Sunday, December 16, 2012

12.12.2012 မှ 18.12.2012 အထိ ( ၇ ) ရက်သားသမီးများအတွက်ဟောစာတမ်း

တနင်္ဂနွေနေ့
             ကံကောင်းသောကာလဖြစ်ပါတယ်။ဆုံးဖြတ်ချက်ကိုပိုင်ပိုင်နင်းနင်းချနိုင်ဖို့အရေးကြီးပါတယ်။
စာမေးပွဲဖြေဆိုလျှင်လည်းအောင်မြင်မည်။အချစ်ရေးဆိုလျှင်လည်းလက်ထပ်ဖြစ်မည်။စီးပွားရေးလုပ်ငန်း
သစ်တခုလုပ်ဖြစ်မည်။အလုပ်နှင့်ပတ်သက်ပြီးခရီးဝေးတွေသွားရလိမ့်မည်။ခရီးသွားနေစဉ်အချစ်ရေးကြုံ
လိမ့်မည်။ဝင်ငွေကောင်းမည်။ရစရာငွေလည်းရလိမ့်မည်။ကျန်းမာရေး လည်းကောင်းမည်။ကား/စက်/မြေတို့ဝင်လိမ့်မည်။မရောက်ဘူးသောခရီးများရောက်လိမ့်မည်။ စပ်တူရှယ်ယာလုပ်ငန်းများအောင်မည်။သို့သော်လည်းသားချင်းဆွေမျိုးတွေအတွက်တော့စိတ်ရှုပ်ရ
လိမ့်မည်။ငွေကုန်ကျများ တတ်ပါသည်။

 
အကျိုးပေးဂဏန်း=၁  .    .   
အထူးဟော =   အထူးကံကောင်းမည်။
ယတြာ =တနင်္ဂနွေနေ့နံက်တွင်အောင်သပြေ( ၁၉ )ညွန့်ကပ်လှူ ပါ။
 
 
တနင်္လာ
 
မရောက်ဖူးသောခရီးများရောက်ဖြစ်မည်။မလုပ်ဘူးသောအလုပ်လုပ်ရလိမ့်မည်။အပါင်းအသင်းအသစ်
များတွေ့ရတတ်သည်။လုပ်ငန်းများအောင်မြင်မည်။စီးပွားရေးကောင်းခြင်း။ဝင်ငွေကောင်းခြင်း။ဖြစ်မည်။
အချစ်ရေးအဆင်မပြေရာမှပြန်လည်အဆင်ပြေလာမည်။အိမ်ထောင်ပြုဖြစ်မည်။အိမ်ပြောင်းရကိန်းရှိသည်။
စက်/ကားတို့ဝင်မည်။လက်ရှိအလုပ်တို့နေရာပြောင်းရွှေ့ရလိမ့်မည်။စပ်တူစီးပွားရေးလုပ်ငန်း
များအောင်မြင်မည်။လူရင်းလူခင်ချင်းစိတ်ဝမ်းကွဲမည်။အချစ်ရေး၊အိမ်ထောင်ရေးတွင်အထင်အမြင်
လွဲခြင်းခံရတတ်ပါ သည်။ငွေကြေးပစ္စည်းနှင့်ပတ်သက်ပြီးအလိမ်/အပျောက်ဖြစ်ကိန်း ရှိသည်။အတိုက်အခံတွေကြုံမည်.။ကျော်လွှားအာင်မြင်မည်။
 
အကျိုးပေးဂဏန်း= ၂  .  ၄ .    
  အထူးဟော=   သည်းခံခြင်းသည်အောင်မြင်ရာ၏ ။
ယတြာ=  တနင်္လာနေ့နံနက်တွင်ဂန်ဂေါ်(၁၅)ညွန့်ကိုဘုရားလှူပါ။
 
