Wednesday, November 14, 2012

သေကြောင်းကြံမှု ယခင်နှစ်များထက် ပိုများလာ (အင်တာဗျူး) ဒုရဲမှူးကြီးသက်လွင်

ဒီနှစ်အတွင်းရန်ကုန်မှာမှုခင်းဖစ်ပွားမှုနှုန်းအခြေအနေကဘယ်လိုရှိပါ သလဲ။
အခု ၂ဝ၁၂ ခုနှစ်ရဲ့ လက်ရှိအခြေအနေအရကို ပြောရရင် ၂ဝ၁၁ ခုနှစ်ထက် ကို၂၃၅ မှုလျော့နေ ပါသေးပါတယ်။ ဒါကြောင့် မှုခင်းဖြစ်ပွားမှုနှုန်း ကို ပြောရင် လျော့ နည်းသွားတယ်လို့ ဆိုနိုင်ပါတယ်။
ဘယ်လို အမှုတွေက ရန်ကုန်မှာ ပိုများနေပါသလဲ။
ဖြစ်ပွားမှုနှုန်း များလာတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ်သေကြောင်း ကြံစည်မှုတွေက အများဆုံးပဲ။ မနှစ်က ထက် ကို ၂၅ မှု ပိုလာနေပါတယ်။ များသောအားဖြင့် ကြိုးဆွဲ ချသေမှုေ ပါ့။ နောက်ပြီး တောနယ် ဘက်တွေ မှာ ပိုးသတ်ဆေး သောက်သေတာတွေလည်း များပါတယ်။
အင်မတန် ရက်စက်စွာသတ်တဲ့ လူသတ်မှုတွေ၊ အုပ်စုဖွဲ့ အနိုင်ကျင့်မှုတွေကို အစိုးရသစ် တက်ပြီး နောက် ပိုင်းမှာ ပိုပြီးတွေ့လာရတယ်။ အဲဒီလိုဖြစ်လာခြင်းအပေါ် ဘယ်လို နားလည်ထားပါသလဲ။
လူသတ်တယ်ဆိုတာကတော့ အင်မတန် ရက်စက်လို့ သတ်တာပေါ့။ လူသတ်တယ်ဆိုတာက သိမ်မွေ့ပြီး ဘာသာ တရား ကိုင်းရှိုင်းနေ ရင် သတ်စရာအကြောင်း မရှိဘူးလေ။ ဘယ်လိုလူသတ်မှုမျိုးမဆို ရက်စက် တာ ပဲ။ နောက်ပြီး လူသတ်မှု အနေအထားတွေကတော့ အစိုးရသစ်လက်ထက်မှာ မီဒီယာတွေ ပွင့်လင်း လာတဲ့ အတွက်ကြောင့်၊ အဲဒီအတွက်ကြောင့်၊ အရင်တုန်းက ဘယ်သူမှ သိပ်မဖော်ရဲကြဘူး။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကထုတ်တဲ့ မှုခင်းဂျာနယ်တို့၊ မှုခင်းမဂ္ဂဇင်းတို့၊ မှုခင်းရှုထောင့် တို့တောင် ကိန်းဂဏန်းနဲ့ မပြောကြ ဘူး။ ဖြစ်တယ်၊ ဖြစ်ခဲ့တယ်ဆိုတာမျိုးလောက်ပဲ ပြကြတယ်။ ရှင်းရှင်းပြောရရင် လူသတ် မှုတွေ က ဖြစ်နေ တာပဲ။ ဖြစ်ရတဲ့အကြောင်း ကတော့ ဒေါသကြောင့် ပိုများတယ်။ အရက်ကြောင့် ဖြစ်လာတဲ့ ရုတ်တရက်ေ ဒါသကြောင့် များတယ်။ ရန်ငြိုးကြောင့် သတ်တာရှားပါတယ်။ ပစ္စည်းရလိုမှုနဲ့ သတ်တာ လည်း နည်းတယ်။
