Wednesday, November 14, 2012

မိုးကုတ်မြို့ မှာ ငလျှင်လှုပ် ပြီးနောက် ဗုဒ္ဓရုပ်ပွားတော် (ငွေ ရုပ်ပွားတော်) ၃- ဆူ ပေါ်ထွန်းခြင်း

၁၃၇၄-ခုနှစ် သီတင်းကျွတ် လဆန်း-၁၂ရက် တနင်္ဂနွေနေ့၊ ငှင်းနေ့ရက် သည် မြန်မာပြည် ရွှေဘိုမြို့ အရှေ့မြောက်ဘက် ၄၅ မိုင်အကွာကို ဗဟိုပြုကာ မဟာပထ၀ီ(မြေငလျှင် တုန်လှုပ်မှုကြီး) ဖြစ်ပေါ်ခဲ့သည်။ မြေင လျှင် တုန်လှုပ်မှုသည် သက်ရှိ လူသားများနှင့် သတ္တ၀ါ အပေါင်းတို့၏
နာဘေး၊ သေဘေး (ဥပစ္စေဒကကံ) အသက် အန္တရာယ်များ ဖြစ်ပေါ်စေခဲ့ရာ သက်ရှိ သက်မဲ့ ဖြစ်သော အသက် အိုးအိမ် တိုက်တာ ယာဉ်စသော အသုံးအဆောင် ပစ္စည်းများ ပျက်စီးဆုံးရှုံး စေသည့် သဘာဝ အန္တရာယ်ပင်ဖြစ်သည်။ သို့သော်လည်း မိုးကုတ်မြို့ အနောက်ပိုင်း ရန်ကြီးအောင်ရပ် ဘုံသီတာ ပရိယတ္တိ စာသင်တိုက် အနေဖြင့် ထူးဆန်းမှု တစ်ရပ် ဖြစ်ပေါ်လာခဲ့ပေသည်။

ဘုံသီတာ စာသင်တိုက် အတွင် ရှေးယခင်မှ တည်ထား ကိုးကွယ် တော်မူသော စေတီဟောင်းများ အနက် စေတီဟောင်း တစ်ဆူမှ နံနက် ၇ နာရီ ၄၅ မိနစ်ခန့် အချိန်တွင် မြေငလျှင် တုန်လှုပ်မှု ဖြစ်ပေါ်ခဲ့ ပြီးနောက် ဗုဒ္ဓရုပ်ပွားတော် (ငွေ ရုပ်ပွားတော်) ၃- ဆူ ပေါ်ထွန်းခဲ့ပါသည်။ မိုးကုတ်မြို့နယ် သူတော်စင
်အားလုံးတို့မှ ဗုဒ္ဓပူဇနိယ မင်္ဂလာပြုခြင်း တို့ကြောင့် မြေငလျှင် တုန်လှုပ်မှုသည် သဘာဝအန္တရာယ် ဖြစ်သော်လည်း မိုးကုတ်မြို့ တစ်နေရာမှာတော့ သဘာဝက ပေးသော ဗုဒ္ဓပူဇနိယ မင်္ဂလာ ကုသိုလ်ထူးပင် ဖြစ်နေကြောင်း မိုးကုတ်မြို့ ခံများက Myanmar News Now ကို ပြောပါသည်။ 
 
Photo From : Infinity Power
 
 
 
 

No comments:

Post a Comment