Thursday, November 15, 2012

အာဏာပိုင်တွေ တိုင်ကြားတာကို အရေးမယူတာ ဘာကြောင့်လဲ? ပဋိပက္ခတွေ ထပ်ဖြစ်အောင် ဖန်တီးနေတာလား?



ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ရခိုင်အမျိုးသားပိုင် ဟင်းခင်းများအား မသမာသူများမှ ကျူးကျော် ၀င်ရောက်ပြီး ဖျက်ဆီးမူများ ပြုလုပ်နေသည်ကို သက်ဆိုင်ရာ ရဲဌာနသို့ အကြိမ်ကြိမ် တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။“ ကျွန်မကတော့ အာဏာပိုင်တွေကို မေးချင်ပါတယ်။ တိုင်ကြားတာကို အရေးမယူတာက
ဘာကြောင့်လဲ? ပဋိပက္ခတွေ ထပ်ဖြစ်အောင် ဖန်တီနေတာလား? လို့ဘဲ မေးချင်ပါတယ်” ဟု မြောက်ဦးမြို့ နယ် လောင်ကြတ် တောင်ေ မ်ာကျေးရွာက အမျိုးသမီး တစ်ဦးက ပြောသည်။

ပဋိပက္ခ ထပ်ဖြစ် ရန် လိုလားနေသူများသည် ရန်စသည့် အနေဖြင့်  ဒေသခံ ရခိုင်များပိုင်ဆိုင်သည့် စပါးခင်းများ၊ ဟင်းခင်းများကို ညအချိန်ဝင် ရောက် ဖျက်ဆီးမှုများရှိနေပြီး  ကျွဲ၊ နွားများကိုလည်း ခိုးယူမှုများ ရှိနေသဖြင့် အကြိမ်ကြိမ် ကျေးရွာ အုပ်ချုပ်မှူးမှ တဆင့် ရဲစခန်းသို့ တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိဟု သူမက ဆိုသည်။
“ ဒီမှာကရခိုင်တွေရဲ့ စပါးခင်းတွေ၊ ဟင်းခင်းတွေဖျက်ဆီးခံနေရပါတယ်။ ကျမတို့ လောင်းကြတ် တောင်မော်မှာ ခရမ်းပင်တွေ၊ မုံလာပင်တွေ အကုန်လုံးကို နှုတ်ပစ်ခဲ့တယ်။ ညကျတော့လည်း ကြောက် လို့ စောင့်မအိပ်ရဲဘူး။ ပေါင်းတုတ် ချောင်းကမ်းပါးမှာရှိတဲ့ ဟင်းခင်းတွေအကုန်လုံး ဖျက်ဆီးခံရနေရ ပါတယ်။  အစ်မ၀င်းသာခိုင်တို့အခင်းမှာဆို လုံးဝအပင်မရှိတော့ဘူး။ လုပ်နေတာက မွတ်ဆလင်တွေ  ဖြစ်ပါတယ်” ဟု  အမျိုးသမီးက ဆက်ပြောသည်။
ယခုကဲ့သို့ ဟင်းခင်းများ ဖျက်ဆီးခံနေရသည့် ကျေးရွာများမှာ သူဌေးကုန်း၊ ဇေယျဝတီ၊ လောင်း ကြတ် တောင်မော်နှင့် ပန်းပင် ကျေးရွာမှ ဖြစ်ကြသည်။
ယခုကဲ့သို့ ဟင်းခင်းများ ဖျက်ဆီးခံနေရသဖြင့်  ယနေ့တွင် ရခိုင် ကျေးရွာသားများ အစည်းအဝေး ပြုလုပ်ရန် စီစဉ်နေကြောင်းလည်း အဆိုပါ အမျိုးသမီးကပြောသည်။
“ အခုက ရွာသားတွေ အစည်းအဝေးလုပ်ကြမယ်။ အစည်းအဝေးကနေ လက်တုန့်ပြန်မယ်လို့ ဆုံးဖြတ်ကြရင် နောက်ထပ် ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့ကတော့ အရမ်းကို စိုးရိမ်နေကြပါတယ်” ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး မြောက်ဦးရဲစခန်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲတဦးက ယခုလို ပြောသည်။
“ စခန်းမှူးအပြင်ကို သွားပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ ကျွန်တော်တို့မကြားသေးပါဘူး။ တွေ့ကရာ လျှောက်ပြောနေကြတာပါ”  ဟု ဆိုသည်။
