Monday, November 12, 2012

ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေး ဖောက်ပြန် သည်ဟု သံသယဝင်ကာ လူသတ်မှုဖြစ်


မတ္တရာမြို့နယ်၊ အုတ်ဖိုလေး  ကျေးရွာ ယာစောင့် တဲတွင် အောက် တိုဘာ ၂၉ရက် နံနက်က လူသတ် မှု ဖြစ်ပွား ခဲ့သည်။ ယင်းကျေးရွာနေ ဦးမြင့်အောင် က ထိုနေန့ နံနက် ၆နာရီ ခန့်က ယာမြေကွက်သို့ ပဲမျိုးစေ့ချရန် သွားရောက်ရာတွင် ၄င်း၏ မွေးစား သားသည် ဝဲဘက်ရင်အုံနှင့် ဝဲလက်ဖျံတို့၌ ဓား ဒဏ်ရာများဖြင့် သေဆုံး

 နေကြောင်း တွေ့ရ၍ ဆည်တော်ကြီး ရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်ကြားခဲ့သည်။

အဆိုပါလူသတ်မှုကို မတ္တရာမြို့နယ် ရဲတပ်ဖွဲ့ မှူးနှင့် ရဲစခန်းမှူး တို့က စစ်ဆေး  ဖော်ထုတ် ရာတွင် ပတ်ဝန်းကျင် သက်သေထွက်ဆိုချက် များအရ လူသတ်မှု ကျူးလွန်သူ မောင်ကျော်(ခ)ကျော်မောင်နှင့် ညွန့်မင်း တို့အား အောက်တို ဘာ ၃၁ရက် ည၁၁နာရီ အချိန်တွင် မတ္တရာမြို့နယ် တံတား ဖြူကျေးရွာတွင်ပြစ်မှု ကျူးလွန်ရာတွင်သုံးသည့်အရိုးအသွား ၁၆ လက်မရှိ ဓားဦးချွန်နှင့် အတူ ဖမ်း ဆီး ရမိခဲ့သည်။

အမှုဖြစ်စဉ်မှာ အောက်တိုဘာ၂၈ရက် ညနေ ၄နာရီက သေဆုံးသူ နေထိုင် သည့် ယာတဲနှင့် ကပ်လျက်နေထိုင် သည့် ကိုကျော်(ခ)ကျော်မောင်က ၄င်း၏ဇနီးနှင့် သေဆုံးသူ တို့ လူမှုရေးဖောက်ပြန်သည်ဟု မသင်္ကာဖြစ်ရာ
မှ စကားများ ရန်ဖြစ်ကြသည် ဟုဆိုသည်။

ထိုသို့ စကားများပြီး အောက်တိုဘာ ၂၉ ရက်တွင် တင်ဇော်ထွန်း အသတ် ခံခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ လူသတ်မှုနှင့် ပတ်သတ်၍လူသတ်မှုတွင်ပါဝင်  ပတ်သက်သူ ကိုကျော်(ခ) ကျော်မောင်နှင့် ညွန့်မင်း တို့အား ဆည်တော်  ကြီးရဲစခန်းမှ (ပ) ၂၄/၂၀၁၂ ပုဒ်မ - ၃၀၂ အရ အမှုဖွင့်အရေး ယူ ထားကြောင်း သိရသည်။


စိုင်းသာအောင်
7 Day News Journal 

No comments:

Post a Comment