Saturday, November 3, 2012

တမခ ( ၄၄ ) နှင့် ကေအင်န် အယ်လ်အေ တမဟ ( ၁ ) ပူးပေါင်း ဘောလုံး အသင်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဘောလုံး အသင်းတို့ ချစ်ကြည်ရေး ဘောလုံး ပြိုင်ပွဲ


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မြို့နယ် အားကစား ကွင်းတွင် တမခ(၄၄) နှင့် ကေအင်န် အယ်လ်အေ တမဟ (၁) ပူးပေါင်း ဘောလုံး အသင်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဘောလုံး အသင်းတို့ ချစ် ကြည်ရေး ဘောလုံး ပြိုင်ပွဲကို ၃၁-၁၀-၂၀၁၂ ရက်နေ့ ညနေပိုင်း တွင်ကျင်းပ ပြု လုပ်ခဲ့ ပါသည်။ ညနေ ၂ နာရီမှ ၄ နာရီ ၄၀ မိနစ်အထိ ရုပ်ရှင် သရုပ်ဆောင် များက ဘောလုံး ပြိုင်ပွဲသို့ လာရောက် အားပေး ကြည့်ရှုကြသော ပရိတ်သတ် များကို တေးသီချင်း များဖြင့် သီဆို ဖျော်ဖြေခဲ့ ကြသည်။ ဆက်လက် ပြီး ဘော လုံး ပြိုင်ပွဲကို ၄ ၄ာရီ ၄၀ မိနစ်မှ ၅ နာရီ ၄၅ မိနစ်အထိ ယှဉ်ပြိုင် ကစားကြရာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး အသင်းက ကေအင်န် အယ်လ်အေ တမဟ(၁) ပူးပေါင်း ဘောလုံး အသင်းကို ၂ ဂိုး- ဂိုးမရှိ ဖြင့်အနိုင် ရရှိခဲ့သည်။ အဆိုပါ ဘောလုံး ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၊ မွန်ပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးဝင်းမော်ဦး၊ ကရင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောအောင်ကျော် သိန်း၊ တမခ(၄၄)မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယ ဗိုလ်မှူးကြီး ကျော်စွာငြိမ်း၊ ကေ အင်န်အယ်လ်အေ တပ်မဟာ(၁)မှ ဒုတပ်မဟာမှူး အဆင့်ရှိ စောပလေ့တို့ တက်ရောက် အားပေးခဲ့ပြီး ပရိတ်သတ် ၁၀၀၀၀ ကျော် ကြည့်ရှု အားပေး ခဲ့ပါသည်။ ဘောလုံးပြိုင်ပွဲ အပြီးတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က လှူဒါန်းငွေ ကျပ် ၅၀ သိန်း၊ ဘောလုံးပြိုင်ပွဲ ကွင်းဝင်ကြေး ၄၃၃၀၀၀၀ ကျပ်၊ စုစုပေါင်း ငွေကျပ် ၉၃၃၀၀၀၀ ကျပ်ကို ဘီးလင်းမြို့နယ်၊ ပညာရေး ဌာနသို့ ပညာရေး ရန်ပုံငွေအဖြစ် ပေး အပ် လှူဒါန်းခဲ့ရာ မြို့နယ် ပညာရေးမှူး ဦးမျိုးဝင်းက လက်ခံရယူ ခဲ့ကြောင်း သိရှိရ ပါသည်။

From -မြ၀တီ

No comments:

Post a Comment