Monday, November 12, 2012

သတင်းသမား အယောင်ဆောင်ပြီး စီးပွားဖြစ် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးနေ


မျက်မှောက်ကာလတွင် နေ့စဉ်ထုတ် သတင်းစာနှင့် အပတ်စဉ်ထုတ် ဂျာနယ်များ၌ သတင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာရာ လူအများမှာ သတင်းများကို စိတ်ဝင်တစား ရှိလာကြပြီး သတင်းရေး သားသော သတင်းသမားများကိုလည်း တလေးတစား ရှိလာကြသည်။ ယင်းအခြေအနေကို အခါအခွင့်ယူ၍ သတင်းသမား အယောင်ဆောင်
ဓာတ်ပုံဆရာအချို့က ဌာနဆိုင်ရာနှင့် အသင်းအဖွဲ့များက ကြီးမှူးကျင်းပသော အခမ်းအနားများကို ဝင်ရောက်၍ သတင်းသမား အယောင်ဆောင်ပြီး စီးပွားဖြစ် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးလျက်ရှိနေကြောင်း သိရသည်။ “အခုတလော အခမ်းအနားတွေမှာ အယောင်ဆောင် သတင်းသမားအချို့ကို တွေ့နေရတယ်။

တစ်နည်းအားဖြင့် ဒေါင်းယောင်ဆောင်တဲ့ကျီး လက်သစ်တွေပေါ့။ သူတို့က စေတီပုထိုးတွေမှာ၊ ပန်းခြံတွေမှာ တွက်ခြေမကိုက်လို့ အခမ်းအနားတွေကိုဝင်ပြီး မှတ်တမ်းဓာတ်ပုံ ရိုက်တာကိုတော့ ဘာမှ မပြောလိုပေမယ့် သတင်းဓာတ်ပုံရိုက်မယ့် သတင်းသမားရှေ့မှာ ကာဆီးကာဆီး ရပ်နေတော့ သတင်းသမားတွေကို စိတ်အနှောင့်အယှက် ပေးနေသလို ဖြစ်နေတာပေါ့” ဟု သတင်းမီဒီယာ သမားတစ်ဦးက သူ့အတွေ့အကြုံကို ပြောပြသည်။ 

ယနေ့အချိန်အခါသည် မြန်မာနိုင်ငံ၌ နိုင်ငံရေး ပြုပြင်ပြောင်းလဲလိုက်ပြီးနောက် သတင်းလွတ်လပ်ခွင့် ပြုလိုက် သဖြင့် ပြည်ပသတင်းဌာနများမှ ထုတ်လွှင့်သော သတင်းများကို စိတ်ဝင်စားမှု နည်းပါးလာပြီး ပြည်တွင်းမှ ထုတ်ပြန်သော သတင်းများကို လူအများ ပိုမိုစိတ်ဝင်စားလာကြကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ်

No comments:

Post a Comment