Friday, November 16, 2012

““ အစိုးရအဖွဲ့မှာ ဘယ်သူအာဏာအရှိဆုံးလဲ””


အခုလ ၈ ရက်နေ့က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် က မြန်မာနို င်ငံသမ္မတနှင့် တွေ့ဆုံခဲ့ ပါတယ်။ အဲဒီလို တွေ့ဆုံမှုဖြစ်အောင် တပ်ကပဲ လုပ်ပေးတာလား၊ သမ္မတရုံးဝန်ကြီးတွေကပဲ ညှိနှိုင်း ပေးတာလားမ သိရပေမဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မသိလိုက်ရပါဘူးဗျာ။ သက် ဆင် ဟာ အရင် စစ်အစိုးရနဲ့ အဆက်အသွယ်ရှိခဲ့တဲ့သူဖြစ်တဲ့အတွက် စစ်တပ်ကပဲ ညှိနှိုင်းပေးတယ်လို့ ယူဆရပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိသမ္မတရုံးမှာလည်း အာဏာကြီးပေ့ဆိုတဲ့ ၀န်ကြီးတွေလည်း ရှိနေပါတယ်။ အဲဒီဝန်ကြီးတွေထဲက ဦးစိုးသိန်း ဟာဆိုရင် အမေရိကန်ရောက်တုန်းက မနေနိုင်မထိုင်နိုင် ပြည်ထဲရေး ၀န်ကြီးတောင် သူခေါ်ရင်လာရတယ်ဆိုတဲ့ အာဏာပါဝါရှိကြောင်း၊ ၀န်ကြီးဌာန(၁၁)ဌာနကိုလည်း ချုပ်ကိုင်ထားသူဖြစ်ကြောင်း ထုတ်ဖော်ကြားဝါခဲ့ပါတယ်။ အဆိုးဆုံးကတော့ အဘကြီး(သမ္မတကြီး)ကို ပိုင်ကြောင်းနှင့် အဘကြီး(သမ္မတကြီး)က ဘာမှမသိပါဘူးကွာဆိုပြီးတော့ သမ္မတကြီးကို နောက်ကွယ် ကနေ ပံ့ပိုးထောက်ကူပေးနေရတဲ့ပုံစံမျိုး အများရှေ့မှာ ပြောလေ့ရှိပါတယ်။ အတည်ပေါက်နဲ့ဟောက်စား၊ မြောက်စား လူတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အစိုးရအဖွဲ့မှာ ဒုသမ္မတအဆင့်လောက်ကို အာဏာရှိတယ်လို့ ယူဆမိပါတယ် ။MIC ဥက္ကဋ္ဌ လည်း တာဝန်ယူထားလေတော့ ကျန်တဲ့ဝန်ကြီးတွေ ကလည်း လိုအပ်ချက်တွေရှိရှင် သူ့ကိုမျက်နှာချိုသွေးရ၊ ချဉ်းကပ်တာတွေလည်း လုပ်ရတာပေါ့။

ဦးစိုးသိန်း MIC ဥက္ကဋ္ဌလည်းဖြစ်ရော နိုင်ငံထဲကို အရက်၊ ဘီယာ၊ စီးကရက်တွေ ဖေါဖေါသီသီ သွင်းတော့တာပါဘဲ။ သူ့ရဲ့ ခွင့်ပြုချက်ကို ရချင်ရင်တော့ လိုအပ်သလိုရေလောင်းပေးရပါတယ်။ ရေလောင်းတဲ့အပေါ် မူတည်ပြီး သူကြိုက်ရင်တော့ လုပ်ငန်းရှင် တွေလည်း ချက်ချင်းအကျိုးအမြတ်ရ၊ သူလည်းအဆင်ပြေတဲ့ ဆူလွယ် နပ်လွယ် အင်မတန်ကောင်းတဲ့လုပ်ငန်းမျိုးဘဲဖြစ်ပါတယ်။ တိုင်းပြည် အတွက်တော့ မကောင်းပေမယ့် သူ့အတွက်တော့ ဘယ်လောက်ထိ တောင်ကောင်း လဲဆိုရင် နေပြည်တော်မှာ သူရဲ့ခမ်းနားတဲ့အိမ်ကြီးမှာ လှပတဲ့ ရေကူးကန် ရှိတယ်လို့တောင် မြင်ခဲ့တဲ့သူတွေက ပြောကြပါ တယ်။

