Friday, November 16, 2012

မန္တလေးမြို့တွင် လူတစ်စုက ဆေးဝါးများ လိမ်လည် ရောင်းချလျှက်ရှိ


ယခု ရက်ပိုင်း အတွင်း မန္တလေးမြို့တွင် လူတစ်စုက ဆေးဝါးတစ်မျိုးကို လိမ်လည် ရောင်းချလျှက်ရှိပါသည်။ ဆေဘူး နှင့် ကြောငြာ စာရွက်ပေါ် တွင်  Propolis Classic & Gold  ပရိုပေါလစ် (စ်) ဟု ရေးသား ထားပါ သည်။ ထုတ်လုပ်သည့် ကုမ္ပဏီ၊ ထုတ်လုပ်သည့် ရက်စွဲ၊ ကုန်ဆုံးမည့်
ရက်စွဲ စသည်တို့မပါရှိပါ။ အင်္ဂလန်နိုင်ငံမှ ထုတ်လုပ်သည် ဟုသာ ဖော်ပြထားပါသည်။

ကြော်ငြာ စာရွက်ပေါ်တွင် ပျောက်ကင်းနိုင်သည့် ရောဂါ (၃၂) မျိုးဖော်ပြထားပါသည်။

လိမ်လည် ရောင်းချခြင်းခံရသူက ပြောဆိုရာတွင် ဆေးတစ်ဘူးလျှင် ကျပ်ငွေ ၃၀၀၀၀ ( သုံးသောင်းကျပ်) ပေးရကြောင်း နှင့် ဆေးဘူး အတွင်းတွင် ပျားရည် များထည့်သွင်း ထားကြောင်း ပြောဆိုပါသည်။

by MNN

No comments:

Post a Comment