ဒီမှာ အခုဖြစ်နေတဲ့ အုပ်စုဖွဲ့ ဖြစ်တာတွေ၊ ဒါတွေကတော့ ဒီမို ကရေစီနိုင်ငံတွေမှာ ရှိနေတဲ့ဟာ တွေပါ။ ထိုင်း တို့ ဘာတို့မှာလည်း ရှိနေတာပဲလေ။ အခု ဒီမှာ စတွေ့ နေပြီ။ နောင်လည်းဖြစ်မှာပဲ။ ပိုများ လာနိုင် တာ ပဲ။ ရှင်းရှင်းပြောရရင် ပိုက်ဆံရှိတဲ့သူက လူမိုက်ငှားမယ်။ ကိုယ်ရံတော်ငှားမယ်။ ဆိုလိုတာက အမေရိ ကန်တောင်မှ နာမည်ကြီး အဆိုတော်တွေက ငှားထားတာပဲ။ ဒီမှာလည်း ရှင်းရှင်းပြောရရင် ငှားလို့ ရနေပြီ ပဲ။ Security Service တွေ ရှိနေပြီ။ နောက်ပိုင်းဒါတွေ မဖြစ်လာအောင်တော့ တို့တွေက ကြိုးစားနေတာပဲ။ ညတွေမှာ ကားတွေ စစ်ဆေးတယ်ဆိုတာကလည်း လက်နက်တွေ ပါ/မပါ စစ်ဆေးနေ တာပါပဲ။ နံပါတ် တစ် ကတော့ လက်နက်မဆောင် ရဘူး။ လက်နက် မဆောင်ရတော့ လက်သီးနဲ့ထိုးတယ်။ အဲဒါလောက် ကတော့ သေလောက်တဲ့ ဒဏ်ရာနည်းတယ်။ လက်နက်တွေမပါရင် လူတစ်ယောက်ကို သတ်ဖို့ ဆိုတာ မဖြစ်နိုင် တော့ဘူး။ ဒီလိုတွေ လုပ်နေပါ တယ်။
စီမံချက်ချပြီး လုပ်တာမျိုးတွေရော ရှိလား။
လက်နက်ရှာဖွေတဲ့ ကိစ္စတွေကို ထုတ်မပြောတာသာရှိတာ တောက်လျှောက် လုပ်နေတာ။ နောက်ပြီး ကြိုတင် ကာကွယ်မှုအနေနဲ့က ၁ဝ မျိုး ရှိတာပေါ့။ ဆင်ဆာမဲ့ ဗီဒီယိုတွေ ပါပါလာ တယ်။ နှစ် စဉ် သောင်း နဲ့ချီပြီးဖမ်းတာ နှစ်စဉ် နှစ်သောင်း၊ သုံးသောင်းလောက် ရှိတယ်။ ကြိုတင် ကာကွယ်တဲ့အနေနဲ့ ရဲက ဖမ်းဆီးပိုင်ခွင့်ရှိတယ်။ ဒီနေရာမှာ ပြည်သူတွေရဲ့ သတင်းပေးမှုက ပါဖို့လိုတယ်။ ဒါမှ မှုခင်းတွေကို တားဆီး ကာ ကွယ်နိုင်မယ်။ အဓိက ကတော့ ဒီအချက်ပဲလိုတယ်။
ဒါဆို အမှုအခင်းတွေ ဖြစ်ပွားမှုတွေ အပေါ်မှာ ရဲတပ်ဖွဲ့ရဲ့ ဆောင် ရွက်မယ့် အနေအထားကိုရော ရှင်းပြပေး ပါ။
ဥပဒေဆိုတာ တစ်ဦးတစ်ယောက်တည်းအတွက် ထုတ်တာမဟုတ်ဘဲ အားလုံးအတွက်ကြေညာပြီး ထုတ်ပြန် ထား တာပဲ။ ဒါပေမဲ့ ဥပဒေကို မသိကြဘူးဆိုတဲ့ သူတွေ များတယ်။ ဘယ်သူ၊ ဘယ်ဝါရဲ့ သား သမီး ဆိုတာကြောင့် ဥပဒေအရ အရေးမယူတာမျိုး မရှိပါဘူး။ ကျောသားရင်သား မခွဲခြား ဘဲ ဆောင်ရွက် သွားမှာပါ။
မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ် ယူမှုဟာ တော်တော်လေး အမြစ်တွယ်နေပါတယ်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အနေနဲ့ရော၊ ရန်ကုန်ရဲတွေကြား လာဘ်စားမှု တိုက်ဖျက်ရေး အတွက် ဘယ်လိုတွေဆောင် ရွက်ခဲ့၊ ဆောင် ရွက်နေပါသလဲ။
လာဘ်ပေးလာဘ်ယူကတော့ တော်တော် အမြစ်တွယ်နေပြီ။ သမ္မတကြီး ကိုယ်တိုင်က ပြောနေပြီပဲ။ ရဲတပ်ဖွဲ့ကြောင့် တစ်ခုတည်းတော့ မဟုတ်ဘူး။ ပြည်သူတွေတိုင်တဲ့ ဟာတွေကို အရေးယူတယ်။ သမ္မ တကြီး တို့ ရဲချုပ်တို့ အကြီးအကဲတွေဆီကို တိုင်တဲ့ခါလည်း စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်တယ်။ စစ်ေ ဆးရေး အဖွဲ့တွေနဲ့ စစ်ဆေး ပြီး ပေါ်ပေါက်လာရင် သက်သေထင်ရှားရင် သက်သေခံ အကျဉ်း ချုပ်ရေး တယ်။ ရဲတရားရုံး ဖွဲ့တယ်။ ရဲစည်းကမ်း ဥပဒေအရ ဥက္ကဋ္ဌက ရဲချုပ်ကိုယ်စား ဦးစီးပြီး ရဲမှူး တစ်ယောက်၊ ဒုရဲမှူးနှစ်ယောက်နဲ့တရားရုံးအဖွဲ့ဝင်သုံးယောက်ဖွဲ့ပြီးလုပ်ထုံးလုပ်နည်းနဲ့အညီစစ်ဆေးပါ တယ်။ ပေါ်ပေါက် လာရင် ရဲချုပ်ထံတင်ပြရသေးတယ်။ ရဲချုပ်က အတည်ပြုလိုက် ရင် ပေးတဲ့ အတိုင်း ထောင်ချထုတ်ပယ်၊ ဆိုင်းငံ့ပြီး ရဲတွေကို အရေးယူပါတယ်။ ဒါမှမဟုတ် တည်ဆဲဥပဒေအရ ဖြစ်ပြီဆို နယ်ဘက် တရားရုံးတွေ မှာ ရင်ဆိုင်ခိုင်းတာမျိုး ဥပမာ တပ်ဖွဲ့ဝင်တစ်ဦးက မုဒိမ်းကျင့်တယ်လို့ အတိုင်ခံထားရရင် တို့က ရဲစည်း ကမ်းထိန်းသိမ်းရေး ဥပဒေအရ ရဲကနေ ထုတ်ပယ်လိုက်တယ်။ နယ်ဘက်တရားရုံးကို လွှဲပေးလိုက်တယ်။ ဒီလိုဆောင်ရွက်တာပါ။
ဒီလိုဆို ဒီနှစ်အတွင်း ရဲ ဘယ်နှယောက်များ အရေးယူခဲ့ပါသလဲ။
၂၂ ဦးပါ။ ငွေရေးကြေးရေးကိစ္စနဲ့ ပတ်သက်ပြီး အရေးယူထားပါတယ်။ အမှုသည်တွေ ဆီက တောင်းကြ တာပါ။ ကျွန်တော်တို့က တရားဥပဒေစိုးမိုးမှုကို လုပ်နေတာ ဖြစ် တဲ့အတွက် ဒီလို ဆောင်ရွက်တာ ပါ။
