Monday, November 12, 2012

CNF နဲ့ အစိုးရ ပြည်ထောင်စု အဆင့် ပြန်လည်ဆွေးနွေးမည်


http://khonumthungburmese.org/wp-content/uploads/2012/11/chin_national_flag.png

ချင်းအမျိုးသားတပ်ဦး နှင့် ဦးသိန်းစိန်အစိုးရတို့ နှစ်ဖက် ဒုတိယ အကြိမ်ပြည်ထောင်စု အဆင့် ပြန် လည်ဆွေးနွေး တော့မည် ဟု ကြားသိရသည်။ယခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့တွင် နှစ်ဖက်တွေ့ ဆုံဆွေးနွေးကြမည်ဖြစ်ပြီး စီအဲန် အက်ဖ် ဖက်မှ အဖွဲ့ခေါင်း ဆောင်အဖြစ် အထွေထွေအတွင်း ရေးမှူးချုပ် ပူး ဇင်ကျုံး၊ ဒုတိယ အဖွဲ့ခေါင်းဆောင်
အဖြစ် အဓိပတိ ကောင်စီဝင်၊ ပါတီ ဥက္ကဌဟောင်း ပူး သောမတ်စ်ထန်နိုး တို့က ဦးဆောင်သွားမှာဖြစ်သည်ဟု ကြားသိရသည်။
“ နိုင်ငံရေးကိစ္စအပါအ၀င် ပထမအကြိမ်ဆွေးနွေးတုန်းက ဆက်လက်ဆွေးနွေးရန်ရှိတဲ့ သဘောတူ ညီချက်တွေကို ဆက် လက်ဆွေးနွေးမှာဖြစ်ပြီးတော့ နောက်ထပ်ဆွေးနွေးမည့် အချက်တွေလည်း ရှိတယ်” ဟု ငြိမ်းချမ်းရေးကော်မီတီအဖွဲ့ဝင် တဦးက ပြောသည်။
ချင်းပြည်နယ်ဟားခါးမြို့ ပြည်ထောင်စုရိပ်သာတွင် ပထမအကြိမ်ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေးဆွေးနွေးတုန်းက နှစ် ဖက် အဖွဲ့သည် အချက် ၁၅ ချက်ကို သဘောတူညီခဲ့ကြရာတွင် တချို့အချက်ကို ဆက်လက်ဆွေးနွေးရန်ဟု ပါရှိသည်။
၁၅ ချက်အနက် တပ်နေရာချထားရေး၊ ပင်လုံစိတ်ဓါတ်ကို အခြေခံသည့် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ် ရေးပြ ဌာန်း ခွင့်ကိုအခြေခံသော ပြည်ထောင်စု စစ်စစ်မူ ၊ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းအရ လေးစားလိုက်နာအပ်သည့် လူ့အ ခွင့်အရေးဆိုင်ရာ၊ ချင်းအမျိုးသားနေ့ နှင့် ချင်းပြည်နယ်နေ့ သတ်မှတ်ရေးတို့ကို ဆက်လက်ဆွေးနွေးဖွယ်ရှိသည်ဟု သိရ သည်။
သဘောတူညီချက်များအရ စီအဲန်အက်ဖ် သည် မတူပီ၊ ထန်တလန်၊ တီးတိန်မြို့များတွင် ဆက် ဆံရေးရုံး များ ကို၎င်း၊ အမှတ် (၂) အိန္ဒိယ- မြန်မာ ကုန်သွယ်ရေး လမ်း ကြောင်းပေါ်တွင် စီးပွား ကုန်သွယ်ရေးရုံးကို၎င်း ဖွင့်လှစ်ခဲ့ ပြီဖြစ် ပြီး ချင်းပြည်သူနှင့် တွေ့ဆုံဆွေးနွေးပွဲများကိုလည်း ပြုလုပ် လျက်ရှိသည့်အပြင် တပ်နေရာချထားရေးကို ဆက်လက် အ ကောင်အထည်ဖော် လျက်ရှိသည်။
မြန်မာနိုင်ငံအတွင်းထာဝစဉ်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် အစိုးရဖက်မှ ၅၂ ဦးပါ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မီတီကို ဖွဲ့ စည်းခဲ့ပြီးဖြစ်သလို စီအဲန်အက်ဖ်ဖက်မှလည်း ၂၃ ဦးပါ ငြိမ်းချမ်းရေးကော်မီတီကို  ဖွဲ့စည်း ခဲ့ပြီးဖြစ် သည်။

ခိုနှုမ်းထုန် - သတင်းဌာန

No comments:

Post a Comment