Tuesday, November 13, 2012

လေမြို့မြစ် သဲသောင်ပေါ် ရွှေမှုန်များ တွေ့ရှိ


http://khonumthungburmese.org/wp-content/uploads/2012/11/Damsite-map1.jpg


ချင်းပြည်နယ်အတွင်း ဒုတိယအကြီးဆုံးမြစ်ဖြစ်သည် လေးမြို့မြစ် (ပလက်ဝ နယ်) သဲသောင်ပေါ် တွင် ရွှေမှုန်လေးတွေ တွေ့ရသည်ဟု ယနေ့ဆိုသည်။
“ မြစ်ကမ်းနံဘေးက ကျောက်တွေကို ခွဲကြည့်ယင် အထဲမှာ ရွေဝါရောင် အပြောက်ကလေးတွေ ရှိတယ်၊ သဲပေါ်မှာလည်း ရွှေမှုန်လေးတွေတွေ့ ရတယ်၊ အဲဒါတွေကို တရုတ်တွေက ယူသွားကြ တယ်” ဟု ဆက်ပြောသည်။

အဆိုပါဒေသသည် ၂၀၀၉ ခုနှစ်မှ စပြီး ShwetaungHydropower Co.Ltd, Juction Model and High Tech Company (Myanmar), China Datang Overseas Investment Co.Ltd, နှင့် Hydro China Xibei Engineering Company တို့မှ တရုတ် အင်ဂျင်နီယာ ၁၀ဦးနှင့် မြန်မာ အင်ဂျင်နီယာ တစ်ဦးတို့က ကွပ်ကဲပြီး ရေကာတာကို တည်ဆောက်ခဲ့ကြသည်။
လေးမြို့မြစ်သည် သဲသောင်၊ ကျောက်များ ပေါများသဖြင့် အနာဂါတ် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ၁၉၆၀ ခုနှစ်တုန်းက ဘူမိဗေဒ ပညာရှင်များ လေ့လာချက်အရ ဤ ဒေသတွင် ရေနံကြောများရှိသည်ဟု ပြောကြသည်။
“ ချင်းပြည်နယ် ၀န်ကြီးချုပ် ကိုယ်တိုင် ယခု နှစ် ဇန္န၀ါရီလ ၂၇ရက်နေ့မှာ ကွင်းလာဆင်းခဲ့တယ်၊ ဒါပေမဲ့ ရေကာတာ အ ကောင် အထည်ဖော်မှုကို ယခုနှစ် မိုးရာသီမှာ ရပ်နားလိုက်တာဖြစ်တယ်၊ ရဲတွေနဲ့ ဒေသခံတွေကိုတော့ အစောင့်ချ ထား တယ်” ဟု ကိုဖေချေ ရပ်ရွာလူကြီးတဦးက ပြောသည်။
လေးမြို့ မြစ်ကို တမံပိတ်ပြီး ရေကာတာ တည်ဆောက်မည်ဆိုပါက မြစ်ကို အမှီပြု ပြီးနေထိုင် စားသောက်နေသည့် ရွာပေါင်း ၆၀ ခန့်ရှိပြီး လူဦးရေအားဖြင့် ၂၀၀၀၀ နီးပါးရှိမည်ဟု ခန့်မှန်းရပြီး ရေကာတာ တည်ဆောက်မှုကို မလိုလား ကြကြောင်း သိရသည်။
“ရေကာတာ ဆိုးကျိုးကောင်းကျိုးတွေကို ကျတော်တို့က နားမလည်ဘူး၊ ရေကာတာ တည်ဆောက်လို့ ရွာတွေ ပြောင်း ရွေ့ခိုင်းမယ်၊ ဥယာဉ်ခြံ၊ စိုက်ခင်းတွေ ဆုံးရှူံးမယ် ဆိုတာကိုပဲ စိုးရိမ်နေရတယ်” ဟု ဒေသခံ တဦးက ဆိုသည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ဒေသခံလူငယ်များဦးဆောင်ဖွဲ့စည်းသည့် “ လေးမြို့ကို ကယ်တင်ပါ” အဖွဲ့မှ ရေကာတာ ဆက်လက် မတည်ဆောက်ရေး လှုပ်ရှားနေကြသည်။
“ ကျတော့်စိုက်ခင်းကို သိန်း ၂၀၀ လျော်ကြေးပေးယင်တောင်မှ လက်ခံမှာမဟုတ်ဘူး၊ အကြောင်းက သိန်း ၂၀၀ က တခါပဲ ရတာ၊ ကျတော့် ခြံက နှစ်စဉ် ၀င်ငွေ ရမယ့် ဟာလေ ” ဟု သံထောင်ရွာက ဒညင်းခြံပိုင်ရှင်တဦးက ပြောသည်။
အဆိုပါဒေသတွင် ဒညင်း၊ ရာဘာ၊ ကျွန်းသစ်နှင့် နှစ်ရှည်စားသုံးသီးနှံများ၊ ပဲအမျိုးမျိုး၊ မြေပဲ၊ ငရုတ်၊ ၀ ဥ အဓိက ဖြစ် ထွန်းပြီး ချင်းပြည်နယ်၏ အနာဂါတ်ခိုကိုးရာ စပါးကျီဖြစ်လာနိုင်သည်ဟု ဆိုသည်။

ခိုနှုမ်းထုန် 
http://khonumthungburmese.org/wp-content/uploads/2012/11/Damsite-map1.jpg

No comments:

Post a Comment