Thursday, November 8, 2012

ဗင်နှင့် ပရိုဗောက်ထက် Sticker ကြော်ငြာ ပိုမိုရရှိနေသည့် ချယ်ရီ


 
ချယ်ရီကားများမှာ အခြားကားများထက် ကြော်ငြာခနှုန်းထားပိုမို  သင့် လျော်     ခြင်း  ကုမ္မဏီနှင့် ကားသမားများ နှစ်ဖက် အဆင်ပြေခြင်းေ ကြာင့် စတေ ကာကြော်ငြာ ရရှိမှုမှာ အခြားကား အမျိုးအစား များထက် ပိုမို များပြား လာခြင်းဖြစ်ကြောင်း  ၀န်ဆောင်မှုပေးသည့် ကုမ္ပဏီများထံက သိရသည်။



လက်ရှိ ကြောငြာကပ်ရန် အပ်ထားသည့်ကား စုစုပေါင်း ခန့်မှန်းချေ (၅၀၀) ခန့်ရှိပြီး ချယ်ရီအစီး (၄၀၀) ခန့်၊ AD Van အစီး (၄၀) ခန့် နှင့် Provox ကားအစီးရေ (၆၀) ခန့် ရှိကြောင်း  39 ကုမ္ပဏီက သိရသည်။
ကျန်ကားများဖြစ်သည့် ADVanနှင့် Provoxကဲ့သို့သော ကားများမှာကားဘော်ဒီဆိုဒ်ကြီးသဖြင့် ကြော်ငြာနှုန်း ထားဈေးကြီးခြင်းကြောင့်  ကြော်ငြာ  ခိုင်းသည့် ကုမ္ပဏီနည်းခြင်းဖြစ်သည်ဟု သိရသည်။
 “ကျွန်တော်တို့ဆီမှာ ကားကြီးနဲ့ ကားသေးအကုန်လုံး ၀န်ဆောင်မှု ပေးပါတယ်။ ကားတွေကို ပေးတဲ့ ဈေးနှုန်းကတော့ သူတို့ဘာသာ ညှိကြတာဆိုတော့ ကျွန်တော်တို့ မသိပါဘူး။ လက်ရှိတော့ အစီးရေ (၂၀)လောက် ၀န်ဆောင်မှု ပေးပြီးသွားပါပြီ၊ ကျွန်တော်တို့ က ကြော်ငြာ လာကပ်တယ်ဆိုတာနဲ့ တစ်ခါတည်း အားလုံး အပြီးအစီး လုပ်ပေးပါတယ်၊ က.ည.န မှာ လိုင်စင်ခွန်တို့၊  စည်ပင်မှာ ဒဏ်ကြေး ဆောင်တာတို့ အပြီးပေါ့ဟု ပြောသည်။” ဟု ကြော်ငြာဝန်ဆောင်မှုပေးသည့် Thirty Nine ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင် ကြော်ငြာဝန်ဆောင်မှုများ ပေါ်ပေါက်စဉ်ကာလက လူသိနည်းသောကြောင့် ၄င်းကုမ္ပဏီများ ကိုယ်တိုင်  ကိုယ်တိုင်သွားရောက် ၀န်ဆောင်မှုပေးခဲ့ရသော်လည်း ယခုနောက်ပိုင်း လူသိများလာ သောကြောင့် မိမိကား ကြော်ငြာကပ်ရရန်ပင် မရသည့် ကားများပင် အများအပြားရှိလာကြောင်း Taxi သမားများထံက သိရှိရသည်။
