Sunday, November 4, 2012

Psy ၏ Gangnam Style သီချင်း Glee' TV series တွင် အသုံးပြုသွားမည်

http://sphotos-b.ak.fbcdn.net/hphotos-ak-ash3/150549_488149001225743_588362123_n.jpg
Psy ၏ Gangnam Style သီချင်းကို ကနေဒါ တေးဂီတအစီအစဉ် တစ်ခု
ဖြစ်သော Glee TV series တွင် အသုံးပြုသွားမည်ဟု သိရသည်။
လွန်ခဲ့သော ၃လခန့်မှ စတင်၍ တောင်ကိုရီးယား အဆိုတော် Psy ၏ Gangnam Style သီချင်းမှာ အလွန်အောင်မြင်ခဲ့ပြီး ထိုသီချင်းကြောင့်ပင်
နိုင်ငံတကာ၌ ထင်ရှားသော အဆိုတော်တစ်ဦး ဖြစ်လာခဲ့သည်။ ယခုအခါ Psy ၏ Gangnam Style ဖျော်ဖြေမှုကို ကနေဒါတွင် ယခု သီတင်းပတ်
အတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး အောက်တိုဘာ ၃၀ရက်နေ့၌ အမေရိကတွင်
ပြုလုပ်ခဲ့သော ပွဲအား စမတ်ဖုန်းများမှတစ်ဆင့် ကြေငြာခဲ့သည်။

Psy ၏ Twitter စာမျက်နှာတွင် သူ၏ တေးဂီတ ဖျော်ဖြေပွဲများသည်မကြာခင်
စတင်တော့မည့်အပြင် ယခုလာမည့် ဇန်နဝါရီလ၌လည်း ကနေဒါတွင်
ဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုအပတ်
အတွင်းYouTube တွင် Gangnam Style အား ၀င်ရောက် ကြည့်ရှုသူပေါင်း
၆၀၀ မီလီယံခန့် ရှိခဲ့ပြီး ကြည့်ရှုမှုအများဆုံး ဗီဒီယိုအဖြစ် မှတ်တမ်းဝင်
ခဲ့သည်။ Newsweek နှင့် အင်တာဗျူးတွင် Psy ၏ သီချင်း အသစ်မှာ မကြာခင် ထွက်ရှိလာတော့မည် ဖြစ်ကြောင်းနှင့်သီချင်း ဗီဒီယိုနှင့်အကများပါ
စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

MRTV-4

No comments:

Post a Comment