Sunday, November 4, 2012

မြောက်ဦးမှ ဖမ်းဆီးစစ်ဆေးခံရမှုသတင်း

ယနေ့ နံနက် ၁၀း ၃၀ ခန့်အချိန်က မြောက်ဦးမြို့နယ်၊ သံရွှင်ပြင် ကျေးရွာမှ အသက် ၅၀ ၀န်းကျင်ခန့် ရှိသူများဖြစ်ကြသော ဦးအောင်ထွန်းဖြူ၊ ပြည်သိမ်းအောင်၊ ထွန်းလင်းကျော်၊ တို့အားလည်းကောင်း၊ အသက် ၂၅ နှစ် ၀န်ကျင်ရှိသူများဖြစ်ကြသော မောင်ဇော်မင်းဦး၊ မောင်အောင်သိန်း၊ မောင်ကျော်လှ သိန်း တို့ အား လုံခြုံရေးတာဝန်ယူထားသူများဖြစ်ကြသည့် စစ် တပ်မှ တပ်ဖွဲ့ဝင်များက စစ်ဆေးရန်ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိပါသည်။

ယိုင်သည်ရွာ မီးလောင်မှုတွင် ပါဝင်ပတ်သတ်နေသည်ဟု သံသယဖြင့်ခေါ် ဆောင်သွားခြင်းဖြစ်ကြောင်း လည်း ဒေသခံများက သုံးသပ်ပြောဆိုကြပါသည်။ယင်းသို့ ဖမ်းဆီးနေခြင်းများအပေါ် ဒေသခံများ ဘုမသိဘသမိဖြင့် အဖမ်းခံရ မည်ကို စိုးရိမ်လျက်ရှိကြောင်းလည်းသိရှိရပါသည်။

တစ်ချို့မှာ အမည်ပါနေသည်ဟု သတင်းများအရ ထွက်ပြေးတိမ်းရှောင်နေကြ ရကြောင်းလည်းသိရှိရပါသည်။

Rakhine Straight Views တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

No comments:

Post a Comment