Sunday, December 23, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နယူးဒေလီ မြို့၌ မြန်မာ နိုင်ငံ သံရုံးနှင့် စစ်သံရုံး တို့မှ ၀န်ထမ်း၊ မိသားစု ၀င်များအား တွေ့ဆုံ


Photo: နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နယူးဒေလီ မြို့၌ မြန်မာ နိုင်ငံ သံရုံးနှင့် စစ်သံရုံး တို့မှ ၀န်ထမ်း၊ မိသားစု ၀င်များအား တွေ့ဆုံ။
Saturday, 22 December 2012

အိန္ဒိယ သမ္မတ နိုင်ငံ နယူးဒေလီ မြို့၌ ရောက်ရှိ နေသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာ(၂၀)ရက် ညပိုင်းတွင် ခေတ္တ တည်းခိုသည့် နယူး ဒေလီမြို့ရှိ Taj Mahal ဟိုတယ်၌ အိန္ဒိယ သမ္မတ နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ ၀န်ထမ်း မိသားစု ၀င်များနှင့် အိန္ဒိယ သမ္မတ နိုင်ငံ၌ ရောက်ရှိ နေသည့် အာဆီယံ- အိန္ဒိယ ကားမောင်း ပြိုင်ပွဲဝင် မြန်မာ နိုင်ငံမှ ရုပ်ရှင် အနုပညာ ရှင်များ အား တွေ့ဆုံသည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတအား မြန်မာသံရုံး၊ စစ်သံရုံး တို့မှ ၀န်ထမ်း၊ မိသားစု ၀င်များနှင့် အိန္ဒိယ သမ္မတ နိုင်ငံ၌ ရောက်ရှိ နေကြသည့် ရုပ်ရှင် အနုပညာ ရှင်များက မြန့်မာ ရိုးရာ ထုံးတမ်း အစဉ်အလာနှင့် အညီ ဂါရ၀ ပြုကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတက သြ၀ါဒ စကားပြော ကြားရာတွင် နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များ၌ ပြည်သူကို ဗဟိုပြုပြီး ပြည်သူ တစ်ဦးချင်း ခံစားနိုင်စေရန် ရည်မှန်းချက် ထားရှိပြီး ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံ၏ လူဦးရေ သန်း ၆၀ ကျော်၏ တူညီသော ဆန္ဒမှာ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် စီးပွားရေး တိုးတက်ရေးပင် ဖြစ်ကြောင်း၊ နိုင်ငံတော် တည်ငြိမ်ရေးအတွက် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် နိုင်ငံရေး တည်ငြိမ်မှု ရရှိရေး အတွက် အလေးထား ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် အတွက် အနောက် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရေး၊ အခွန်ပေး ဆောင်မှု ဖြေလျော့ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ များ ဖိတ်ခေါ်ခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း၊ ယခုအခါ အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲ တိုးတက်မှုများ ရရှိနေပြီ ဖြစ်၍ အနာဂတ် နိုင်ငံတော်နှင့် နိုင်ငံသား များအတွက် အခွင့်အလမ်းများ ပေါ်ထွက် လာနေ ပြီ ဖြစ်ကြောင်း။

အိမ်နီးချင်း အင်အားကြီး နိုင်ငံကြီးများ ဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့၏ စီးပွားရေး တိုးတက်လျက် ရှိမှုနှင့် အာဆီယံ နိုင်ငံများ၏ အချက်အခြာ ကျပြီး အရေးပါ လာမှုတို့အပေါ် မြန်မာနိုင်ငံ အနေဖြင့် ဆက်ဆံရေး ကောင်းမွန် စွာဖြင့် ဟန်ချက်ညီ လိုက်ပါပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြ ရာမှာဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံ ခေါင်းဆောင်များ အချင်းချင်း ဆက်ဆံရေး ကောင်းမွန်လျက် ရှိသည့်နည်းတူ မြန်မာသံရုံးနှင့် စစ်သံရုံး တို့က လည်း ရရှိပြီးဖြစ်သည့် ဆက်ဆံရေး အခြေအနေ ကောင်းများကို ပိုမို တိုးတက်အောင်
ဆောင်ရွက်ရန် လိုအပ် ပါကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံတော် သမ္မက မြန်မာ သံရုံးနှင့် စစ်သံရုံး ၀န်ထမ်း မိသားစု ၀င်များ အတွက် စားသောက်ဖွယ်နှင့် လက်ဆောင် ပစ္စည်းများကို ပေးအပ်ရာ သံရုံး ယာယီ တာဝန်/ သံမှူးကြီး ဦးဘလှအေးနှင့် စစ်သံမှူး ဗိုလ်မှူးကြီး သိန်းလွင် တို့က လက်ခံကြသည်။

