Monday, November 12, 2012

သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုပာင်ဂျာလူမျိုးပာုဖော်ပြပေးရန် ဘင်္ဂါလီများတောင်းဆို

ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအား သန်းခေါင်စာ ရင်းကောက်ယူရာတွင် ဘင်္ဂါလီများက၎င်းတို့ အား ရိုပာင်ဂျာ လူမျိုးပာု စာရင်းဖော်ပြ ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ “ဘင်္ဂါလီတွေကို သန်းခေါင်စာ ရင်းကောက်ယူတဲ့အခါမှာ သူတို့ကို
ဘင်္ဂါလီလူမျိုးလို့ဖော်ပြပေးရမယ်။ ဒါမှလက်မှတ်ထိုးမယ်ဆိုပြီး အကျပ်ကိုင် ပါတယ်။ အဲ့ဒီမှာရှိတဲ့ ဘင်္ဂါလီတော်တော်များများမှာ ယာယီသက်သေခံ
လက်မှတ်တောင်မရှိပါဘူး။ ဒါကို လူမျိုးတစ်မျိုးအနေနဲ့ ဖော်ပြပေးဖို့ တောင်းဆို ပါတယ်”ပာု စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း စစ်ဆေးရေးအဖွဲ့များက သန်းခေါင်စာရင်း ကောက်ယူရာတွင် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည့် ဘင်္ဂါလီများလုံးဝမရှိကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဥပဒေအရ မြန်မာနိုင်ငံသားအဖြစ်ခံယူခွင့်ရှိတဲ့ ဘင်္ဂါလီတစ်ယောက်မှ မရှိပါဘူး။ သူတို့ဆီမှာ ၁၉၈၉ ခုနှစ်က ထုတ်ပေးထားတဲ့ လက်မှတ်ပဲရှိပါတယ်။ ဒီလက်မှတ်က ဘာနဲ့အကျုံးဝင်နေတယ်ဆိုတာကို မပြောနိုင်သေးပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲတုန်း ကတော့ ဘင်္ဂါလီတွေ မဲထည့်နိုင်အောင်ဆိုပြိး ကတ်ပြားအဖြူနဲ့လုပ်ပေးခဲ့တဲ့ ယာယီသက်သေခံ လက်မှတ်တွေကိုလည်း တွေ့ရပါတယ်”ပာု လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာလ ၇ ရက်နေ့မှစတင်၍ နိုင်ငံသားစိစစ်မှုများကို စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းသန်းခေါင်စာရင်း ကောက်ယူသော စစ်ဆေးရေးအဖွဲ့(၁၅)ဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများနှင့် ရခိုင်-မွတ်စလင် ကိုယ်စားလှယ်များပါဝင်ကြောင်း သိရသည်။

transparencymyanmar 

No comments:

Post a Comment