Wednesday, November 14, 2012
"ရခိုင်ပြည်နယ်မှာ တိတိကျကျ လုပ်ချင်သလား"
ယခုတလော ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်ပွါးခြင်းများနဲ့  ပါတ်သက်၍ လုံခြုံရေး တိုးမြှင့်ချထားခြင်းများ ၊  သန်ခေါင်စာရင်းကောက်ယူခြင်းများ ၊ လူမျိုးအ မည် များထည့်သွင်းခြင်းများတို့ ကို ကြားသိရသည်။ရုန်းရင်းဆတ် ခတ်ပြ သ နာ များနှင့် မီးရို့ မှုများတို့ ကိုလည်း မကြားရသောကြောင့်စိတ်ချမ်း
သာရပါသည် ။ သို့ သော် ပေါက်တောမြို့ နယ်တွင် သားအဖနှစ်ဦးကို
 လုပ်သေနတ်ဖြင့် ပစ်ခတ်သောအမှုတခုကို စိတ်မကောင်းစွာဖြင့် ကြားလိုက်
ရသေးသည် ။ 
ပင်လယ်ပြင်ထဲမှာ ပစ်ခတ်သောကြောင့် ကုန်းပေါ်ရှိ လုံခြုံရေးအဖွဲ့ များက မည်သို့ 
မှ အကာအကွယ် မပေးနိုင်ခြင်းကိုလည်း နားလည်မိသည် ။
   ရခိုင်ပြည်နယ်တွင် စင်စစ်အားဖြင့် အကြမ်းဖက်တိုက်ခိုက်သော သူများမှာ ရခိုင်
လူမျိုးများ မဟုတ်ကြောင်း သိရှိပြီးဖြစ်သည် ။ ဘင်္ဂလီကုလား လူမျိုးတို့ ကသာ အကြမ်း
ဖက် တိုက်ခိုက်ခြင်းဖြစ်ရာ ဤမျှအထိ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေက အထိ
နာဖြစ်ပွါးရခြင်းဖြစ်သည် ။ 
အကယ်၍ ကုလားလူမျိုးတို့ ကသာ သေဆုံးသူတွေ မီးရို့ ခံရမှုတွေ အမှန်တ
ကယ်ဖြစ်ကြရပြီဆိုလျှင် ယခုလို ငြိမ်သက်နေမည်မဟုတ် ။ ယခုထက်ပို၍ အော်ကြ 
ငိုကြ လိမ်ချင်တိုင်းလိမ် ညာချင်တိုင်းညာ ပြောမဆုံးပေါင် တောသုံးတောင်ရှိနေကြ
လိမ့်မည်ဖြစ်သည် ။
 ဤသည်ကိုပင် နိုင်ငံတကာရှိ သံရုံး -၁၁-ရုံးမှာ တာဝန်ခံရှိ လူများက ရခိုင်ဒုက္ခသည်
များကို ကူညီရန် လာချင်သေးသည်ဆိုပြီး လက်မှတ်ထိုးကာ သမ္မတဦးသိန်းစိန်
အစိုးရကို တောင်းဆိုလိုက်သည်ဟု သိရသည် ။ 
 ရှင်းရှင်းလင်းလင်း ပြောရလျှင် ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံ
တကာမှ အကူအညီပေးလိုလျှင် ယခုကဲ့ သို့  သံရုံးတွေ စုပေါင်းပြီး တောင်းခံစရာမလို ။
 ခေတ်တွေပြောင်းလို့  စနစ်သစ်ကို တက်လှမ်းနေချိန်မှာ သမ္မတဦးသိန်းစိန်အစိုးရက
 နိုင်ငံတကာကို တံခါးဖွင့်ပေးထားပြီးဖြစ်သည် ။ သို့ သော် ယခုကဲ့ သို့  သံရုံး-၁၁-ရုံးက
