Tuesday, November 13, 2012

ဘန်ကောက်လုပ်ငန်းခွင် ရန်ပွဲအပြီး မြန်မာ ၁၇၅ ဦး နယ်စပ်ပြန်ရောက်

Photo: ဘန်ကောက်လုပ်ငန်းခွင် ရန်ပွဲအပြီး မြန်မာ ၁၇၅ ဦး နယ်စပ်ပြန်ရောက်
Tuesday, November 13, 2012 

ဘန်ကောက်တွင် အလုပ်လုပ်ကိုင်စဉ်  အကြောင်းမဲ့ အလုပ်ထုတ်
ခံရသည့် မြန်မာအလုပ်သမား ၁၇၅ ဦး ယနေ့မွန်းလွဲပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့သို့  ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဘန်ကောက်အနီး စမွတ်ပါကန်အရပ်ရှိ 3 PORN ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် စနေနေ့က ထိုင်းနှင့်မြန်မာ အလုပ်သမားများကြား
ဖြစ်ပွားခဲ့သည့်ရန်ပွဲမှ  ပြဿနာ စတင်ခဲ့သည်။

ထိုင်းအလုပ်ကြပ်ကို အလုပ်ရှင်က တစုံတရာ အရေးယူခြင်း မရှိသည့်
အပြင် မြန်မာအလုပ်သမားများကို အလုပ်မှ ထွက်ခိုင်းသဖြင့်
မြန်မာနယ်စပ်သို့ ပြန်လာရခြင်းဖြစ်သည်ဟု  မြန်မာအလုပ်သမားများက
ပြောသည်။

မြန်မာအလုပ်သမား ကိုညီညီက “အလုပ်ရှင်က မလုပ်ချင်တဲ့လူထွက်ဆိုလို့ ထွက်ကြတာပါ အခုပြန်လာတာ အားလုံး ၁၇၅ ဦး အလုပ်ရှင်ဆီမှာ။ ကျွန်တော်တို့ရမဲ့ လုပ်အားခက တယောက်ကို ဘတ် ၃၀၀၀ ကျော် (ဒေါ်လာ ၁၀၀ ခန့်) ရဘို့ ရှိတယ်။ အခုပြန်လာတာ အားလုံး လက်မဲ့ဘဲ။ တယောက်မှ ပိုက်ဆံမရှိဘူး။ ထမင်းလည်း မစားရသေးဘူး” ဟု ပြောသည်။

အဆိုပါ 3 PORN ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် မြန်မာအလုပ်သမား ၉၀၀ ကျော် ရှိခဲ့ပြီး နယ်စပ်သို့ ပြန်မလာသူများမှာ အလုပ်အကိုင်အသစ်
ရှာဖွေရန် ဘန်ကောက်ဒေသတွင် ကျန်ရစ်ခဲ့သည်ဟု  မြန်မာအလုပ်သမား
တဦးဖြစ်သူ ကိုအောင်က ပြောသည်။

“ပြဿနာဖြစ်ပြီးတဲ့နောက်ပိုင်း အခြေအနေကို မြန်မာသံရုံးက မြန်မာ
အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင် လာရောက်ဖြေရှင်းပေးတဲ့အတွက် အလုပ်ရှင်က အလုပ်ထွက်မယ့် အလုပ်သမားတွေရဲ့လက်ကျန် လုပ်အားခတွေကိုပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ဒီမနက် ပြန်လာတော့ အလုပ်ရှင်က တပြားမှ မပေးဘူး။ အခု ဘယ်လိုနေလို့ ဘယ်လိုစားရမလဲ မသိတော့ဘူး” ဟု  မြ၀တီသို့ ရောက်လာသည့် ကိုအောင်က နေ့ခင်းပိုင်းတွင် ဧရာဝတီကို ပြောပြသည်။

