Tuesday, November 13, 2012

မန္တလေးဆေးရုံရောက် ငလျင်လူနာများ အခြေအနေ တိုးတက်၊ ဆေးကုသစရိတ်နှင့် ဆေးဖိုးဝါးခ အကူအညီလိုအပ်နေ


ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိ သူများမှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသလျက်ရှိသော လူနာ ၁၀ ဦးနှင့် မန္တလေးအရိုးအထူး ကုဆေးရုံကြီးတွင် ၆ ဦးရှိပြီး ၎င်းတို့အခြေအနေမှာ ပိုမိုကောင်း မွန် လာကြောင်း သတင်းရရှိသည်။



သို့သော်လူနာအများစုမှာ ငွေကြေးမပြည့်စုံသူများဖြစ်သောကြောင့် ဆေးကုသစရိတ်နှင့်ဆေးဖိုးဝါးခမှာ ၄င်းတို့အတွက်အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

အရေးပေါ်လူနာဌာနတွင် ၂ ယောက်၊ ခွဲစိပ်ရုံ (၃)တွင် ၄ ယောက်၊ သွားနှင့်ခံတွင်းဌာနတွင် ၁ ယောက်၊ ဦးနှောက်အာရုံကြော ခွဲစိပ်ဌာနတွင် ၃ ယောက် တက်ရောက်ကုသနေသည်ဟု ငွေကြေးသွားရောက်ကူညီလှူဒါန်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မန္တလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက “ဒီရောက်လာတဲ့ လ နာတွေ တော်တော်များများ သက်သာပါတယ်။ သပိတ်ကျင်း၊ စဥ့်ကူး ဘက်ကိုလည်း ခွဲစိပ်အထူးကု ဆရာဝန်ကြီးတွေ ကွင်းဆင်းကုသ ပေးနေတယ်။ လိုအပ်တာတွေ လုပ်ပေးနေပါတယ်” ဟု ပြောသည်။

သပိတ်ကျင်းမြို့နယ် ကဘဲ့ ရပ်ကွက်မှ ဆယ်တန်းကျောင်းသူ မကြည်ပြာ အသက် ၁၇ နှစ်သည် ထိုင်နိုင်နေပြီဖြစ်သည်။ သပိတ်ကျင်းမြို့နယ်မှ ဘုရားရှိခိုးရင်း ဘုရားစင်မျက်နှာကျက်ပြိုကျကာ ပိမိသူ ပညာရေးမှူးအငြိမ်းစား အသက် ၇၉ နှစ်အရွယ် ဦးဘသိန်းမှာ ယနေ့ထိ သတိမရသေးပေ။ စဥ့်ကူးမြို့နယ် နွယ်ရုံရွာမှ ငလျင် လှုပ်ချိန် ထင်းခုတ်ရင်း တောင်ပေါ်မှ လိမ့်ကျကာ ခိုက်မိသူ အသက် ၃၆ နှစ်အရွယ် ကိုသန်းလွင်ဦးမှာ ခေါင်းကိုထိသွားခဲ့ပြီး ယနေ့ထိ သတိမရသေးပေ။

မန္တလေးအရိုးအထူးကု ဆေး ရုံကြီးတွင် လူနာ ၆ ဦး ဆေးကုသမှု ခံယူခဲ့ပြီး လူနာ ၁ ဦး သက်သာ၍ ဆင်းသွားပြီဟု တာဝန်ကျသူနာပြု များထံမှ သိရသည်။ ယခုနောက်ဆုံး အရိုးအထူးကုဆေးရုံကြီးတွင် လူနာ ၅ ဦး ဆေးကုသမှုခံယူနေ ပါသည်။

သို့သော် လူနာအများစုမှာ ငွေကြေးမပြည့်စုံသူများဖြစ်ပြီး ဆေးဖိုးဝါးခနှင့် အခြားကုန်ကျ စရိတ်ကြောင့် ငွေကြေးအခက်အ ခဲကြုံနေရသည်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ လူနာတစ်ဦးလျှင် ကျပ်ငါးသောင်း၊ ၀မ်းတူဝမ်း (one to one) အဖွဲ့ မှ (၄၂၅၀၀) လေးသောင်းနှစ်ထောင့် ငါးရာစီလာရောက် ထောက်ပံ့သွားကြောင်း သတင်းရရှိသည်။
 
 
thn-11-11-12-15
ရွှေဘို ကျောက်မြောင်းတွင် ဒဏ်ရာရရှိသူတစ်ဦးကို အရေးပေါ် ကုသနေစဉ်
hh-eq12 
ရွှေဘို၊ ကျောက်မြောင်းဆေးရုံပြင်ပရှိ လူနာတစ်ဦးနှင့် မိသားစုဝင်များ Photo- AFP

No comments:

Post a Comment