Thursday, November 22, 2012

CNF နှင့် ငြိမ်းကိုယ်စားလှယ်များ ရန်ကုန်တွင် တွေ့မည်




ချင်းအမျိုးသား တပ်ဦး (CNF) နှင့် အစိုးရ ကိုယ်စားလှယ်တို့ သည် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် ရန်ကုန်မြို့၌ ထပ်မံတွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။
CNF သည် အိန္ဒိယ-မြန်မာ နယ်စပ် အခြေစိုက် လက်နက်ကိုင် အဖွဲ့ တခုဖြစ်ပြီး ယခုနှစ် ဇန်န၀ါရီလက အစိုးနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူထားခြင်း ဖြစ်သည်။

 အလားတူပင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ကိုလည်း တွေ့ဆုံရန် စီစဉ်ထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ ဦးလှမောင်ရွှေက ပြောသည်။

ဧရာဝတီ

No comments:

Post a Comment