Wednesday, November 14, 2012

ပေါက်ခေါင်း မြို့နယ် ဝေဠုဝန် ကျေးရွာအနီး ခြောက်ဘီး ယာဉ်နှင့် လော်ဂျား ဆိုင်ကယ် မျက်နှာ ချင်းဆိုင် တိုက်မိ ဆိုင်ကယ် မောင်းနှင်သူ သေဆုံး


ပေါက်ခေါင်း မြို့နယ် သဖန်းချို ကျေးရွာ အုပ်စု ဝေဠုဝန် ကျေးရွာ အနီး ပြည်- ပေါက်ခေါင်း- အုတ်တွင်း ကားလမ်း မိုင်တိုင် အမှတ် (၁၇/ ၅) အနီးတွင် နိုဝင်ဘာ ၈ ရက် ညနေ ၄ နာရီက ဖော ခြောက်ဘီး ယာဉ်နှင့် လော်ဂျား ဆိုင် ကယ် မျက်နှာ ချင်းဆိုင် တိုက်မိ ရာမှ
ဆိုင်ကယ် မောင်းနှင်သူ နေရာ တွင်ပင် သေဆုံး ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်ဘက်မှ ပေါက်ခေါင်း ဘက်သို့ ယာဉ်မောင်း မောင်မောင်နိုင် ၃၇နှစ်(ဘ) ဦးညွန့် ဟံ အမှတ်(၂) ရပ် ကွက် ပေါက်ခေါင်း မြို့နေသူ မောင်းနှင် လာသည့် ဖောခြောက် ဘီး (အပြာ ရောင်) ယာဉ်အမှတ် ၅ဂ/……… မောင်းနှင် လာစဉ် အုတ်တွင်း ဘက်မှ ပြည်ဘက်သို့ ယာဉ်မောင်း (စိစစ်ဆဲ) မောင်းနှင် လာသော လော်ဂျား- ၁၁ဝ (အစိမ်းရောင်) ဆိုင်ကယ် အမှတ် ၁ဝယ/……… နှင့် မျက်နှာချင်း ဆိုင်ဝင် တိုက်မိ ခဲ့ရာ ဆိုင်ကယ် မောင်းနှင် သူမှာ ဦး ခေါင်း/ ဝဲပေါင် ပေါက်ပြဲ ဒဏ်ရာ များဖြင့် နေရာ တွင်ပင် သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ခေါင်း မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ ယာဉ်မဆင် မခြင် မောင်းနှင်သူ မောင်မောင် နိုင်အား (ပ)၁၂၆/ ၂ဝ၁၂ ပုဒ်မ ၃ဝ၄(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။
 
မြ၀တီ

No comments:

Post a Comment