Thursday, November 22, 2012

အစ္စရေးနှင့်ဟားမတ်စ်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရ

http://graphics8.nytimes.com/images/2012/11/21/world/middleeast/20121121-GAZA-slide-4PBF/20121121-GAZA-slide-4PBF-articleLarge.jpg
ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရေး အစ္စရေးနှင့်ဟားမတ်စ်တို့ သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ကြေညာသည်။ ထို့အတူ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာ ဟူကလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ကြောင်းကို အတည်ပြုပြောကြားသည်။


gaza bombing

အမေရိကန်သမ္မတ အိုဘားမားနှင့် ဆက်သွယ်ဆွေးနွေးမှုအပြီးတွင် အီဂျစ်၏ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူက သဘောတူညီလိုက်ကြောင်း ဝန်ကြီးချုပ်၏ရုံးမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးမှာ ဒေသစံတော်ချိန် နိုဝင်ဘာ ၂၁ ရက်၊ ဗုဒ္ဓဟူးည ၉း၀၀ နာရီတွင် စတင်သက်ရောက်မည်ဖြစ်သည်။

gaza bombing

ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ သွားရောက်ကာ အပစ်အခတ်ရပ်စဲရေး တွန်းအားပေးခဲ့ပြီးနောက် ယခု သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် အီဂျစ်သမ္မတ မိုဟာမက်မော်စီနှင့် တွေ့ဆုံကာ ၈ ရက်ကြာမြင့်ခဲ့ပြီဖြစ်သည့် အစ္စရေး-ဟားမတ်စ် တိုက်ပွဲများ အဆုံးသတ်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။ အစ္စရေးနှင့် ဟားမတ်စ်တို့၏ အပြန်အလှန် တိုက်ခိုက်မှုများအတွင်း ဂါဇာကမ်းမြောင်တွင် ကလေးငယ် ၄၁ ဦးနှင့် အမျိုးသမီး ၁၁ ဦးအပါအဝင် စုစုပေါင်း ၁၆၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

Ref: Planet Myanmar

No comments:

Post a Comment