Monday, November 12, 2012

မန္တလေးတိုင်း(၃၁)မြို့နယ်မှ အသေးစားငွေချေးလုပ်ငန်းများအတွက် ကျပ်သိန်းတစ်သောင်းကျော် ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်း ထုတ်ပေး

http://www.myitmakhamediagroup.com/administratorpanel/image/12-11-12-4.JPG
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃၁) မြို့နယ်မှ တောင်သူများနှင့် အသေးစားငွေချေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် သမ၀ါယမအသင်း များအတွက် ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက ထုတ်ချေးငွေ စုစုပေါင်း ကျပ်သိန်းတစ်သောင်းကျော် ပေးအပ်ပွဲ အခမ်းအနားကို  မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ သမ၀ါယမကောလိပ် တွင် ကျင်းပခဲ့သည်။

 
 
သမ၀ါယမအသင်းများအား တောင်သူများနှင့်အသေးစားငွေချေးလုပ်ငန်းများအတွက် သမ၀ါယမပြည်ထောင်စု ၀န်ကြီးက  ငွေကျပ်(၁၃၀၂၄.၂၅)သိန်းအား ပေးအပ်ခဲ့ခြင်းဖြစ်သည်။
 
 
တောင်သူလယ်သမားများ၏ အဓိက လိုအပ်ချက်များ၊ သမ၀ါယမအင်းလုပ်ငန်းများ လုပ်ဆောင်ရန်နည်းလမ်း များနင့် ယခင် သမ၀ါယမအသင်းများ ဖွဲစည်းခဲ့စဉ်က လုပ်ဆောင်ချက်များနှင့် အသစ်ဖွဲ့စည်းထားသော သမ ၀ါယမအသင်းများ၏ မတူညီသည့်လုပ်ဆောင်ချက်များအားဝန်ကြီးကအခမ်းအနား၌ရှင်းလင်းပြောကြားခဲ့ ကြောင်း ကိုလည်း သိရသည်။
 
 
မြို့နယ်အနေနဲ့ သမ၀ါယမအသင်း(၁၆)သင်း၊ အသင်းသားဦးရေ(၁၃၇၃)ဦးနဲ့  ဖွဲ့စည်းလုပ်ကိုင်နေပါတယ်။ အခုချိန်မှာ စုဆောင်းတော့ မရှိသေးဘူး၊ ဒုတိယအကြိမ်ကျတော့မှ ဆုဆောင်းငွေတွေ ရလာရင်အသင်း အနေနဲ့ တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ အရင်ကထက်  အခုချိန်မှာ သမ၀ါယမအသင်းတွေ တိုးတက်လာမယ် လို့ ထင်ပါတယ်။ဟု မန္တလေးတိုင်းစဥ့်ကူးမြို့နယ် သမ၀ါယမအသင်းဥက္ကဌ ဦးစိုးကိုက ပြောသည်။
 
 
ယခင်ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံထက် ပိုမိုအခွင့်အလမ်းကောင်းမွန်သည့် သမ၀ါယမအသင်းမှာ လုပ်သင့်သည့် လုပ်ငန်းဖြစ်ကြောင်း ၊ မျှတညီညွတ်၍ ကျစ်လစ်ခိုင်မာစည်းကမ်းရှိသည့်အသင်းသားများ ဖြစ်လာပါက အခြေခံသမ၀ါယမအသင်းများအနေဖြင့် တိုးတက်ခိုင်မာလာမည်ဖြစ်ကြောင်း ၎င်း၏အမြင်အား ဆက်လက် ပြောကြားခဲ့သည်။
 
 
ရှေဆက်ပြီးတော့ အသင်းသားတောင်သူတွေရဲ့ တိုးတက်ရာတိုးတက်ကြောင်းတွေကို လုပ်ဆောင်သွားမှာပါ။ တောင်သူတွေကို အကူအညီပေးတဲ့လုပ်ငန်းဖြစ်လို့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ တောင်သူတွေကလည်း ကျေးဇူးတင်ကြပါတယ်။ အခြေခံ လူတန်းစားတိုးတက်ရေးအတွက် လုပ်ပေးတာဆိုတော့ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့ အလုပ်ပါ။ဟု မိုးကုတ်မြို့နယ် သမ၀ါယမအသင်းစု ဥက္ကဌ ဦးမောင်မောင်ကြီးက သုံးသပ်ပြောကြားခဲ့သည်။

မြစ်မခ - သတင်းဌာန
http://www.myitmakhamediagroup.com/administratorpanel/image/12-11-12-4.JPG

No comments:

Post a Comment