အဂ င်္ါ
 
စိတ်တိုသည်။မြန်ဆန်နေမည်။ဒေါသထွက်စရာများဖြစ်နေမည်။ငါသိငါတတ်ငါဆရာလုပ်ချင်တွေရှိပေါ်နေမည်။မဟုတ်မခံစိတ်တွေ ရှိနေမည်.။အရာရာစိတ်တိုင်းမကျဖြစ်ရတတ်ပါသည်။ငွေအစုလိုက်ဝင်ကိန်းရှိသည်။စက်/ကား/မြေ တို့ဝင်လာမည်။ခရီးဝေးယာယီများသွားရလိမ့်မည်။ကျန်းမာရေးကောင်းမည်။ရုတ်တရက်ခိုက်မိကိန်းရှိပါသည်။ကား/ဆိုင်ကယ် ဂရု စိုက်မောင်း သင့်ပါသည်။အထူးသဖြင့် ဘုမ္မိ အရပ် ဖြစ်သောအနောက်အရပ်တွင် ဆင်ခြင်စွာမောင်းသင့် ပါသည်။ငွေကြေးများပေးချေးခြင်းများမပြုသင့်ပါ။ချေးလျှင်ပြန်တောင်းရခက်တတ်ပါသည်။အတိုက်အခံ
များကြုံမည်၊ကျော်လွှားအာင်မြင်မည်။မလိုသူရှိသည်၊ဂရုစိုက်ပါ။စပ်တူရှယ်ယာလုပ်ဖြစ်မည်။အောင်မြင်မည်.။
 
အကျိုးပေးဂဏန်း=၃  .     .     
  အထူးဟော= သတိလက်မလွတ်သင့်ပါ။
ယတြာ=အင်္ဂါနေ့ နံနက်တွင်အုံဆွမ်းကိုအိမ်ဘုရားကိုကပ်လှူ ပါ။
 
 
ဗုဒ္ဓဟူးနေ့း
 
အလွမ်းသမား ၊ အတွေးသမား ၊ စိတ်ကူးယဉ်သမားတယောက်ဖြစ်နေတတ်ြ့ပီးတွေးပူခြင်း များဖြစ်မည်။ပူစရာ မရှိပါ။စိတ်ဆိုးနေသောချစ်သူက လည်းပြန်င်္ပြီးအဆင်ပြေမည်။ရှုပ်နေသောအလုပ်လည်းပြန်ပြီး အဆင်ပြေမည်။ အတိုက်အခံတွေလည်းကျော်လွှားအောင်မြင်မည်။ကျန်းမာရေးလည်းကောင်းမည်။သို့သော် ခြေတဖက်ခိုက်
မိတတ်သည်။ဂရုစိုက်ပါ။ငွေဝင်မည်။ရစရာငွေတို့လည်းရလာမည်။စက်ပစ္စည်းများဝင်မည်။ဖြေဆိုသော
စာမေးပွဲတို့အောင်မြင်မည်။ကိုယ်ပိုင်လုပ်ငန်းများအောင်မြင်မည်။ခရီးယာယီသွားရကိန်းရှိသည်။
လမ်းခရီးအန္တရယ်မရှိပါ။အိမ်ထောင်ရှိသောသူများအငယ်အနှောင်းထပ်တွေ့လိမ့်မည်။အဝေးကလက်ဆောင်
ရလိမ့်မည်။ဆွေမျိုးအတွက်စိတ်ရှုပ်ရတတ်ပါသည်။
 
အကျိုးပေးဂဏဏန်း= ၄  .    .   
  အထူးဟော=  ကံကောင်းမည်။
ယတြာ=ဗုဒ္ဓဟုးနေ့နံနက်တွင်ဗုဒ္ဗဟူးနံဘုရားကိုရေသက်စေ့ကပ်လှူပါ။
 
ကြာသပတေး
 
          ပွင့်လင်းပြတ်သားပြီး အပေါင်းအသင်းရွေးပေါင်းတတ်သော စိတ်ဓာတ်ရှိသောကြောင့် လူခင်ချင်းမုန်းရတတ်သည်။ အဝေးမိတ်ဆွေအကူအညီရမည်။ အနီးမိတ်ဆွေ ညံ့သည်။ ရစရာငွေများရမည်။  စက်နှင့်မြေများဝင်ကိန်းရှိသည်။ အချစ်ရေးမှာ အဆင်ပြေမည်။ လက်ထပ်ဖြစ်ကိန်းရှိသည်။ မရောက်ဖူးသော ခရီးများရောက်မည်။ စပ်တူစီးပွားရေးလုပ်လျှင်အောင်မြင်မည်။ ပညာရေးအောင်မြင်မည်။ ရာထူးတက်လစာတိုးမည်။ အလုပ်ကိစ္စနှင့် အဝေးပြောင်းရမည်။ မိဘ ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရမည်။ ရုတ်တရက်ခိုက်မိတတ်၍ ဂရုစိုက်ပါ။ ဘုမ္မိအရပ်ဖြစ်သော အရှေ့မြောက်ထောင့်သို့ ညခရီးမသွားသင့်ပါ။ ၀မ်းဗိုက်နှင့် ပတ်သက်၍ ချူချာကိန်းရှိသည်။ အဆောက်အဦးဆောက်ခြင်း ၊ သို့မဟုတ် ရောင်းခြင်းပြင်ခြင်းဖြစ်မည်။
 
အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊၃
အထူးဟော - အခက်အခဲများကျော်လွှားနိုင်မည်။
ယတြာ- ကြာသပတေးနေ့နံနက်တွင် ကြာသပတေးနံဘုရားကို အောင်သပြေ (၁၉)ညွန့်လှူပါ။
 
သောကြာ
 
          သင်၏ တယူသန် တဇွတ်ထိုးစိတ်ကြောင့် လည်းကောင်း၊ သံယောဇဉ် ကြီးခြင်းကြောင့်လည်းကောင်း မိဘသဘောတူ တာမယူပဲ ကိုယ်ချစ်တာကိုယ်ယူသွားဖြစ်မည်။ နေရာဒေသ အိမ်ပြောင်းရွှေ့ကိန်းရှိသည်။ အလုပ်တာဝန် နေရာပြောင်းကိန်းရှိသည်။ မရောက်ဖူးသော ခရီးများရောက်ကိန်းရှိသည်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများအောင်မြင်မည်။ လူယုံမထားရ။ လူလိမ်ငွေလိမ် ခံရမည်။ ပစ္စည်းငွေကြေးပျောက်ကိန်းရှိသည်။ ပြန်တွေ့မည်။ ရွှေ၊စက်တို့ ၀င်မည်၊ ထွက်မည်။ ငွေကြေး စကားပြောရလိမ့်မည်။ အိမ်ထောင်ရှိသောသူများဖောက်ပြန်မှုဖြစ်မည်။ နေအိမ်တွင် အ၀င်မတော်ပါ။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်တတ် သည်။ လူချင်ချင်းမုန်းရတတ်သည်။ ကားဆိုင်ကယ် ဂရုစိုက်မောင်းပါ ခိုက်မိတတ်သည်။ အဝေးမှလက်ဆောင်ရလိမ့် မည်။ ငွေပေးမချေးရ ငွေလိမ်ခံရကိန်းရှိသည်။ အကြီးအကဲ ၏ အပြစ်တင်ခံရတတ်သည်။
 
အကျိုးပေးဂဏန်း - ၆ ၊ ၉ ၊၁။
အထူးဟော - ကံကောင်းမည်။
ယတြာ- သောကြာနံဘုရားတွင် သောကြာနေ့နံနက်တွင် ထီးနီကိုးလက်လှူပါ။
 
စနေ
          ရည်ရွယ်ချက်များနေမည်။ ရည်ရွယ်ချက်တိုင်းဖြစ်မလာ၍ စိတ်ရှုပ်နေရတတ်သည်။ အလုပ်အကိုင်အဆင်ပြေမည်။ ၀င်ငွေကောင်းမည်။ ရစရာရှိသော ငွေများရမည်။ ကိုယ်ချစ်သောသူနှင့် လက်ထပ်ရမည်။ သဘောမတူထားသော မိဘများ ပြန်လည်သဘောတူလာမည်။ ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရမည်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ဖြစ်မည်။ လုပ်ငန်းပြောင်းလဲမှုတွေဖြစ်မည်။ အပေါင်းအသင်းအကူအညီရမည် ။ ငွေလိမ်ခံရကိန်းရှိသည်။ ခရီးယာယီသွားရမည်။ခြေဖျား ၊လက်ဖျားခိုက်မိတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းအကျိုးမပေးပါ။ အဝေးမိတ်ဆွေ အဝေးသူငယ်ချင်းများထံမှ လက်ဆောင်ရမည်။ စက် ၊ ယာဉ် ၊ ကားအသစ်တို့ဝင်မည်။ အဟောင်းထွက်မည်။ ရေလမ်းခရီးဂရုစိုက်သွားပါ။ ထီထိုးပါ ၊ ထီပေါက်ကိန်းရှိသည်။ အိုးသစ်အိမ်သစ်ဆောက်လုပ်ရကိန်းရှိသည်။ အလုပ်ရာထူးတိုးတက်မည်။ လစာတိုးမည်။ ၀င်ငွေကောင်းမည်။ အကြီးအကဲ အကူအညီရမည်။
 
အကျိုးပေးဂဏန်း - ၇ ၊ ၂ ၊၀။
အထူးဟော - ကံကောင်းမည်။
ယတြာ- စနေနေ့တွင် အရှေ့အရပ်သို့ ငါးအရှင် (၁၀)ကောင်ဝယ်လွှတ်ပါ။

No comments:

Post a Comment