Thursday, November 22, 2012

လက်ပန်းတောင်းတောင် သပိတ်စခန်း ၄ ခုအထိ တိုးချဲ့ဖွင့်လိုက်ပြီ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြနေတဲ့ ဒေသခံတွေဟာ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ သပိတ်စခန်း (၄) ခုအထိဖွင့်ပြီး ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ဒီကနေ့ မှာတော့ လက် ပန်းတောင်းတောင်ခြေ သပိတ်စခန်းကနေ ညောင်ပင်ကြီး ရွာအထိ သံဃာတော်တွေနဲ့ ဒေသခံလူထု (၇၀၀)ကျော်ဟာ
လက်ပန်းတောင်းတောင် မပျောက်ကွယ်ရေးအတွက် လမ်းလျှောက် ဆန္ဒပြခဲ့ကြတယ်လို့ ဒီအရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာ၊သိပ္ပံ တက္ကသိုလ် ကျောင်းသားများအဖွဲ့မှ တာဝန်ခံ ကိုသောင်းထိုက်က ပြောပါတယ်။

လက်ပန်းတောင်းတောင်ခြေမှာ နိုဝင်ဘာလ (၁၇)ရက်နေ့က သပိတ်စခန်း(၂)ခု ဖွင့်လှစ်ထားရှိပြီး ဒီကနေ့မှာတော့ လက်ပန်းတောင်းတောင်ပေါ်မှာ နောက်ထပ် သပိတ်စခန်း(၂)ခု ထပ်မံဖွင့်လှစ်ခဲ့တာပါ။

တောင်ပေါ်က အသစ်ထပ်ဖွင့်တဲ့ သပိတ်စခန်း(၂)ခုကို စားစရာတွေ ပို့ခွင့်မရဘဲ ဒေသခံအာဏာပိုင်တွေက လမ်းမှာ တားဆီးဟန့်တားတာတွေရှိတယ်လို့ သိရပါတယ်။ ဒီအရေးကို နေ့ရောညပါ ဆန္ဒပြနေကြပေမယ့် ဦးပိုင် ကုမ္ပဏီဘက်က အခုထက်ထိ ဖြေရှင်းဆောင်ရွက်ပေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
Ref: RFA (မြန်မာပိုင်း) 
Photo: ဒီနေ့ (နိုင် ၂၂) ညနေပိုင်အချိန်လေးမှာ လက်ပံတောင်းတောင် ဦးဆောင်သံဃာတော်များနှင့် ဒေသခံစစ်ကြောင်းတွေက လက်ပံတောင်းတောင် အထွေထွေသပိတ်စခန်းဆီကိုချီတက်လာနေကျပါပြီး..

အေးချမ်းမွန်မှ  Monywa Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Monywa Times 
ဒီနေ့ (နိုင် ၂၂) ညနေပိုင်အချိန်လေးမှာ လက်ပံတောင်းတောင် ဦးဆောင်သံဃာတော် များနှင့် ဒေသခံ စစ်ကြောင်းတွေက လက်ပံတောင်းတောင် အထွေထွေသပိတ်စခန်းဆီကို ချီတက်လာနေကျပါပြီး..

No comments:

Post a Comment