Friday, November 30, 2012

ဒီမိုကရက်တစ်ပါတီ(မြန်မာ) ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပ

ဝါရင့်နိုင်ငံရေးသမား ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ပထမအကြိမ် နိုင်ငံလုံး ဆိုင်ရာ ညီလာခံကို ရန်ကုန်မြို့ ဝိုင်အမ်စီအေခန်းမမှာ ဒီကနေ့မနက် ကျင်းပခဲ့ပါတယ်။

ပါတီတွင်းမှာ တာဝန်ခံလုပ်ကိုင်နေတဲ့သူတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်သလို ပါတီရဲ့လုပ်ငန်းစဉ်တွေကိုလည်း ပြောင်းလဲလုပ်ကိုင်ဖို့ လိုအပ်တာကြောင့် အခုလိုညီလာခံ ကျင်းပရတာ ဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ ဥက္ကဌ ဦးသုဝေက ပြောပါတယ်။

ပါတီညီလာခံကို ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုင်းဥက္ကဌတွေ ပါတီကိုယ်စားလှယ်တွေ ပါတီဝင်တွေ စုစုပေါင်း ၂၅ဝ လောက် တက်ရောက်ခဲ့ကြပါတယ်။

ဒီနေ့ မနက် ၁ဝနာရီကနေ ၁၂နာရီထိ ပါတီညီလာခံဖွင့်ပွဲကို ကျင်းပခဲ့ပြီး ညနေပိုင်းမှာတော့ ပါတီဗဟို အလုပ်အမှုဆောင်အသစ်တွေ ရွေးချယ်ပွဲကို ဆက်လက်ကျင်းပခဲ့ပါတယ်။
RFA

No comments:

Post a Comment