“ကျွန်တော့်ကားဆို ကြော်ငြာကပ်ထားတာ လေးနှစ်လောက်ရှိပြီ။ ကျွန်တော် စကပ်တုန်းက တစ်နှစ်ကို သုံးသိန်းခွဲအထိ ရတယ်။ ဒါပေမယ့် အခွန်ကိစ္စကတော့ ကိုယ့်ဘာသာကိုယ် ရှင်းရတယ်။ အခု ကျွန်တော် တစ်နှစ်ကို နှစ်သိန်းခွဲပဲ ရတော့တယ်။ ဒါတောင် ကျွန်တော့်ကားက Van မို့လို့၊ ပြီးတော့ ကားကလည်း အဖြူဆိုတော့ အရောင်မရွေးဘူး။ ဒါပေမဲ့ အခွန်ကိစ္စပိုင်းကျတော့ အစကလို မရှုပ်တော့ဘူး။ သူတို့ဘာသာ ရှင်းပေးတယ်” ဟု Taxi မောင်းသမားတစ်ဦးဖြစ်သူ ကိုဇော်က ပြောသည်။
Taxi  အတွင်းပိုင်း ကြော်ငြာများမှာ  သောင်းဂဏန်းသာ ရရှိကြောင်းကိုလည်း သိရှိရသည်။  ကားကြီး များဖြစ်သော အဝေးပြေးယာဉ် များနှင့် မြို့တွင်း Bus Car ကြီးများတွင် ကြော်ငြာကပ်ပါက တစ်နှစ်လျှင် ငါးသိန်းမှ ခြောက်သိန်းဝန်းကျင်အထိ ရရှိကြောင်းကိုလည်း မြို့တွင်း ခရီးသည်တင်ယာဉ်မောင်းနှင်သူ များထံက သိရှိရသည်။
မြန်မာနိုင်ငံတွင် စားသုံးကုန်၊ လူသုံးကုန်နှင့် အခြားကုန်ပစ္စည်းများအား မီဒီယာများ၌ သာမက ကားတင်သွင်းခွင့်မူဝါဒဖြေလျော့ပြီးနောက် များပြားလာသည့် ကားအသစ်များတွင် စတေကာ ကပ်သည့် ကြော်ငြာဝန်ဆောင်မှုမှာ ခေတ်စားလာသည်။
ကြော်ငြာအများစုမှာ ပိုက်ဆံအကုန်အကျနည်း၍ ထိရောက်စွာ ကြော်ငြာနိုင်သော နည်းလမ်းများ အသုံးပြုလာကြရာ ကားများတွင် Sticker များကပ်၍ ကြော်ငြာမှုကို အားထားလာခြင်းဖြစ်သည်။
“ကျွန်တော့်ကားမှာ ကြော်ငြာသွားကပ်တာ ကားက ချယ်ရီဆိုတော့ ကားတစ်စီးလုံးအပြည့်ကပ်တာ တစ်နှစ်ကို နှစ်သိန်း ရတယ်။ သူတို့က တစ်ခါတည်း က.ည.န မှာ လိုင်စင်ခွန်ရယ်၊ စည်ပင်မှာ ဒဏ်ကြေးရယ် အပြီးဆောင် ပေးတယ်။ ကြော်ငြာအတွက်ကတော့ ကျွန်တော်တို့ကပဲ အဲဒါတွေ ၀န်ဆောင်မှုပေးတဲ့ ကုမ္မဏီတွေဆီကို သွားရတယ်။ ပြီးရင် ကိုယ်ကားအရောင်နဲ့လိုက်ဖက်တဲ့ ကြော်ငြာတွေ သူတို့က ရွေးပေးတယ်။ ကိုယ်ကြိုက်တဲ့ ကြော်ငြာ ကပ်ပေါ့။ အရောင်မကြိုက်သေးရင် ကိုယ့်ကားနံပါတ်ပေးခဲ့ပြီး သူတို့က အဆင်ပြေတဲ့ အချိန် ဖုန်းလှမ်းလှမ်းဆက်ပေးတယ်” ဟု Taxi မောင်းသမားတစ်ဦးဖြစ်သူ ကိုကျော်မင်းက ပြောသည်။
ကားပိုင်ရှင်များလည်း လိုင်စင်ခွန်၊ စည်ပင်ခွန်များ သက်သာသည့်အပြင် ကြောငြာခ အသားတင် ရရှိသဖြင့် ကားတွင် ကြော်ငြာSticker ကပ်ရန် ပိုမိုစိတ်ဝင်စားကြလာခြင်းဖြစ်သည်ဟု သိရသည်။
From -မြစ်မခ

No comments:

Post a Comment