ရဲမှူးမြင့်ထွေး
ရဲမှူးမြင့်ထွေး
အခု လက်ရှိ လူစိတ်ဝင်စားနေတဲ့ အုပ်စုဖွဲ့ လူရိုက်မှုတွေနဲ့ ပြစ်မှု ကျူးလွန်သူတွေကို ရန်ကုန်ရဲက ကိုင် တွယ်နေ ပုံနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။
လတ်တလော အင်းလျားကန်ပေါင်မှာ ဖြစ်တဲ့ကိစ္စ ၁၄ ဦးဆို ၆ ဦး ဖမ်းမိပြီ။ ဆူးလေနားမှာ ကိုကျော်မိုးခိုင် ရဲ့ကားကို ဝိုင်းရိုက်တဲ့ လေးယောက် ဆိုလည်း အုပ်စုဖွဲ့ ဝိုင်းရိုက် တာပဲလေ။ အကုန်လုံး ဖမ်းမိပါပြီ။ စံရိပ်ငြိမ် မှာဖြစ်ပွားတဲ့ ကလပ်ကအပြန်မှာ ကောင်းမြတ်ပါရှစ်ဦးမှာ သုံးဦးဖမ်းမိပြီးပါပြီ။ ငါးဦးဆက်လက် ဖမ်းဆီးနေ ပါတယ်။ ကျန်ငါးဦး ကိုလည်း မိဘတွေကိုအပ်ဖို့ စည်းရုံးနေပါတယ်။ တစ်ဖက်ကလည်း သွား တတ် တဲ့နေရာတွေကို သက်ဆိုင်ရာ ခရိုင်မြို့ နယ်တွေနဲ့ ပူးပေါင်းပြီး လုပ်နေပါတယ်။ ဒါတွေ က လောလောဆယ် လူတွေ စိတ်ဝင်စားတဲ့ အမှုတွေပဲဖြစ်ပါတယ်။ အောင်ကောင်းသန့်တို့ဖြစ်တဲ့ ရဲကျော် သူသေတဲ့ ဗဟန်း နှင်းဆီကုန်းရှေ့ ဖြစ်တာ၊ လူကိုးယောက် သတ်တာပေါ့။ ကျား (၈)၊ မ (၁) အဲဒါတွေကို ဗဟန်း ရဲ စခန်းမှာ ဖမ်းမိထားပါတယ်။ မကြာခင်ပဲ အရေးယူတော့မှာပါ။
ဒီလိုမျိုး အရေးကိစ္စတွေကို ရှေ့ဆက်ပြီးဘယ်လို ကိုင်တွယ်သွားဖို့ရှိလဲ။
ရဲတပ်ဖွဲ့ အင်အားက ရန်ကုန်မှာ ၇ဝဝဝ ကျော်ရှိပါတယ်။ လူဦးရေက ၆ သန်းကျော် ၇ သန်းပဲရှိတော့ အချိုး ချလိုက် ရင် ၁ဝဝဝး၁ ပဲရှိပါတယ်။ လူတစ်ထောင်ကို ရဲ တစ်ယောက်ပဲ ရှိပါတယ်။ ပြည်သူလူထုက ရဲကို တရား ဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်နေတယ်လို့ အမြင်ရှိရပါမယ်။ နောက်ပြီး ပူးပေါင်းပါဝင်ပေးဖို့၊ လူထုက သတင်းပေးဖို့ ဒါတွေလိုပါတယ်။ နိုင်ငံသားတိုင်းလည်း တာဝန်ရှိပါတယ်။ ဝိုင်းဖမ်းပိုင်ခွင့် ရှိပါ တယ်။ အနီးစပ်ဆုံး ရိုက်နှက်နေကြပြီဆိုရင် သတင်းပေးဖို့ လိုပါတယ်။ ဒါတွေ က ဖွဲ့စည်းပုံ အခြေခံဥ ပဒေထဲမှာ ပါပါတယ်။
ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ဆို တာ ဘယ်လိုမျိုးပါလဲ။
တရားဥပဒေစိုးမိုးဖို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါမယ်။ နိုင်ငံသားတိုင်းက သေတော့မယ်၊ သတ်ေ တာ့ မယ်ဆိုရင် ဝိုင်းတားလို့ ရတယ်။ နိုင်ငံသားတိုင်း ဖမ်းဆီးပိုင် ခွင့်ရှိတယ်။ ကျင့်ထုံး ဥပဒေ မှာ ပြဋ္ဌာန်းထားတာရှိပါတယ်။ အနီးစပ်ဆုံး ရဲကို အပ်ရမှာပေါ့။ ရိုက်နှက်တာမျိုးတွေတော့ မလုပ်ရဘူး။ ဒီမှာ က ငါတို့ဖမ်းခွင့်ရှိတယ် ဆိုပြီး အုပ်စု ဖွဲ့ ရိုက်နှက်တာမျိုးတွေ ဖြစ်နေတယ်။ ဒါတော့ မှားတာပေါ့။ သူ့ဟာ သူ ခိုးတာက ခိုးတာပဲ။ အဲဒါကို ရိုက်ရင် ရိုက်တဲ့သူက တစ်မှုပဲ။ သတ်ရင် သတ်တာတစ်မှုပဲ။ ဒါကို ဆိုလိုချင် တာပါ။
နောက်ပြီး ရဲမှူးအနေနဲ့ တွေ့နေရ တဲ့ ရန်ကုန်က အမှုမျိုးတွေကို ပြောပြလို့ရမလား။
ရန်ကုန်မြို့မှာ ဖြစ်ကြတဲ့ လူသတ်မှုတွေက ခုနက ဒုရဲမှူးကြီး ပြောသလိုပဲ ဒေါသကြောင့်ပါ။ ညီအစ် ကို မောင်နှ မအရင်းတွေ ဖြစ်ကြတယ်။ သားအဖတွေ ဖြစ်တယ်။ လင်မယားတွေ ဖြစ်ကြတယ်။ ဒါတွေက ရန်ကုန် မှာ အဖြစ် အများဆုံး တွေ့နေရတဲ့ ဖြစ်စဉ်တွေပါ။ မှော်ဘီမှာ ဖြစ်ခဲ့တဲ့ သုံးလောင်းပြိုင်ဆိုရင် အစ်ကို က ညီကို သတ်တယ်။ အဖေ၊ အမေကို သတ်တယ်။ အဲဒီလိုမျိုးဖြစ်စဉ်တွေ ရန်ကုန် မှာ ဖြစ်နေ တာတွေမျိုးပါ။
အရေးယူနိုင်မှုအနေအထားကရော။
ဘယ်သူ့ကိုမှ မခွဲခြားဘူး။ ဥပမာ အုပ်စုဖွဲ့ကျူးလွန်သူဆိုရင် ပုဒ်မ ၃၂၆ နဲ့အမှုဖွင့်မှာပဲ။ တရားခံ ရှစ်ယောက် လုံး အတူတူခံရမယ်။ လျှော့ပေးတာ၊ လွှတ်ပေးတာမရှိဘူး။ ကျူးလွန်တဲ့အတိုင်း ခံရမယ်။ အားပေး ကူညီသူကိုလည်း ဒီအတိုင်းပါပဲ။ မျက်မြင်ရက်နဲ့ အားပေးတာကို ပုဒ်မ ၁ဝ၉ နဲ့ ဖွင့်ပါမယ်။ တစ်ယောက်တည်း ကျူးလွန်ရင် ၃၂၆၊ ၃၂၇ နဲ့ ဖွင့်မယ်။ အုပ်စုလိုက် ဆိုရင် ၁၁၄ ထဲပါသွားပြီး အားပေး ကူညီမှုဖြစ်ရင် ပြစ်ဒဏ်နဲ့ မူရင်းပုဒ်မရဲ့ ပြစ်ဒဏ်တွေကိုပါ ဒီလူခံရမှာပါ။
ref:popular

No comments:

Post a Comment