စက်မှုဝန်ကြီးလုပ်ခဲ့စဉ်တုန်းကလည်း သမိုင်းမှာရှိတဲ့ စက်ရုံတွေကို လက်သိပ်ထိုးပြီး ဘယ်သူ့ကို ဘယ်လိုပေးခဲ့တယ်ဆိုတာ စုံစမ်းကြည့်ရင် သူရဲ့အကျင့်စာရိတ္တကို ထင်ထင်ရှားရှားသိနိုင်ပါ တယ်။ နိုင်ငံ့အကျိုး စီးပွားထက် ကိုယ့်အတွက်ဆိုရင် ပုတ်သင်ညိုလို အရောင် ပြောင်း၊ ကပ်ပါးကောင်လိုကပ်ပြီး သွေးစုပ်သလို နိုင်ငံရဲ့အဆီအနှစ်ကိုစုပ်ပြီး တိုင်းပြည်ကိုအချိန်မရွေး ရောင်းစားနိုင်တဲ့ စားဖားလူလည်လို့ပဲ ဆိုချင်ပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဥက္ကဋ္ဌသာ လုပ်နေတာ သူပိုင်ဆိုင်တဲ့ ဓနငွေကြေးကိုတော့ နိုင်ငံခြားမှာရင်းနှီးမြှုပ်နှံထားတယ်ဆိုတာ သားသမီး တွေကို နိုင်ငံခြားမှာ အကုန်အခြေချနေခိုင်းတာက သက်သေ ပါဘဲ။

အခြေအနေမကောင်းရင် နိုင်ငံခြားကိုလစ်ပြေးဖို့ပြင်ဆင်ထားတဲ့ မှင်မောင်း ကောင်းကောင်း၊ အာဘောင်အာရင်းသန်သန်နဲ့ အာဂကြောင်ပါး လူလည် တစ်ယောက်ပါပဲ။ ဒါမျိုးအာဂတွေဟာလည်း နိုင်ငံရေး အပြောင်းအလဲနဲ့အတူ တစ်ပြိုင်တည်း ပေါ်ထွက် လာတတ်ပါတယ်။ ဒီကနေ့မှာ ဦးစိုးသိန်းကို တန်းတူလိုက်နေတာကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဗိသုကာကြီးလို့ သမိုင်းတွင်အောင် လုပ်ဆောင်နေတဲ့ ဦးအောင်မင်းပဲဖြစ်ပါတယ်။ ဦးအောင်မင်းဟာ ပြုံးပြုံးလေးနဲ့ တကယ်နံတဲ့ ကြောင်ချေးပါဘဲ။ အားလုံးရဲ့ အလိုလိုက် အကြိုက်ဆောင်ပြီး ကိုယ်နေရာရဖို့အတွက် အကွက်ဖော်တတ်တဲ့ လူတစ်ယောက်ပါ ဘဲ။ ခေတ်ပြောင်း၊ စနစ်ပြောင်းမှာ အခွင့်ကောင်းယူပြီး ငြိမ်းချမ်းရေးဗိသုကာကြီး လုပ်နေပြန်ပါဘီ။ဒီလို ငြိမ်းချမ်းရေးလုပ်ငန်းကို အကြောင်းပြပြီးတော့ ဦးအောင်မင်းကလည်း ၀န်ကြီးဌာန လေးငါးခြောက် ဌာန လောက်တော့ ချုပ်ကိုင်ထားမယ့် သဘောကို တွေ့နေရပါတယ်။

