Thursday, November 8, 2012

“ခေါင်းဆောင်သစ်ထွက်ပေါ်လာမည့် တရုတ်ကွန်မြူနစ်ပါတီ၏ ၁၈ ကြိမ်မြောက် ပါတီကွန်ဂရက်”

တရုတ်ကွန်မြူနစ်ပါတီ၏ (၁၈)ကြိမ်မြောက် ကွန်ဂရက်အား ပေကျင်းမြို့ တီအန်မင် ရင်ပြင်ရှိ Great Hall တွင် ယနေ့ စတင်ပြုလုပ်ခဲ့သည်။ ကမ္ဘာ့လူဦးရေ အများဆုံး တရုတ်နိုင်ငံအား လာမည့်ဆယ်နှစ်တာ ကာလအတွင်း ဦးဆောင်မှုပေးမည့် ခေါင်းဆောင်သစ်ခန့်အပ်မည့်
ကွန်ဂရက်အား နိုဝင်ဘာ (၈)ရက်နေ့မှ (၁၄)ရက်နေ့အထိ တစ်ပတ်ကြာ



ကျင်းပသွားမည် ဖြစ်သည်။ 


အဆိုပါကွန်ဂရက်သို့ တရုတ်နိုင်ငံ တ၀ှမ်းမှ ကိုယ်စားလှယ် (၂၂၀၀)ဦး တက်ရောက်ခဲ့ကြသည်။ ကွန်ဂရက်သို့ တက်ရောက်လာသော ကိုယ်စားလှယ်များ၏ အဓိကတာဝန်မှာ ဗဟိုကော်မတီဝင် (၃၅၀)ခန့်အား ရွေးချယ်ရေးဖြစ်ပြီး ဗဟိုကော်မတီက ပေါ်လစ်ဗျူရို အဖွဲ့ဝင် (၂၅)ဦး နှင့် နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များအား ထိန်းချုပ်သော ဗဟိုစစ်ဘက် ကော်မရှင်အား ရွေးချယ် ခန့်အပ်ရေုးဖြစ်သည်။ ထို့အတူ ဗဟိုကော်မတီက ပေါ်လစ်ဗျူရိုအဖွဲ့ဝင် (၇)ဦးမှ (၉)ဦး အထိပါဝင်သော ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီကိုလည်း ခန့်အပ်တာဝန်ပေး ရမည်ဖြစ် သည်။

ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီသည် နိုင်ငံ၏ အမြင့်ဆုံး အဆုံးအဖြတ်ပေးနိုင်သည့် အဖွဲ့ဖြစ်ပြီး လက်ရှိတရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ သမ္မတ ဟူကျင်တောင်းက ဦးဆောင်မှုပေးသည်။ ယခုကွန်ဂရက်တွင် ဒု-သမ္မတရှီကျင်းပင်အား အထွေထွေအတွင်းရေးမှူး အဖြစ် ရွေးချယ်ရန် ခန့်မှန်းထားပြီးအရွေးချယ်ခံရသူသည် ၂၀၁၃ ခုနှစ်မတ်လတွင် သမ္မတရာထူးဆက်ခံရမည်ဖြစ်သည်။ သီအိုရီအရဆိုလျှင် တက်ရောက် လာသော ကိုယ်စားလှယ်များက တရုတ်အနာဂတ်ခေါင်းဆောင်များအား ရွေးကောက် တင်မြှောက်ရမည် ဆိုသော်လည်း လက်တွေ့တွင် ပါတီထိပ်သီးခေါင်းဆောင်များနှင့် အငြိမ်းစား အရာရှိကြီးများကသာ ခန့်အပ်မည့်သူများကို ရွေးချယ်ဆုံးဖြတ်လေ့ ရှိကြသည်။From -ပေါ်ပြူလာ

No comments:

Post a Comment