(ယနေ့ ညနေ ၅ နာရီခွဲနောက်ဆုံးရရှိသည့် သတင်းအရ  လက်ကျန်
လုပ်အားခများကို အလုပ်ရှင်က  မြ၀တီမြို့ရှိ သောင်းရင်းခန်းမတွင် လာရောက် ပေးအပ်ခဲ့သည်ဟု အလုပ်သမားတဦးဖြစ်သည့် ကိုစိုးက ပြောသည်။)

ပြန်လည် ရောက်ရှိလာသူများသည် ယာယီနိုင်ငံကူး အလုပ်သမားလက်မှတ်
ရှိသူများဖြစ်ကြောင်း၊ ထိုင်းအာဏာပိုင်တို့နှင့် တိုင်ပင်မည် ဖြစ်ကြောင်း  ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ၏ ဒါရိုက်တာ ဦးကျော်သောင်းက ဆိုသည်။

“ဒီပြဿနာကြောင့် မြန်မာအလုပ်သမားနှစ်ဦး အပြင်းအထန် ဒဏ်ရာရလို့
ဆေးရုံတင်ထားရတယ်။ ကျွန်တော်တို့ဘက်ကတော့ ဥပဒေကြောင်းအရ နစ်နာမှုတွေ ရရှိဘို့အတွက် သက်ဆိုင်ရာ ထိုင်းအလုပ်သမား ၀န်ကြီးဌာနနဲ့ တိုင်ပင်ပြီး ဥပဒေကြောင်းအရ အရေးဆိုသွားမှာဖြစ်တယ်” ဟု မြ၀တီမြို့တွင်
ရောက်ရှိနေသည့် ဦးကျော်သောင်းက ဧရာဝတီသတင်းဌာနကိုပြောသည်။

မြန်မာအလုပ်သမားများကို  မြ၀တီမြို့ရှိ သောင်းရင်းခန်းမတွင် လက်ခံ
ထားသည်ကို တွေ့ရသည်။ လိုအပ်မှုများကို စီစဉ်ဆောင်ရွက်ပေးလျက်
ရှိသည်ဟု မြ၀တီခရိုင်အလုပ်သမားရေးရာ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါလုပ်ငန်းခွင်တွင် တနေ့တာလုပ်အားခကို ဘတ် ၃၀၀ ပေးသည်ဟု သိရသည်။ သို့သော်လည်း ရန်ပွဲအပြီး အလုပ်ရှင်၏ မတရားပြုကျင့်မှု ကို လက်မခံနိုင်သည့်အတွက် အလုပ် ထွက်ကြခြင်းဖြစ်သည်ဟု အလုပ်သမားများက ဆိုသည်။

မြ၀တီရှိအလုပ်သမားဦးစီးဌာနမှ အမျိုးသမီးအရာရှိတဦးကနေရပ်ပြန်လို
သူများ၊ ထိုင်းသို့ပြန်သွားလိုသူများကို ကူညီပေးမည်ဟု  ပြောကြားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ ၇၆ ခရိုင်တွင် ယာယီနိုင်ငံကူးလက်မှတ်ဖြင့် တရားဝင် အလုပ် လုပ်ကိုင်နေသည့် မြန်မာအလုပ် သမား ၁၂ သိန်းခန့် ရှိသည်ဟု မြန်မာနှင့်
ထိုင်းအလုပ်သမား ၀န်ကြီးဌာနတို့၏ မှတ်တမ်းများအရ သိရှိရသည်။ 

Sithu Linn
ဧရာဝတီ
ဘန်ကောက်တွင် အလုပ်လုပ်ကိုင်စဉ် အကြောင်းမဲ့ အလုပ်ထုတ်ခံရ သည့် မြန်မာအလုပ်သမား ၁၇၅ ဦး ယနေ့မွန်းလွဲပိုင်းတွင် ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြ သည်။ဘန်ကောက်အနီး စမွတ်ပါကန်အရပ်ရှိ 3 PORN ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် စနေနေ့က ထိုင်းနှင့်မြန်မာ အလုပ်သမားများကြားဖြစ်ပွားခဲ့သည့်ရန်ပွဲ
မှ ပြဿနာ စတင်ခဲ့သည်။

No comments:

Post a Comment