 အခြားသောနိုင်ငံများမှ တောင်းဆိုခြင်းမှာ ပြသနာမရှိလှသော်လည်း တူရကီနိုင်ငံ-အီဂျစ်နိုင်ငံတို့ ပါလာသောကြောင့် သတိထားရမည့်ပြသနာဖြစ်လာသည် ။
 အကြောင်းမှာသူတို့ သည်ပထမအကြိမ်ရခိုင်ပြည်နယ် ဖြစ်စဉ်၌ သေသေချာချာ
အလှူပစ္စည်းများ၌ သမ္မတ ဦးသိန်းစိန်ပြောဆိုထားသော မရှိသည့် လူမျိုးနာမည်ကို 
လှို့ ဝှက်ရေးသားကာ အလှူပစ္စည်းများ ပေးအပ်ခဲ့ ကြသူများဖြစ်သည် ။ 
ထို့ ကြောင့် တူရကီနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့ သည် သူတို့ အား မြန်မာနိုင်ငံပြည်သူ
များက လက်မခံတော့ကြောင်းကို သိရှိထားပြီးဖြစ်သည် ။
 လက်ခံအောင် ယခုကဲ့ သို့ အခြားနိုင်ငံများနှင့် အတူတကွ စုပေါင်းလှူဒန်းမည်
လိုလို တကယ့်စိတ်ရင်းစေတနာ ရှိနေသလိုလို မြန်မာနိုင်ငံအစိုးရကဘဲ လူသား
ချင်းစာနာထောက်ထားရေး ဆိုသည့် အချက်အလက်များကို ပိတ်ပင်ထားသလိုလို စုပေါင်းလက်မှတ်ထိုး တောင်းဆိုသည်ဆိုခြင်းမှာ အစိုးရကို နှပ်ပစ်ခြင်းဖြစ်သည် ။
ယခုအချိန်မှာ လူသားချင်း ထောက်ထားရေးအတွက် ကူညီထောက်ပံ့မှုများကို 
လက်ခံသည်ဆိုသော်လည်း ကလိမ်ကကျစ် နှင့် လာသောသူများကိုတော့ 
စိန်ထုပ်ကြီးနှင့် လာသည်ဆိုလျှင်ပင် လက်သင့်ခံရလိမ့်မည်မဟုတ် ။ 
  တချိန်တည်းမှာ ဘင်္ဂလီကုလားတို့ နှင့် ပြသနာတက်နေချိန်မှာ မည်သည့်အဖွဲ့ 
 ပြုထားရန်လည်းလိုသည် ။ 
ရခိုင်ပြည်နယ်ပေါက်တောမြို့ နယ်တွင် လူမျိုးအမည်များ၌ မြန်မာနိုင်ငံမှာ အသိ
အမှတ်မပြုထားသော လူမျိုးနာမည်ကို ကုလားတို့ က ထည့်သွင်းပေးရန် တောင်း
ဆိုကြသည်ဟု သိရှိရသည် ။ 
၎င်းမှာ သမ္မတဦးသိန်းစိန်ကို သေသေချာချာ အာခံသောပြသနာဖြစ်သည် ။ 
ယင်းကဲ့ သို့  လူမျိုးအမည်ထည့်ပေးရန် တောင်းဆိုနေသော မြို့ နယ်ကို -AZG - မှ ဆေးဝါးကူညီထောက်ပံ့ရန် သွားမည်ဆိုပြီး မနက်ဖြန်သွားရောက်ကြမည်ကို
 ကြားရသည် ။ 
ဤကဲ့ သို့ သာ ပေါက်တောမြို့ နယ်သို့  သွားရောက်ကြမည်ဆိုပါက စစ်တွေမြို့ မှ
 ရခိုင်များက ဆန္ဒပြကန့် ကွက်ကြကြမည်ဟုလည်း ကြားရသည် ။
 ပေါက်တောမြို့ နယ်တွင် သန်ခေါင်စာရင်း ကောက်ယူခြင်း၌ ပြသနာဖြစ်နေခြင်း
