Friday, November 30, 2012

ဖုန်းဖြင့်အင်တာနက်အသုံးပြုမှုကို Download ပမာဏဖြင့် ကောက်ခံခြင်းကို တစ်လရွှေ့ဆိုင်း

 ဖုန်းဖြင့် အင်တာနက်အသုံးပြုမှုကို  ဒီဇင်ဘာလတွင် Download ပမာဏဖြင့် စတင်ကောက်ခံမည်ဟု ကြေငြာခဲ့သည်ကို တစ်လနောက်ဆုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးက ယနေ့ကြေငြာလိုက်သည်။


အင်တာနက် လူမှုကွန်ယက်များတွင် အင်တာနက်အသုံးပြုခကို Download ပမာဏဖြင့် ကောက်ခံမည့်  နှုန်းထားသည် များလွန်းသဖြင့် ဆန္ဒပြမည်ဟု အသံများ ပေါ်ထွက်လာပြီးနောက် ယခုကဲ့သို့ ပြန်လည်ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

Download ပမာဏဖြင့်သာ ဆက်လက်ကောက်ခံမည်ဖြစ်သော်လည်း နှုန်းထားများမှာမူ ယခင်သတ်မှတ်ထားသည့် နှုန်းမဟုတ်တော့ဘဲ ပြောင်းလဲပြင်ဆင် သတ်မှတ်ကာ ထပ်မံကြေငြာပေးမည်ဟု ဆိုသည်။
from -mizzima

No comments:

Post a Comment