Tuesday, November 13, 2012

လုပ်သား ၁၁ ဦး ပိတ်မိသည့် သတင်းမှာ အမှန်မဟုတ်ကြောင်း သတင်းဖော်ပြ


နိုဝင်ဘာလ ၁၁ ရက်နေ့က ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် သပိတ် ကျင်းမြို့နယ်အတွင်းရှိ ရွှေတွင်း လုပ်ကွက်များအတွင်း ပိတ်မိခြင်း၊ သေဆုံး ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်ခဲ့ခြင်း မရှိခဲ့ကြောင်း သပိတ်ကျင်းဒေသခံများက Eleven Media Group သို့ ပြောကြားခဲ့သည်။


နိုဝင်ဘာလ ၁၃ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင်လည်း ငလျင်ကြောင့် စဥ့်ကူးမြို့နယ်အတွင်း ရွှေတွင်းပြိုကျပြီး လုပ်သား ၁၁ ဦး ပိတ်မိသည့် သတင်းမှာ အမှန်မဟုတ်ကြောင်း သတင်းဖော်ပြခဲ့ပါသည်။ သို့သော် နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင်မူ မြေငလျင်ဒဏ်ကြောင့် စဥ့်ကူးမြို့နယ်အတွင်းရှိ ရွှေတွင်းနှစ်တွင်းအတွင်း ပိတ်မိခဲ့သော လုပ်သား ၂၀ ဦးမှာ လေးနာရီကြာ ပိတ်မိနေရာမှ ပြန်လည် လွတ်မြောက်လာကြောင်း  သတင်းဖော်ပြခဲ့ပါသည်။

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း နိုဝင်ဘာလ ၁၁ ရက်နေ့က ငလျင်လှုပ်ခတ်မှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက်ကြီးနှစ်ခုဖြစ်သော ကဘဲ့ရပ်ကွက်နှင့် ဆိပ်ကမ်းရပ်ကွက်တို့တွင် အိမ်ခြေ ၁၀၂ လုံး ပြိုကျပျက်စီး အက်ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ပြီး  ၃၅ ဦး ဒဏ်ရာ ရရှိခဲ့ကာ သုံးဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ သပိတ်ကျင်းမြို့ပေါ်တွင် အသေးစား ငလျင်အကြိမ်ရေ ၂၀ ကျော် ဆက်လက် လှုပ်ခတ်ခဲ့ခြင်းကြောင့် မြို့ပေါ်ရှိ အန္တရာယ်ဖြစ်ပေါ်နိုင်မှု နည်းပါးသော ဘောလုံးကွင်း အတွင်း ပြောင်းရွှေ့ခဲ့ကြသည်။သပိတ်ကျင်းမြို့နယ်ဝန်းကျင်တွင် ရွှေလုပ်ကွက်များ အများအပြား ရှိသော်လည်း ငလျင်လှုပ်ခတ်သည့်အချိန်က အဆိုပါ ရွှေလုပ်ကွက်များတွင် နေ့ဆိုင်း ညဆိုင်း လုပ်သားများ တာဝန်ကူး ပြောင်းချိန် ဖြစ်သောကြောင့် ရွှေတွင်း လုပ်ကွက်များအတွင်း ပိတ်မိနေခြင်း၊ သေဆုံးဒဏ်ရာရခြင်းများ ဖြစ်ပေါ်မှုမရှိခဲ့ကြောင်း ဒေသခံများက ပြောကြားပါသည်။

Eleven 

No comments:

Post a Comment