Wednesday, November 14, 2012

မြစ်ကြီး နားမြို့ ပလန ကျေးရွာ အုပ်စု ရော်ဘာခြံ၌ ရော်ဘာ ပေါင်းရုံ မီးထိုးရာမှ မီးလောင်မှု ဖြစ်ပွား


မြစ်ကြီး နားမြို့ ပလန ကျေးရွာ အုပ်စု ရော်ဘာခြံ၌ နိုဝင်ဘာ ၈ရက်က ရော်ဘာ ပေါင်းရုံမီးထိုး ထားရာမှ မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၈ ရက် ည ၇ နာရီ ခန့်က မြစ်ကြီးနားမြို့ ပလန ကျေးရွာ အုပ်စု ပိတောက် မြိုင် ကျေးရွာ
ဦးမောင် မောင်တာပိုင် ရော်ဘာခြံ အတွင်း ရော်ဘာ ပေါင်းရုံတွင် ခြံစောင့် အလုပ်သမား ဦးခင်မောင်မြင့် (ခ)ပေါ် ဆန်း မွှေးသည် ရော်ဘာ ပေါင်းရုံကို သော့ပိတ် ထားခဲ့ စဉ် မီးလောင် ကျွမ်းမှု ဖြစ်ပွားရာ မြို့နယ် မီးသတ် တပ်ဖွဲ့ ဦး စီးမှူး ဦးမြင့်သိန်းနှင့် မီးသတ် တပ်ဖွဲ့ ဝင်များ၊ အရန် မီးသတ် တပ်ဖွဲ့ဝင် များနှင့် ဒေသခံ ပြည်သူ များက မီးသတ် ကား နှစ်စီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ် မှုကြောင့် ည ၉ နာရီတွင် မီးငြိမ်း သွားခဲ့ပြီး မီးလောင် မှုကြောင့် အလျား ၉ ပေ၊ အနံ ၁၈ ပေရှိ သမံ တလင်းခင်း ကျောက်စီ သွပ်မိုး ပေါင်းရုံနှင့် ရော်ဘာပေါင် ၂ဝဝ ခန့် မီးလောင်ဆုံး ရှုံးခဲ့သည်။

မီးပေါ့ဆ မှုကြောင့် ဦးခင် မောင်မြင့် (ခ) ပေါ်ဆန်းမွှေး ၇၃ နှစ် (ဘ) ဦးမာမက် ရာခန့်အား အမှတ်(၁) ရဲတပ်ဖွဲ့ စ ခန်းမှ အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။
 
 
မြ၀တီ

No comments:

Post a Comment