Monday, November 12, 2012

Projector စနစ်တွဲဖက်ပါဝင်တဲ့ Hybrid Android Tablet PC ပြည်တွင်းဈေးကွက်ဝင်ရောက်

Projector Hybrid Tablet PC
Projector စနစ်ပါ တွဲဖက်ပါဝင်တဲ့ Hybrid အမျိုးအစား Android Tablet PC ကို ပြည်တွင်းဈေးကွက်အတွင်း ၀ယ်ယူအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ ပြည်တွင်းဈေးကွက်ထဲသို့ ၀င်ရောက်လာသည့် ပထမဦး ဆုံးသော Pico-projector တွဲဖက်ပါဝင်သည့် Android Tablet
PC ဖြစ်ပြီး Made in China အမျိုးအစားဖြစ်ကာ SmartQ U7 အမှတ်တံဆိပ် ၇ လက်မအရွယ်အစား Tablet ဖြစ်သည်။“ရုံးသုံး၊ ကျောင်းသုံးအပြင် အိမ်သုံးအနေနဲ့ပါသုံးနိုင်ပါတယ်။ ပစ္စည်းကတော့ Made in China ပါ။ Android 4.1 Jelly Bean နဲ့သိုလှောင်မှုအတွက် 8GB ပါဝင်ပါတယ်။ နောက်ပြီး HDMI ပေါက်လည်းပါပါတယ်။ ကင်မရာက ရှေ့နောက်ပါပါတယ်။

Projector စနစ်ကို အလွယ်တကူပဲ သုံးနိုင်ပါတယ်။ Projector ကို ခြောက်ပေအကွာကနေ အသုံးပြုနိုင်ပါတယ်။ မြင်ကွင်းအရွယ်အစားကို လက်မ ၅၀ အရွယ်အစားထိ အသုံးပြု ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီ Projector ကို ၃ လ Parts နဲ့ ၆ လ Services ပေးထားပါတယ်” ဟု T-Land IT, Digital & Mobile Centre မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယခုဝင်ရောက်လာသည့် Projector စနစ်ပါဝင်တဲ့ Tablet PC တွင် Dual-core 1GHz OMAP 4430 CUP ကိုတပ်ဆင်ပေးထားပြီး Memory အနေဖြင့် 1GB RAM ပါရှိမည်ဖြစ်သည်။ Tablet Screen resolution 1024x600 pixel ရှိပြီး Projcetor အနေဖြင့်သုံးမည်ဆိုပါက resolution 854x480 ရရှိနိုင်မည်ဖြစ်သည်။ Projection Screen အရွယ်အစားကို လက်မ ၅၀ အရွယ်အစားထိ ကြည့်ရှုနိုင်မည်ဖြစ်သည်။ HDMI port နှင့် MicroSD slot များလည်းပါဝင်ကြောင်း သိရသည်။ Projector စနစ် တွဲဖက်ပါဝင်သည့် Tablet ၏တန်ဖိုးမှာ ၂၃၀,၀၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး စိတ်ပါဝင်စားသူတွေအနေနဲ့ T-Land ဖုန်း- ၃၈၂ ၈၆၈၊ ၃၉၈၃၄၃ သို့ ဆက်သွယ်စုံစမ်း လေ့လာဝယ်ယူနိုင်မည်ဖြစ်သည်။

မြ၀တီ

No comments:

Post a Comment