နိုဝင်ဘာလ ၈ ရက်နေ့ကလည်း စစ်တွေမြို့နယ် ဒေါင်းပြောက်ကျေးရွာမှ ရွာသား တစ်ဦးပိုင်ဆိုင်သည့် နွားသုံးကောင်ကို သက်ကေပြင် နွားသတ်ရုံတွင်တွေ့ရှိရပြီး နွားပိုင်ရှင်မှ ကျပ်ငွေ ၇ သောင်းပေးပြီးမှ မွတ်ဆလင် နွားခိုးသူများက နွားများကို ပြန်ပေးခဲ့ကြောင်းသိရသည်။
ယခုကဲ့သို့ ဥပဒေမဲ့ ပြုလုပ် ကျူးလွန်နေသူများကို အချိန်မှီ မတားဆီးပါက ရခိုင်ပြည်နယ်တွင် တတိယ အကြိမ် ပဋိပက္ခဖြစ်လာ နိုင်ကြောင်း ရတပ ပါတီ ပြည်နယ်လွတ်တော်အမတ် ဦးအောင်မြကျော်ကပြောသည်။
“ အစိုးရအနေနဲ့ ဒီလိုကိစ္စတွေကို ပြတ်ပြတ်သားသား ဥပဒေအရ အရေးမယူရင် တတိယအကြိမ် မြောက် ဆူပူ အကြမ်းဖက် တိုက်ခိုက်မူတွေ သေချာပေါက် ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ ယူဆတယ်”  ဟု ဆိုသည်။
မြန်မာနိုင်ငံမှ ခေါင်းဆောင်များ နိုင်ငံတကာသို့ သွားရောက်ချိန်(သို့မဟုတ်) နိုင်ငံခြား မှ ခေါင်းဆောင်များမြန်မာနိုင်ငံသို့ လာရောက်ချိန်များတွင် အချိန်နှင့်ကိုက်ပြီး တစ်ဘက်မှ ယခုကဲ့သို့ လှုံဆော်မှုများပြုလုပ်လေ့ရှိကြောင်း ဦးအောင်မြကျော်က ဆက်ပြောသည်။
“ပထမ တစ်ကြိမ်တုန်းကလည်း ဒီလိုလှုံဆော်တယ်။ ဒုတိယတစ်ကြိမ်တုန်းကလည်း မြန်မာနိုင်ငံကို လူကြီးတွေလာတဲ့ အချိန်တွေမှာ အချိန်ကိုက် လှုပ်ရှားမှုတွေ၊ မုဒိန်းကျင့်မှုတွေ၊ သတ်ဖြတ်မှုတွေ လုပ်ပြီး လှုံဆော်ခဲ့တယ်။ အခုလည်း သမ္မတ အိုဘားမားလာမယ့် အချိန်မှာ လှုံဆော်မှုတွေ တိုးဖြစ် လာတယ်။ ဒီဒေသက ဒေသခံတွေ သည်းမခံနိုင်လို့ ပေါက်ကွဲသွားပြီး တစ်ခုခုဖြစ်သွား ရင် ဒေသ ခံတွေကို အပုတ် ချချင်တဲ့သဘောနဲ့ သမ္မတ အိုဘားမားရောက်တဲ့အချိန်နဲ့ တိုက်တိုက် ဆိုင်ဆိုင် လုပ်ဖို့အတွက် ဒီလို လှုံဆော်မှုတွေဖြစ်နေတယ်လို့ ကျွန်တော်တို့မြင်တယ်” ဟု ဆိုသည်။
မကြာသေးမီရက်ပိုင်းကလည်း မင်းပြားမြို့နယ် အိုးပျံတောင်မှ လယ်သမားတဦးတွင် ရိတ်သိမ်းထား သည့်  ကောက်လှိုင်းစည်း ၂၀၀ နီးပါး မီးလျှို့ခံရပြီး မြောက်ဦးမြို့နယ် ရှောက်ပုံကျွန်းရွာ၊ ပန်းမော်ရွာ နှင့် သရီကုန်ပေါင်းကျေးရွာမှ လယ်သမားများပိုင်ဆိုင်သည့် စပါးခင်းများမှာလည်း ညဥ့်အချိန်တွင် ဖျက်ဆီး ခံခဲ့ရသည်။
ဒုတိယ အကြိမ် တကျော့ပြန် ဆူပူ တိုက်ခိုက်မူများ မဖြစ်ပေါ်မီ ယခုကဲ့သို့ ရန်စမူများ၊ လုံ့ဆော်မူ များ ပေါ်ပေါက်ခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များမှ တစ်စုံတစ်ရာ အရေးယူမဆောင်ရွက်ခဲ့သဖြင့် နောက်ပိုင်းတွင် ထိန်းမနိုင် သိမ်းမရ အခြေအနေသို့ ရောက်ရှိခဲ့ပြီး လူပေါင်း ၁၀၀ နီးပါးခန့် သေဆုံးကာ အိမ်ပေါင်း ၅၀၀၀ ကျော် မီးရှို့ခံခဲ့ရသည်။

နိရဉ္စရာ - သတင်းဌာန


1 comment:

  1. ကုလားနှုတ်ပါတယ်လို့မြင်တဲ့သူမရှိ။ ရခိုင်ကနှုတ်၊ ရခိုင်ကပြဿနာရှာ၊ ကောင်းပါလေရော့။ တကယ်တော့ ငါဟာ ကုလားမဟုတ်ပါ။ အဖြစ်အပျက်တွေကို စဉ်ဆက်မပြတ်လေ့လာနေသူပါ။ အဲဒီလိုလေ့လာရင်း ပြဿနာကို မီးထွန်းရှာတဲ့သူတွေဟာ ရခိုင်တွေဆိုတာမြင်လာရတယ်။

    ReplyDelete