Thursday, November 8, 2012

ပဲဆီပုံး အတွင်း ဝှက်ယူလာသော ကျောက်စိမ်း အရိုင်းတုံးများ ဖမ်းဆီး ရမိ


မြစ်ကြီးနားမြို့ ပမ္မတီး ရပ်ကွက်ရှိ မြစ်ကြီးနား- ဗန်းမော်သွား စက်လှေဆိပ်တွင် တရားမဝင် ကျောက်စိမ်း အရိုင်းတုံး များကို နိုဝင်ဘာ ၄ ရက်က ဖမ်းဆီး ရမိခဲ့သည်။



ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲက နယ်မြေခံ ရဲတပ်ဖွဲ့ ဝင်များနှင့် စက်လှေ ဂိတ်မှူးတို့ လိုက်ပါ ၍ မြစ်ကြီးနားမှ ဗန်းမော်သို့ သွားမည့် လူနှင့် ကုန်ပစ္စည်း များကို စစ်ဆေး စဉ် အောင်မင်းနိုင် (ခ) ဟန်ဇော်ထွန်း သယ်ဆောင် လာသည့် ရွှေမန်း ပဲဆီသန့် ဆီပုံး နှစ်ပုံး အတွင်း ကျောက်စိမ်း အရိုင်းတုံး အကြီး ငါးတုံး၊ အသေး ၁၂ တုံး စုစုပေါင်း ၅၃ ပိဿာ ခန့် အား ရှာဖွေ သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။

ကျောက်စိမ်း အရိုင်းတုံးများ သယ်ဆောင် လာသူ အောင်မင်းနိုင် (ခ) ဟန်ဇော် ထွန်းအား စစ်ဆေး မေးမြန်းရာ ပိုင်ရှင်မှာ တပ်ကုန်းရပ်ကွက် ဧဒင် နယ်မြေ လမ်းသွယ် (၁၁)နေ ချိုချိုမာ ဖြစ်ကြောင်း သိရှိရပြီး ပိုင်ရှင်အား အမြန်ဆုံး ဖမ်းဆီး ရမိရေး ဆောင်ရွက်ပြီး သယ်ဆောင် လာသူ အောင်မင်းနိုင် (ခ) ဟန်ဇော်ထွန်း ၂၉ နှစ် (ဘ) ဦးဌေးဝင်း ဗန်းမော်မြို့ နေသူအား အမှတ် (၂) ရဲတပ်ဖွဲ့ စခန်းမှ (ပ) ၂ဝ၃/ ၂ဝ၁၂ ကျောက်မျက် အက်ဥပဒေ ပုဒ်မ ၄၂ (က) အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
From -မြ၀တီ

No comments:

Post a Comment