Sunday, November 4, 2012

DATA စင်တာလုံခြုံနိုင်ရန် နည်းပညာအများအပြားအသုံးပြုရန် လိုအပ်


မြန်မာ MICTDC ကုမ္ပဏီနှင့် ဂျပန်နိုင်ငံရှိ Hitachi ကုမ္ပဏီတို့မှလာမည့် ၂၀၁၃ ခုနှစ်တွင် ပူးပေါင်းလုပ်ဆောင်သွားမည့် Data Center လုံခြုံရေး အတွက် နည်းပညာအများအပြား အသုံးပြုရန်လိုအပ်ကြောင်း ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုလုပ်ဆောင်မည့် Data Center တွင်နိုင်ငံတော်အဆင့် လျှို့ဝှက်ထားသည့် သတင်းအချက်အလက်များကို သိုလှောင်သိမ်းဆည်းထားမည် ဖြစ်သည့်အပြင် ပြည်သူလူထု သိရှိနိုင်စေရန်အသုံးပြုမည့် သတင်းအချက်အလက်များကိုပါ သိမ်းဆည်းထားမည် ဖြစ်သည့်အတွက် Data Center လုံခြုံမှု ရှိစေရေးမှာ နိုင်ငံတော်အဆင့်လုံခြုံရေးကဲ့သို့ အထူးအရေးကြီးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း Data Center ပေါ်ပေါက်လာခြင်းအားဖြင့် အိုင်စီတီဖွံ့ဖြိုးမှုနည်းပညာရပ်များ တိုးတက်လာမည်ဖြစ်သည့်အပြင် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါကလည်း ၎င်းတို့အတွက် Network Facilities နှင့် ဝန်ဆောင်မှုကောင်းများ ပေးသွားနိုင်မည်ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် Data Center ပေါ်ပေါက်ရေးအတွက် ပြည်တွင်းရှိ နည်းပညာကျွမ်းကျင်သူများက မိုဘိုင်းအက်ပလီကေးရှင်များ ရေးဆွဲလျက်ရှိပြီး ယင်းလုပ်ငန်းများပြီးမြောက်သွားပါက သတင်းများနှင့် အချက်အလက်များ Update ဖြစ်နိုင်စေရန် ဝန်ကြီးဌာနများနှင့်ချိတ်ဆက်၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
From -TranparencyMyanmarblog

No comments:

Post a Comment