Friday, November 30, 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ဗုံးနှင့် မော်တာကျည်များ တွေ့ရှိ

မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘန်တရိုဘန်မြို့နယ် အလယ်ကော်တောင်မြို့နယ် ထိန်ကူးရွာအနီး တောတွင်းမှ လက်ပစ်ဗုံး ၆ လုံး၊ မီးခိုးဗုံး ၁ လုံးနှင့် မော်တာကျည် ၉ လုံးကို တွေ့ရှိ သိမ်းဆည်ခဲ့မိကြောင်း အလယ်ကော်တောင်မြို့ စစ်ဗျူဟာမှ ဗိုလ်ကြီး ဖိုက်ဆဲလ်က ပြောသည်။ ဗုံးနှင့် မော်တာကျည်များ၏ အမျိုးအစား အသေးစိတ်ကိုမူ စစ်ဆေးဆဲဟု သိရသည်။ ဗုံးနှင့် မော်တာကျည်များကို ပိုင်ရှင်မဲ့ ဖမ်းဆီးရခြင်းဖြစ်ပြီး ယင်းဒေသသည် တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းတချို့ လှုပ်ရှားသည့် နယ်မြေဖြစ်ကြောင်း သိရသည်။ 
from -ဧရာဝတီ

No comments:

Post a Comment