Wednesday, November 21, 2012

ချင်းပြည်နယ် ဆေးရုံ အချို့သို့ ထုတ်ပေးသော ဆေးဝါးများ အရည်အသွေး မပြည့်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ် ဖြစ်သော ချင်းပြည်နယ်ရှိ ဆေးရုံများ အတွက် ဗဟို ဆေးဝါး ကွပ်ကဲရေး ဌာနမှ ထုတ်ပေးသော ဆေးဝါး များတွင် သက်တမ်း ကုန်ဆုံးရက် နီးကပ်နေသည့် ဆေးဝါးများ ပါဝင်ကြောင်း ချင်းပြည်နယ် လိုင်တွီးမှ မြို့နယ် ကျန်းမာရေးမှူး ဦပေါင်လမ့်မုန် က The Voice Weekly သို့ ပြောကြားသည်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့ ကလေး ပြည်သူ့ ဆေးရုံကြီးရှိ ဗဟိုဆေးဝါး ကွပ်ကဲရေး တွင် လိုင်တွီး တိုက်နယ် ဆေးရုံ အတွက် ဆေးဝါး များကို သွားရောက် ထုတ်ယူရာ၌ ယခုကဲ့သို့ ကြုံတွေ့ ရခြင်း ဖြစ်ကြောင်း ထုတ်ပေးရမည့် ဆေး အရေအတွက် လည်း အပြည့်အဝ မရကြောင်း ၄င်းက ဆိုသည်။

“ဆေးအလုံးရေ မပြည့်တော့ ဆေးက ပိုလိုတာပေါ့။ လိုတဲ့ ဆေးကိုလည်း ဆေးပဒေသာပင် စိုက်ထားတဲ့ အလှူရှင် တွေ ပိုက်ဆံနဲ့ ဝယ်သုံး နေရတယ်” ဟု ၄င်းက The Voice Weekly သို့ ပြောကြားသည်။


အိမ်ခြေ တစ်ထောင်ကျော်ခန့် ရှိသည့် လိုင်တွီးသည် သွားလာရ ခက်ခဲ သောကြောင့် လက်ရှိ အချိန်ထိ ဆရာဝန် မရှိသည်မှာ ၂ နှစ်ကျော် ကြာမြင့်ပြီ ဖြစ်ကြောင်း ၄င်းက ထပ်မံ ပြောဆိုသည်။

ချင်းပြည်နယ် ကျီခါးမှ မြို့နယ် ကျန်းမာရေးမှူး က "ကလေးမှာ ဆေးသွား ထုတ်ရင် အလုံးရေ မပြည့် တာတွေ တွေ့ရပါတယ်။ ကုန်ဆုံးရက် ကပ်နေတဲ့ ဆေးကတော့ တစ်ခါ တစ်လေမှ ပါလာတာပါ" ဟု ဆိုသည်။


ချင်းပြည်နယ်သည် ဖွံ့ဖြိုးမှု နိမ့်ကျခြင်းနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် ကျန်မာရေး စောင့်ရှောက်မှု အားနည်းပြီး ဆေးရုံများတွင် တာဝန် ထမ်းဆောင်မည့် ဆရာဝန် များလည် ရှားပါးကြောင်း ချင်းပြည်နယ် ထန်တလန် မြို့နယ် ဆေးရုံမှ မြို့နယ် ဆရာဝန် ဒေါက်တာ မြတ်မိုးဆန်း က ဆိုသည်။


တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့ များသည် အဖွဲ့ ၆ ဖွဲ့ခွဲ၍ အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ ချင်းပြည်နယ် အတွင်း နယ်လှည့် ကျန်းမာရေး စောင့်ရှောက် မှုများ ပြုလုပ် ပေးခဲ့သည်။

No comments:

Post a Comment