ဝန်ကြီးလုပ်တုန်းကဆိုရင် မီးရထားဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ အလုပ်တွေလုပ်ချင်တဲ့ သူတွေက သူ့သမီးကို ၁၀ ရာခိုင်နှုန်းပေးရတဲ့အတွက် ၁၀% အောင်မင်းလို့ အဆိုရှိခဲ့ဖူးပါတယ်။ ဒီလိုလုပ်ဖို့ အဆက်အသွယ်ကို လည်း အဖေနဲ့အသွင်တူ အဖေ့ခြေရာနင်းမဲ့ သူ့သမီးကနေတစ်ဆင့် လုပ်ကြရပါတယ်။ အဲဒီ ၁၀ ရာခိုင်းနှုန်းက ရတဲ့ငွေတွေကိုဘဲ မိသားစုပဲေ ရာင်းဝယ်ရေးလုပ်ငန်းကြီးကဘဲ ရသလိုလို ပြခဲ့ကြပါတယ်။ သူ့သမီးကလည်း ဒီနေ့ယောက်ျားယူ နောက် တစ်နေ့ကွဲ၊ ကိုယ့်ကိုယ်ကို ရောင်းကုန်ပစ္စည်းလို သဘောထားပြီး သိက္ခာဆိုတာထည့်မတွက် အဖေ့သမီး ပီသပါပေတယ်။ ဦးအောင်မင်း ဟာ ထောက်လှမ်းရေးဟောင်းဖြစ်ပြီး အပြောကလည်းေ ကာင်း၊ အဟောကလည်း တော်ဆိုတော့ သမ္မတအနားမှာနေပြီး ဘေးတီးေ ပးနေတဲ့ အလုပ်ဘဲလုပ်တယ်လို့ ၀န်ကြီးဌာနတွေမှာ ပျံ့လွင့် နေပါတယ်။

မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်တယ်ဆိုပြီးတော့ သူလုပ် ချင်တာတွေ လုပ်နေတာ ကတော့ သခင်ကိုယ်တော်မှိုင်းတောင် လက်မှိုင် ချ လောက်ပါရဲ့ဗျာ။ ကိုယ့်ကိုယ်ကို ခေတ်သစ်ငြိမ်းချမ်းရေး ဗိသုကာကြီးဆိုပြီး ဆရာကြီးလုပ်နေပေမယ့် KIA နဲ့တွေ့လိုက်တဲ့အခါမှ ကချာလာကြီး ဘ၀ ရောက်သွား ရတယ်။

KIA က ဘာအဆင့်မှ မရှိတဲ့သူတွေနဲ့ တွေ့ခိုင်းတဲ့အခါမှာတော့ခံခဲ့ရပြီး သူလည်း ဘာအဆင့်မှ မရှိတဲ့လူလို ဖြစ်ခဲ့ရပါတယ်။ ဦးအောင်မင်းဟာ တကယ်တော့ ပဲအရောင်းအ၀ယ်နဲ့ကြီးပွားလာတယ်လို့ ဆိုထားတော့ ဆိတ်လိုတပဲပဲနဲ့ အသံကောင်းဟစ်အော်၊ ခေတ်ပြောင်း တာနဲ့အခြေ အနေကြည့်၊ ဆိတ်လစေ့လို ဟိုကပ်ဒီကပ်လုပ်ပြီး အနေချောင်၊ နေရာေ ကာင်းယူ လုပ်တတ်တဲ့နေရာမှာတော့ နှစ်ယောက်မရှိပါဘူး။ ဦးအောင်မင်း အခုလုပ်နေတာတွေဟာလည်း ပြည်သူပြည်သားတွေအတွက် ကောင်းတာ၊ မကောင်းတာတော့ မသိဘူး၊ သူ့အတွက်ကောင်းအောင်တော့ လာမည့် ၂၀၁၅ အတွက် လမ်းခင်းနေတာ သေချာနေပါတယ်။ လက်ရှိမှာတော့ ဦးစိုးသိန်းနဲ့ ဦးအောင်မင်း တို့ကတော့ သမ္မတရဲ့အထူးအားကိုးရတဲ့ လက်ရုံးဝန်ကြီး ၂ ပါးဖြစ်နေပါတယ်။ မယုံရင် ခင်ဗျားတို့လည်း အားကိုး ကြည့်လိုက်ပါ။

