Wednesday, November 14, 2012

ဝန်ကြီးဌာန၁၅ခု ကျပ်သန်းပေါင်း ငါးထောင်ကျော် ပေးသွင်းရန် ကျန်ရှိ

 
၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ် အတွက် ရ၊သုံး မှန်းခြေ ငွေစာရင်း များအရ ဝန်ကြီးဌာန ၁၅ခု က နိုင်ငံတော် သို့ ကျပ်သန်းပေါင်း ငါးထောင်ကျော် ပေး သွင်းရန် ကျန်ရှိ နေကြောင်း ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် ပြည်ထောင်စု စာရင်းစစ်ချုပ် က ပြောကြား သည်။

ပြည်ထောင်စု စာရင်းစစ်ချုပ် ၏ အရေးကြီး သော စစ်ဆေး တွေ့ရှိချက် များအရ ဌာနဆိုင်ရာ အဖွဲ့အစည်း ၄၇ခု တို့က နိုင်ငံတော်သို့ ပေးသွင်း ရမည့် နစ်နာငွေ ကျပ်သန်း ၅၈၃၉၈ ဒဿမ ၈၁၀ နှင့် အမေရိကန် ဒေါ်လာ ၂၃၂၉၇၇ ဒဿမ ၃၁၀ ရှိပြီး ပေးသွင်းပြီး ငွေမှာ ကျပ်သန်းပေါင်း တစ်သောင်းကျော် နှင့် အမေရိကန် ဒေါ်လာ တစ်သိန်းကျော် သာ ရှိကြောင်း၊ သို့ဖြစ်ရာ ပေးသွင်းရန် ကျန်ရှိငွေ ကျပ်သန်း ၄၀၇၉၂ ဒဿမ ၀၃၈၂ နှင့် အမေရိကန် ဒေါ်လာ ၇၀၆၅၅ ဒဿမ ၀၂၀ ထိ ရှိနေကြောင်း ၄င်းက အသေးစိတ် ရှင်းပြသည်။

ကျပ်သန်း ၄၀၉၇၂ ဒဿမ ၀၃၈ တွင် ပုဂ္ဂလိက ထံမှ ရရန် ကြွေး ကျပ်သန်း ၄၀၈၂၈ ဒဿမ ၁၂၂ နှင့် အမေရိကန် ဒေါ်လာ ၇၀၆၅၅ ဒသမ ၀၂၀ ဖြစ်ပြီး ဝန်ထမ်းများ၏ မှားယွင်းမှု နှင့် အလွဲသုံးစား မှုများ ကြောင့် ပြန်လည် ပေးသွင်းရမည့် ငွေမှာ ကျပ်သန်း ၁၄၃ ဒဿမ ၉၁၆ ဖြစ်ကြောင်း ပြည်ထောင်စု စာရင်းစစ် ချုပ် က ဆိုသည်။

ဝန်ကြီးဌာန ၁၅ ခုမှာ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ သမဝါယမ ဝန်ကြီး ဌာန၊ လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာန၊ ကျန်းမာရေး ဝန်ကြီး ဌာန၊ သိပံ္ပနှင့် နည်းပညာ ဝန်ကြီး ဌာန၊ မွေးမြူရေး နှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီး ဌာန၊ စက်မှု ဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တော ရေးရာ ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေး နှင့် အခွန် ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန၊ ရထား ပို့ဆောင်ရေး ဝန်ကြီး ဌာနနှင့် ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ဝန်ကြီးဌာန တို့ ဖြစ်သည်။
 
The Voice Weekly

No comments:

Post a Comment