Wednesday, November 21, 2012

အိုဘားမားမှ ဒေါ်အောင်ဆန်းစုကြည်အား နမ်းခြင်းအပေါ် NLD ပါတီဝင်ဟောင်းများမှ ဆန္ဒပြမည်



မြန်မာနိုင်ငံသို့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား လာရောက် စဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံချိန် အိုဘားမားမှ ဒေါ်အောင်ဆန်း စုကြည် အား ပွေ့ဖက်နမ်းရှုံ့ခဲ့ပါတယ်။ ဒီလိုလုပ်တာကို ဒေါ်အောင်ဆန်း စုကြည် က လည်း ကြေနပ်ပြုံးပျော်နေခဲ့ပါတယ်။ဒီလိုမြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ အပြုအမူတွေကြောင့် NLD ပါတီဝင်ဟောင်းများမှ အိုဘာမား
ရဲ့ အနမ်းနဲ့ ပတ်သတ်ပြီး NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြဖို့ တိုင်ပင်ခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးခဲ့တဲ့အထဲမှာ ယခင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ လူမှုရေးေ ဖာက်ပြန် ခဲ့ဖူးတယ်လို့ နာမည်ကြီးနေတဲ့ ဦးဒေးဗစ်လှမြင့်လည်း ပါဝင်ပါတယ်။

ထို့အပြင်၎င်းကိစ္စအပေါ် မြန်မာ့ယဉ်ကျေးမှုနှင့် အပ်စပ်ခြင်းမရှိတဲ့အတွက် ရန်ကုန်၊ ပဲခူးနဲ့ ညောင်လေးပင် မြို့နယ်များရှိ ပါတီဝင်ဟောင်းများမှ မကျေနပ်သဖြင့် ဆန္ဒပြရန် စီစဉ်နေကြပါတယ်။ NLD ပါတီနာယက ဦးဝင်းတင်မှ ၄င်းကိစ္စအားပြေလည်အောင်ဖြေရှင်းချက်ပေးမည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဆန္ဒပြမည့် ပါတီဝင်ဟောင်းများနှင့် တွေ့ဆုံပြီး ဖြေရှင်းချက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။ 

“ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲအတွက် အိုဘားမားလာရောက်ခြင်းကို ကြိုဆိုသော်လည်း အမေရိကန် ကူညီမှ မြန်မာ့ယဉ်ကျေးမှုများကို စွန့်လွှတ်ရမည်ဆိုခြင်းကို လက်မခံကြောင်း။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကိုယ့် ယဉ်ကျေးမှုနဲ့ ကိုယ်နေလာတာဖြစ်ကြောင်း၊ မည်သည့်တိုင်းတပါးရဲ့ လွှမ်းမိုး ချုပ်ကိုင်မှုကိုမျှ မခံနိုင်ကြောင်း” ဆန္ဒပြပွဲတွင်ပါဝင်သော ပါတီဝင်ဟောင်းတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

Konaylin  Facebook မှ ကူးယူဖော်ပြပါသည်။

4 comments:

  1. ဘာတွေလဲကွာ ဒီစိတ်ဓာတ်တွေနဲ့ဘယ်လိုရှေ့ဆက်ကြမှာလဲ လူရေီသူရှေမပြံးပဲပ့းရိုက်ရမှာလားပြော အသက်ကိုလဲကြည်အုံး သားလောက်ပဲရှိ တယ်။ဒေးဗစ်လှမြင့် လာပြန်ပီ ဘယ်လိုနာမည်ကြီးတာလဲ အထောက်အထားနဲ့မင်းပြောစမ်း myanmar express ကခွေး တွေ ဖွထားတာကွ ။

    ReplyDelete
  2. ဆန္ဒပြဖို့ စီစဉ်နေကြတဲ့အဖွဲ့တွေရဲ့အမေ၊အမ၊နှမ၊ဂျီးဒေါ်၊တူမတွေအကုန်စုပီး
    ကြိုက်တဲ့သူကိုနမ်းပါဆိုတောင်မနမ်းဘူးဟ ငတုံးတွေရ-

    ReplyDelete
  3. TV ကနေကြည့်ရတာတော့ ပထမ အိုဘားမားကလက်ဆွဲနှုတ်ဆက်ဖို့လုပ်တာပါ။ နောက်
    ဒေါ်စု ဘာပြောလိုက်တယ်မသိဘူး အိုဘားမား ကုန်းနမ်းတော့တာပဲ။

    ReplyDelete
  4. ဟုတ် တယ် ပြ သင့် တယ် ခေါင်း ဆောင် တစ် ဦးတောင်မှ ဒီ လို လုပ် ရင် အောက်လက် ငယ် သားတွေ ကို ဘယ် လို အုပ် ချုပ် မှာလဲ

    ReplyDelete