ခေတ်ပြောင်းစနစ်ပြောင်းမှာ ကျွန်တော်တို့ ၀န်ကြီး ဌာနတွေ ကြောက်ရမည့် နောက်ထပ်ဝန်ကြီး တစ်ပါး ကတော့ ဗလကြီး ဦးစိုးမောင် တစ်ယောက်ပေါ့ခင်ဗျာ။ လွှတ်တော်ထဲမှာ ၀င်းဦးလို လေသံနဲ့ သူ့ရဲ့ပြောဆိုတင်ပြသံတွေအရတော့ ကြားရသူတွေ အထင်ကြီး လောက်ပါရဲ့။ သူကတော့ သမ္မတ ဆီကိုတိုင်တဲ့ တိုင်စာ၊ ပစ်စာတွေ ကိုင်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူလုပ်ပေးရင် ရတယ်ဆိုတဲ့ သတင်းတွေ ပျံ့နေပြီး ဈေးခေါ်တဲ့ အသံတွေလည်း ညံနေတာပါဘဲ။ ဒါကြောင့် ငွေပေးရင်တော့ဘာမဆို လုပ်ပေးနိုင်တဲ့ သူရဲကောင်းကြီး တစ်ယောက်အဖြစ်လည်း လေးစားမိပါရဲ့။

လောလောဆယ်မှာ ကျွန်တော်တို့ ၀န်ကြီးဌာနတွေကတော့ ဒီလိုနတ်ဆိုးကြီးတွေကို ဗလိ နတ်စာကျွေး ပူဇော်ပသနေရပါ တယ်။ မြန်မာပြည်မှာ လုပ်ငန်းကိစ္စအတွက် အလုပ်လုပ်တော့မယ်ဆိုရင် အဓိက အာဏာရှိတဲ့ သမ္မတကြီးကို မတွေ့ရဘဲ သူတို့ရဲ့ မျက်နှာကြီးတွေကိုပဲ အရင်ဖူးပြီး သံတော်ဦး တင်ရပါတယ်။ လတ်တလော အာဏာပါဝါ ရှင်တွေကတော့ သူတို့ပါဘဲ။ ကျွန်တော်တို့ ၀န်ကြီးဌာန တွေကတော့ အလကားပါဘဲဗျာ။

တပ်မှာဆိုရင်တော့ တိုင်းမှူးတွေရဲ့အပေါ်မှာ တိုင်းမှူးချုပ်လို့ ခေါ်တဲ့ ကစထမှူးတွေ ရှိတယ်လို့သိရပြီး တိုင်းမှူးတွေကလည်း အတော်ကြောက်ရတယ် ဆိုပါတယ်။ အခုတပ်ချုပ်ကြီး ကစထမှူးဘ၀မှာဆိုရင်လည်း အဲဒီခေတ်က တိုင်းမှူးတွေ အတော်ကြောက်ရတယ်လို့ ဆိုပါတယ်။ အရပ်ဘက်က တိုင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ လူကြီးတွေဆိုရင်လည်း သူနဲ့ တွေ့ရမယ့်အစား ကျားမြီးသာဆွဲလိုက်ချင်တယ်လို့ ညည်းတွားနေကြတာ ကြားခဲ့ဘူးပါတယ်။ သမ္မတကြီးအားကိုးရတဲ့ ၀န်ကြီး(၃)ပါးကလည်း ၀န်ကြီးအချင်းချင်းတောင် ကြောက်နေရတဲ့အတွက် ကစထ၀န်ကြီးတွေလို့တောင် ခေါ်ရမလိုဖြစ်နေပြီး လက်ရှိအစိုးရမှာ ဒီလိုအာဏာပါဝါရှင်တွေ လွှမ်းမိုးတွင်ကျယ်နေတဲ့ အတွက် နိုင်ငံရှေ့ ရေးအတွက် တအားတက်မိပါတော့ တယ်ခင်ဗျား။

No comments:

Post a Comment