မြ၀တီအိန္ဒိယ သမ္မတ နိုင်ငံ နယူးဒေလီ မြို့၌ ရောက်ရှိ နေသော ပြည်ထောင် စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဒီဇင်ဘာ(၂၀)ရက် ညပိုင်းတွင် ခေတ္တ တည်းခိုသည့် နယူး ဒေလီမြို့ရှိ
Taj Mahal ဟိုတယ်၌ အိန္ဒိယ သမ္မတ နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံ သံရုံးနှင့် စစ်သံရုံးတို့မှ ၀န်ထမ်း မိသားစု ၀င်များနှင့် အိန္ဒိယ သမ္မတ နိုင်ငံ၌ ရောက်ရှိ နေသည့် အာဆီယံ- အိန္ဒိယ ကားမောင်း ပြိုင်ပွဲဝင် မြန်မာ နိုင်ငံမှ ရုပ်ရှင် အနုပညာ ရှင်များ အား တွေ့ဆုံသည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတအား မြန်မာသံရုံး၊ စစ်သံရုံး တို့မှ ၀န်ထမ်း၊ မိသားစု ၀င်များနှင့် အိန္ဒိယ သမ္မတ နိုင်ငံ၌ ရောက်ရှိ နေကြသည့် ရုပ်ရှင် အနုပညာ ရှင်များက မြန့်မာ ရိုးရာ ထုံးတမ်း အစဉ်အလာနှင့် အညီ ဂါရ၀ ပြုကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတက သြ၀ါဒ စကားပြော ကြားရာတွင် နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များ၌ ပြည်သူကို ဗဟိုပြုပြီး ပြည်သူ တစ်ဦးချင်း ခံစားနိုင်စေရန် ရည်မှန်းချက် ထားရှိပြီး ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံ၏ လူဦးရေ သန်း ၆၀ ကျော်၏ တူညီသော ဆန္ဒမှာ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် စီးပွားရေး တိုးတက်ရေးပင် ဖြစ်ကြောင်း၊ နိုင်ငံတော် တည်ငြိမ်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုရရှိရေးအတွက် အလေး ထား ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် အတွက် အနောက် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရေး၊ အခွန်ပေး ဆောင်မှု ဖြေလျော့ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာ များ ဖိတ်ခေါ်ခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း၊ ယခုအခါ အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲ တိုးတက်မှုများ ရရှိနေပြီ ဖြစ်၍ အနာဂတ် နိုင်ငံတော်နှင့် နိုင်ငံသား များအတွက် အခွင့် အလမ်းများ ပေါ်ထွက် လာနေ ပြီ ဖြစ်ကြောင်း။

အိမ်နီးချင်း အင်အားကြီး နိုင်ငံကြီးများ ဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့၏ စီးပွားရေး တိုးတက်လျက် ရှိမှုနှင့် အာဆီယံ နိုင်ငံများ၏ အချက်အခြာ ကျပြီး အရေးပါ လာမှုတို့အပေါ် မြန်မာနိုင်ငံ အနေဖြင့် ဆက်ဆံရေး ကောင်းမွန် စွာဖြင့် ဟန်ချက်ညီ လိုက်ပါပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြ ရာမှာဖြစ်ကြောင်း၊ အိမ်နီးချင်း နိုင်ငံ ခေါင်းဆောင်များ အချင်းချင်း ဆက်ဆံရေး ကောင်းမွန်လျက် ရှိသည့်နည်းတူ မြန်မာသံရုံးနှင့် စစ်သံရုံးတို့ကလည်း ရရှိပြီးဖြစ်သည့် ဆက်ဆံရေး အခြေအနေ ကောင်းများကို ပိုမို တိုးတက်အောင်
ဆောင်ရွက်ရန် လိုအပ် ပါကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မက မြန်မာ သံရုံးနှင့် စစ်သံရုံး ၀န်ထမ်းမိသားစုဝင်များအတွက် စားသောက်ဖွယ်နှင့် လက်ဆောင် ပစ္စည်းများကို ပေးအပ်ရာ သံရုံး ယာယီ တာဝန်/ သံမှူးကြီး ဦးဘလှအေးနှင့် စစ်သံမှူး ဗိုလ်မှူးကြီး သိန်းလွင် တို့က လက်ခံကြသည်။

From : မြ၀တီ

No comments:

Post a Comment