ်ပေါ်နိုင်သဖြင့် Toyota မော်တော်ကား ၂ သန်းကျော် ပြန်လည်သိမ်းဆည်းမည်

 
ဂျပန်မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီ Toyota က ကမ္ဘာတစ် ဝန်း ရောင်းချထားသော ကားအစီးရေ ၂ ဒသမ ၇၇ သန်းကို စတီယာ ရင်နှင့် ရေပန့်ဆိုင်ရာ ချွို့ယွင်းမှုကြောင့် ပြန်လည် သိမ်းဆည်း သွား မည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။ ယခုပြဿနာကြောင့် ကားမတော်တဆဖြစ်မှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိသေးကြောင်း၊ သို့သော် စတီယာရင်နှင့် ရေပန့်ဆိုင်ရာ ချွို့ယွင်းချက်အပေါ် ကားပိုင်ရှင်များထံမှ အကြောင်းကြားစာ ၄၀၀ ခန့် လက်ခံရရှိခဲ့ကြောင်း Toyota ကဆိုသည်။

Toyota သည် ပြီးခဲ့သည့် လအတွင်းကလည်း ၎င်း၏နာမည်ကြီး Camry နှင့် Corolla ကားအမျိုးအစားများ အပါအဝင် ကားအစီးရေ ၇ ဒသမ ၄၃ သန်းကို power window စနစ် ချွို့ယွင်းမှုကြောင့် မီးလောင်နိုင်သည့် ပြဿနာ ဖြစ်ပေါ်နိုင်သဖြင့် ကမ္ဘာတစ်ဝန်းမှ ပြန်လည် သိမ်းဆည်မည်ဟု ကြေညာခဲ့ရသေးသည်။ လက်ရှိတွင် Toyota ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး ဗုဒ္ဓဟူးနေ့တွင် ၀ ဒသမ ၈၁ ရာခိုင်နှုန်း ကျဆင်းကာ ရှယ်ယာတစ်ခုလျှင် ၃,၀၆၀ ယန်းဖြစ်ကြောင်း သိရသည်။ Toyota ကဲ့သို့ပင် ၎င်း၏ပြိုင်ဘက် Honda နှင့် Nissan တို့ကလည်း ၎င်းတို့၏ ကားများကို ပြန်လည် သိမ်းဆည်မည်ဟု ယမန်နှစ်အတွင်းက ကြေညာခဲ့သည်။

Photo From : Planet Myanmar Network

No comments:

Post a Comment