Thursday, November 8, 2012

ခုနှစ်နှစ်ရပ်ဆိုင်းခဲ့သည့် ထိုင်း-မြန်မာ နယ်စပ်ဆွေးနွေးပွဲများ ပြန်လည်စတင်မည်

(Bangkok Post သတင်းစာမှ 7 Nov 2012 ရက်စွဲပါ Border meetings reviveafter 7-year hiatus ကိုဘာသာပြန်ဆိုသည်)
နှစ်နိုင်ငံနယ်စပ်ဒေသဆိုင်ရာဆွေးနွေးပွဲကို ခုနှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနှင့်မြန်မာနိုင်ငံတို့   နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။မြန်မာနိုင်ငံ၏ပြည်တွင်းရေး အရှုပ်တော်ပုံများကြောင့် ယင်းဆွေးနွေးပွဲမှာပြီးခဲ့သည့် ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလကတည်းက ရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံခြာရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်နှင့် ထိုင်းမြန်မာပူးတွဲနယ်စပ်ရေးရာကော်မတီ(JBC)၏အကြီးအကဲဖြစ်သူ VasinTeeravechayan က မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးဇင်ယော်နှင့် နေပြည်တော်၌ကျင်းပပြုလုပ်မည့် JBC ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲတွင်ဥက္ကဌအဖြစ် တာဝန်ယူမည် ဖြစ်သည်။
ဆွေးနွေးပွဲကို နိုဝင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
ယခုလိုဆွေးနွေးပွဲပြန်လည်ကျင်းပပြုလုပ်နိုင်ခြင်းကို "ကောင်းသောစတင်ခြင်း" အဖြစ် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မစ္စတာ Vasin Teeravechayan က သတ်မှတ်ပြောဆိုသည်။
ခုနှစ်နှစ်အတွင်း ပထမဆုံးဆွေးနွေးပွဲစတင်ကျင်းပပြုလုပ်သည်နှင့်တစ်ပြိုင်နက် နှစ်ဖက်စလုံးက လာမည့်လများအတွင်း နယ်စပ်ဖြတ်ကျော်မှု ဆိုင်ရာ အရေးကိစ္စများတိုးတက်ကောင်းမွန်ရေးကို ဆွေးနွေးကြဖွယ်ရှိသည်။
"နှစ်ဦးနှစ်ဖက်ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှုတည်ဆောက်နိုင်ပြီဆိုရင် နောက်တစ်ကြိမ် ထိုင်းနိုင်ငံမှာပြုလုပ်မယ့် ဆွေးနွေးပွဲမှာ နယ်စပ်အရေးကိစ္စကို အလေးအနက်ထား ဆွေးနွေးနိုင်မယ်လို့ ထင်ပါတယ်" ဟု ၎င်းကပြောသည်။
ယခုဆွေးနွေးပွဲတွင်ပါဝင်ဆွေးနွေးမည့်အကြောင်းအရာများ၌ ကချနာဘူရီပြည်နယ်ရှိ Ban Nam Pu Ron ယာယီနယ်စပ်စစ်ဆေးရေးစခန်း အခြေအနေတိုးတက်ကောင်းမွန်အောင်ပြုလုပ်ရေးလည်း ပါဝင်မည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများ စတင်လည်ပတ်ချိန်တွင်အဆိုပါ နယ်စပ်စစ်ဆေးရေးစခန်းများလည်း တိုးတက် ကောင်းမွန်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ယခုအခါတိုးမြင့်လျက်ရှိသည်ဖြစ်ရာ Prachuap Khiri Khan ပြည်နယ်ရှိ Singkorn ယာယီနယ်စပ် စစ်ဆေးရေးဂိတ် တိုးတက်ကောင်းမွန်ရေးအတွက်လည်း ယခုဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်း၏အဆိုအရသိရသည်။
From -TransparencyMyanmarblog

No comments:

Post a Comment