Monday, November 26, 2012

ဘင်္ဂလားဒေ့ရှ် အဝတ်အထည်စက်ရုံ မီးလောင်ကျွမ်းမှု အနည်းဆုံး လူ ၁၂၀ ဦးသေဆုံး


ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာတွင် ဖက်ရှင်အဝတ်အထည်စက်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၂၀ ဦးသေဆုံးပြီး အခြား လူအများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။ စနေနေ့ (နိုဝင်ဘာ ၂၄ ရက်) ညနှောင်းပိုင်းက အထပ် ၉ ထပ်ရှိ Tazreen ဖက်ရှင်အဝတ် အထည် စက်ရုံ မီးလောင်ကျွမ်းမှုတွင် အလုပ်သမားများမှာ စက်ရုံအဆောက် အအုံ အတွင်း ပိတ်မိခြင်းနှင့် အချို့မှာ အဆောက်အအုံပေါ်မှ ကြောက်လန့်
တကြား ခုန်ချရာမှ သေဆုံးခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

မီးသတ်သမားများမှာ မီးလောင်ကျွမ်းမှုကို အပြင်းအထန် ကြိုးပမ်းငြှိမ်းသတ်ခဲ့ရပြီး ယနေ့ (နိုဝင်ဘာ ၂၅ ရက်) နံနက်ပိုင်းတွင် မီးကို စတင်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုမှာ လျှပ်စစ်ဝါ ယာရှော့ဖြစ်ရာမှတစ်ဆင့်  စတင် ဖြစ်ပွားခဲ့ဖွယ်ရှိကြောင်း ဒါကာမြို့တော် တာဝန်ရှိသူများက ပြောကြားသည်။


 
 
 
 
 

Planet Myanmar Network

No comments:

Post a Comment