Saturday, November 17, 2012

နေပြည်တော် - မန္တလေး အမြန်ယာဉ်များ တိုက်ခိုက်ခံနေရ


နေပြည်တော် - မန္တလေး အမြန် လမ်းမ သစ်ကြီး မိုင်တိုင် အမှတ် ၂၀၈ အနီး တစ်ဝိုက်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့ ည ဆယ်နာရီခွဲ အချိန်ခန့် က ခရီးသည်တင် မှန်လုံ ယာဉ်များ ခဲဖြင့် ပေါက်ခံ ခဲ့ရပြီး ခရီးသည် တစ်ဦးခေါင်း ၌ ဒဏ်ရာ ရရှိသွားကြောင်း မန္တလာမင်း ကားဂိတ်မှ
ယာဉ်မောင်း ဦးဇော်လင်းက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

အဆိုပါ နိုဝင်ဘာလ ၁၃ ရက်နေ့ ည က နေပြည်တော် မှ မန္တလေးသို့ ပြေးဆွဲလျက် ရှိသော မန္တလာ၊ မင်းအောင်ဇမ္ဗူ၊ မန်းသစ္စာ ခရီးသည် တင် မှန်လုံယာဉ် များသည် ယင်းမိုင်တိုင် အမှတ် ၂၀၈ အရောက်တွင် ခဲဖြင့် ပစ်ပေါက် ခံခဲ့ရကြောင်း ၎င်းက ပြောသည်။ ယင်းသို့ ခဲပေါက် ခံရခြင်း ကြောင့် မန္တလာမင်း အမြန်ယာဉ် ပေါ်ပါ ခရီးသည် တစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိကာ ကားမှန် ကြေသွား၍ အမှတ်၂၁၀ ရဲစခန်းတွင် ဝင်ရောက် သတင်း ပို့ခဲ့ရကြောင်း မန္တလာမင်း ကားဂိတ် ထံမှ စုံစမ်း သိရှိရသည်။

အမြန် လမ်းမသစ် ကြီးတွင် ခရီးသည်တင် မှန်လုံ ယာဉ်များ ခဲဖြင့် မကြာခဏ ပေါက်ခံရလေ့ ရှိသော်လည်း အမြန် လမ်းဟောင်း တွင်မူ ခဲဖြင့် ပေါက်သူ မရှိကြောင်း မန္တလာမင်း ဂိတ်မှူး ဦးဝင်းမောင် က ပြောကြား သည်။
“မနှစ်တုန်းက ကားတစီး ခဲနဲ့ပေါက်တာ အရှိန် ပြင်းလွန်းတော့ ဟိုဘက်၊ ဒီဘက် ဒိုးယို ပေါက်သွားတယ်။ ကျည်ဆန်နဲ့ ပစ်လိုက် သလား လို့တောင် ထင်ရတယ်။ မှန်ပေါက်ရာ က ဟိုဘက်ဒီဘက် အတူတူပဲ။ ပြီးတော့ သေးလဲသေးတယ်။တရားခံ မိတာတော့ မကြားမိ သေးဘူး” ဟု ဦးဝင်းမောင် က ဆိုသည်။

နေပြည်တော် သို့ ပုံမှန် သွားရောက် နေသည့် မန္တလေးမြို့ ဒေသခံ တစ်ဦး ဖြစ်သူ ဦးအောင်မင်းမှ တာဝန် ရှိသူများ အနေဖြင့် ရထားကို ခဲဖြင့် ပေါက်သူ များကို ပြင်းပြင်းထန်ထန် အရေးယူ သင့်ကြောင်း၊ ယခုအခါ မိမိတို့မှာ အမြန်ကား စီးရသည်ကို လုံခြုံမှု မရှိဟု ခံစားမိကြောင်း ပြောကြား သည်။

Ref: The Voice Weekly

No comments:

Post a Comment