အီဂျစ်နိုင်ငံတွင် သူငယ်တန်း ကျောင်းသူကျောင်းသား ကလေးငယ်များ တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးအား အရှိန်ပြင်းစွာ ခုတ်မောင်း လာ သည့် ရထားတစ်စင်းက တိုက်မိခဲ့ရာ အနည်းဆုံး ကလေး ၅၀ ဦးခန်က သေဆုံးကြောင်း သိရသည်။ နိုဝင်ဘာ ၁၇ ရက်က အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တောင်ဘက် မိုင် ၃၁၀ အကွာရှိ မင်ဖလော့တ်မြို့
တွင် ဖြစ်ပွားခဲ့သည့် ထိုမတော်တဆဖြစ်ရပ်တွင် ဘတ်စ်ကားယာဉ်မောင်းလည်း သေဆုံးသွားသည်။
သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာနိုင်ကြောင်းလည်း တာဝန်ရှိသူများက ပြောကြားသည်။ ရထားလမ်းနှင့် ကားလမ်ဆုံသည့် ဖြတ်လမ်းနေရာကို ရထားခုတ်မောင်း ဝင်ရောက်လာနေစဉ် ကားလမ်အား ပိတ်မထားခြင်းကြောင့် အဆိုပါ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံ လုံခြုံရေးအရာရှိ၏အဆိုကို AP သတင်းက ဖော်ပြသည်။
ဒဏ်ရာရရှိသည့် ကလေးငယ် ၁၁ ဦးခန့်ကို ဆေးရုံနှစ်ရုံကုသပေးနေရပြီး အများစုမှာ ခြေလတ် ပြတ်တောက်သည့် ဒဏ်ရာများရရှိထားခြင်းဖြစ်ကြောင်း ဆရာဝန်များက ပြောကြားသည်။ ရထားတိုက်ခံရသည့် ဘတ်စ်ကားပေါ်တွင် ကျောင်းသူကျောင်းသား ကလေးငယ် ၅၀ ကျော် လိုက်ပါလာကြောင်း သိရသည်။
Photo From :Planet Myanmar Network

No comments:
Post a Comment