Monday, November 12, 2012

တောင်ကြီးမြို့သစ်တောရပ်ကမ္ဘောဇလမ်း၊တွင်မီးလောင်မှူတစ်ခုဖြစ်ပွား


နိုဝင်ဘာ ၈ရက်နေ့ ည၁၁း၀၀ နာရီအချိန်ခန့်က တောင်ကြီးမြို့၊ သစ်တောရပ်၊ ကမ္ဘောဇ လမ်း၊ အိမ် အမှတ်(၁၂၀)တွင်မီးလောင် ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့သည်။ မီးလောင် ကျွမ်းမှုဖြစ်ပွားရ သည့် အကြောင်းရင်းမှာ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ၀င်ရန်ညမီးကြီး အမျိုး အစားဖြစ်သဖြင့်စေတန် မီးအဖွဲ့က ယမ်းစပ်ခြင်း
များပြုလုပ် နေကြောင်း၊ ယင်းသို့ ယမ်းစပ်စဉ် ၊စမ်းသပ်ပြီး လွတ်တင် လိုက်သည့် မီးရှုး တစ်ခု မှာ ဓာတ်ကြိုးနှင့်ထိပြီး ၊ယမ်းစပ် နေ သည့် ယမ်းပုံပေါ်သို့ပြန်ကျကာ ယမ်းစပ်နေသူများပါ ထိစဉ် ပေါက်ကွဲလောင် ကျွမ်းခဲ့ကြောင်း တောင်ကြီးမြို့မီးသတ်အဖွဲ့က သွားရောက်ငြိမ်းသတ်ရာ ည၁၁း၂၅ တွင်မီးငြိမ်းခဲ့ကြောင်း သစ်တော ရပ်ကွက်နေသူတစ်ဦးကပြောသည်။ ယမ်းပေါက်ကွဲလောင်ကျွမ်းမှု ကြောင့်ယမ်းစပ်ခြင်းပြုလုပ်နေသည့် စေတန်မီး အဖွဲ့ကကိုရေခဲ၊ လွင်မောင် မောင် ၊ကျော်ဇင်(အိမ်ရှင်)၊အီးတီ၊စိုင်းမွန်းကျော်တို့(၅) ဦးစလုံး တစ်ကိုယ်လုံး လောင်ကျွမ်း ဒဏ်ရာများ ရရှိခဲ့ပြီး၊တောင်ကြီးမြို့စ၀်စံထွန်းဆေးရုံကြီးတွင် အတွင်း လူနာ အဖြစ် တင်ဆောင် ကုသနေရ ကြောင်း၊ကိုရေခဲနှင့် စိုင်းမွန်း ကျော်တို့ နှစ်ဦးမှာ ဒဏ်ရာများပြင်းထန်သဖြင့် ခွဲစိတ်ခန်းဝင်နေရကြောင်း စေတန်မီး အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယမ်းမီးလောင်ကျွမ်း မှုပျက်စီးဆုံးရှုံးမှုတန်ဖိုး ခုနှစ်သောင်းခန့် ရှိနိုင်ကြောင်း မီးသတ်ဦးစီးဌာနက ပြောသည်။ယင်းယမ်းလောင်ကျွမ်းမှု ဖြစ်စဉ်နှင့်ပတ်သတ်ပြီး အမှတ်(၁) ရဲစခန်း က အိမ်ရှင်ဖြစ်သူ အားပြစ်မှု ပုဒ်မ၂၈၅/၃၃၅၏ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိ သည်။ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲအတွက်ယမ်းစပ်ရာတွင် လောင်ကျွမ်း မှုများရှိပြီး၊ ယခင်လ ကလည်း နတ်စောင်း မီးအဖွဲ့ လောင်ကျွမ်းမှုဖြစ်ပွား ခဲ့သေးကြောင်း၊ နှစ်စဉ် ထိခိုက် ဒဏ်ရာ ရရှိမှုများ ရှိကြောင်း မြို့ခံများက သုံးသပ်ပြောကြားသည်။


 
 
 

No comments:

Post a Comment