Sunday, November 4, 2012

ဝါ၀ါဝင်းကုမ္ပဏီရုံးရှေ့တွင် လယ်အသိမ်းခံ တောင်သူများ ဆန္ဒထုတ်ဖော်မှု ၅ရက်မြောက်ကြာသော်လည်း သက်ဆိုင်ရာနှင့် ကုမ္ပဏီမှ ညှိနှိုင်းခြင်းမရှိသဖြင့် ဆက်လက်ပြုလုပ်လျက်ရှိ


4mtt

ရန်န်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် အနော်ရထာလမ်းနှင့် စဥ့်အိုး တန်းလမ်းထောင့်ရှိ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့တွင် လယ်အသိမ်းခံ တောင်သူ များ ဆန္ဒထု တ်ဖော် မှု ၅  ရက်မြောက်ကြာသော်လည်း သက်ဆိုင်ရာနှင့် ကုမ္ပဏီဘက်မှ ညှိနှိုင်းခြင်းမရှိသဖြင့် ဆန္ဒထုတ်ဖော်မှု ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

လှိုင်သာယာမြို့နယ်၊ အတွင်းပဒန်ကျေးရွာမှ လယ်မြေအသိမ်းခံရသူ လယ်သမား ၅၀ဦးခန့်က ၄င်းတို့၏ နစ်နာမှုများအား မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန (သို့မဟုတ်) ၀ါဝါ၀င်းကုမ္ပဏီဘက်မှ ဖြေရှင်းပေးရန်အတွက် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀နာရီ ၃၀ မိနစ်မှ ၁၂နာရီ ၃၀မိ နစ်အချိန်အထိ တရားဝင် ခွင့်ပြုမိန့်ဖြင့် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် သက်ဆိုင်ရာနှင့် ကုမ္ပဏီဘက်မှ လာရောက်ဖြေရှင်းခြင်း မရှိသဖြင့် ခွင့်ပြုချိန်ကျော်လွန်သော်လည်း ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြသုည်။
ထိုသို့ ခွင့်ပြုမိန့်ကျော်လွန်ပြီး ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သောကြောင့် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ လူစုခွဲရန် သုံးကြိမ်တိတိ သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဆန္ဒထုတ်ဖော်သူများ၏ ပြောကြားချက်အရ သိရသည်။
4mtt1
ဆန္ဒထုတ်ဖော်နေသည့် လယ်သမားများအား နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်
ထို့ပြင် လယ်သမားများက နိုဝင်ဘာလ  ၂ရက်နေ့တွင် နိုင်ငံတော် သမ္မတကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကို မင်းကိုနိုင်တို့အား ၄င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးရန် တောင်းဆိုထားသည့်  ဆိုင်းဘုတ်များရေးသား၍ ဆန္ဒထုတ်ဖော်မှုများ ပြလုပ်ခဲ့ကြသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လသာမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်မေးမြန်းရာ တာဝန်ကျ ရဲတပ် ဖွဲ့ဝင်တစ်ဦးက''ခွင့်ပြုချိန်ကို ကျော်လွန်ပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ချိန်ကတည်းက ပုဒ်မ ၁၈နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုမို ဖြေဆိုခွင့်မရှိပါဘူး'' ဟု ပြောပြခဲ့ပါသည်။                               
ဆန္ဒထုတ်ဖော်မှု ၄ရက်မြောက်နေ့တွင် Signature Campaign ကို စတင်ပြုလုပ်ခဲ့ကြောင်းလည်း သိရပြီး ၅ရက်မြောက်နေ့တွင် ''ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်လက်ထက်တွင် တရားမျတခြင်း၊ တန်းတူညီမျခြင်းများအတွက်  လှိုင်သာယာ ပဒန်ရွာသူရွာသားများက တောင်းဆိုပါသည်'' ''နိုင်ငံတော် သမ္မတကြီး ကျန်းမာ၊ချမ်းသာပါစေ'' စသည့် ဆိုင်းဘုတ်များနှင့် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရသည်။                            
လက်ရှိအချိန်တွင်မူ ဆန္ဒထုတ်ဖော်နေသူများအား စေတနာရှင်ပြည်သူအချို့မှမုန့်၊ သစ်သီးနှင့် ရေသန့် စသည်တို့ကို လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။    

Eleven Media Group        

No comments:

Post a Comment