ကို မီးလောင်ရာလေပင့်သကဲ့ သို့  ဖြစ်လာမည့်အရေးအား ရှောင်ရှားနိုင်စေရန် 
သက်ဆိုင်ရာမှ လုံးဝသတိထား ကိုင်တွယ်ရန်လိုသည် ။ 
သို့ အတွက် ၄င်းအဖွဲ့ အား ယခုအချိန်မှာ လုံးဝမစေလွှတ်သင့်ဟု ပြောချင်သည် ။။
 ရခိုင်ပြည်နယ် ပဋိပက္ခများကို ငြိမ်းချမ်းစေရေးအတွက် ယခုအချိန်မှာ လုံခြုံရေး
အင်အားစုများမှာ အကွက်စေ့ ချထားသည်ကို တွေ့ ရသည် ။ 
သို့ သော် ရခိုင်လူမျိုးများက တုတ် ၊ဒါး ၊ လှံ ၊ စသည်တို့ ကို သိမ်းဆည်းသော်လည်း 
ဘင်္ဂလီကုလားတို့ ထံမှ မသိမ်းဆည်းဟု ကြားရသည် ။ ထို့ ကြောင့် ဘင်္ဂလီကုလား
တို့ ထံမှလည်း တိတိကျကျ လက်နက်များကို သိမ်းဆည်းဖို့ လိုသည် ။
 အကယ်၍ ရခိုင်လူမျိုးတို့ လက်ထဲတွင် မည့်သည့် အကာအကွာ်ကိုမျှ မပေးနိုင်သော 
အခြေအနေကို သိရှိ၍ ဘင်္ဂလီကုလား အကြမ်းဖက်သမားအုပ်စုတို့ က တိုက်ခိုက်
ဖျက်ဆီး လူသတ် ပဋိပက္ခဖန်တီးလားလျှင် လုံခြုံရေးအင်အားစုများဖြစ်သော
 စစ်တပ်နှင့် ရဲတို့ မှ စိတ်ချရသော လုံခြုံရေးကို ဖန်တီးပေးဖို့ လိုသည် ။
 သို့ မှသာ ကံဆိုးသော ရခိုင်လူမျိုးတို့ မှာ စားကောင်းခြင်း အိပ်ကောင်းခြင်းဆိုသော  
 အခြေအနေများကို ရရှိနိုင်ကြမည်ဖြစ်သည် ။ 
မည်သို့ ပင်ဆိုစေ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများကို ငြိမ်းချမ်းစွာ အဖြေရှာနေကြချိန်တွင် လုံခြုံရေးအဖွဲ့ အစည်းများ၏ စော်ကားမော်ကား ဆက်ဆံခြင်းများနှင့် ယိုးမယ်ဖွဲ့ 
အပြစ်ရှာခြင်းများကိုလည်း ကြားသိနေရရာ နောင်ကို မကြားချင် မမြင်ချင် 
မလိုလားချင် ။ 
ရခိုင်ပြည်နယ်မှာ တိတိကျကျ လုပ်ချင်ကြလျှင် တရားဥပဒေစိုးမိုးရေးကို ရှေးရှူပြီး ထိမ်းထိမ်းသိမ်းသိမ်းသာ ပြုလုပ်ပေးစေလိုလှပါသည် ။
ကျော်ခဏ်းနွယ်
1 comment:
  1. ရခိုင်နဲ့မြွေပွေးအတူတွေ့ရင် ရခိုင်ကိုအရင်သတ်လို့ ဘာဖြစ်လို့ စကားဖြစ်ခဲ့ရတာလဲ။
    အခု ဘာဖြစ်လို့ ရခိုင်လက်နက်တွေကို လိုက်သိမ်းနေရတာလဲ။
    တကယ်တော့ ဒီပြဿနာကိုမကြီးကြီးအောင်လုပ်ခဲ့တာ ရခိုင်တွေနဲ့ ရခိုင်ပါတီတွေပဲဆိုတာ ရှင်းလွန်းပါသည်။
    ReplyDelete