ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်များကို လျှို့ဝှက် မဲစနစ်ဖြင့် ဒီဇင်ဘာလကုန်အပြီး မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာ များတွင် ရွေးချယ် လျှက်ရှိကြောင်းသိရသည်။
"ကျွန်တော်တို့ရပ်ကွက်မှာ ဒီနေ့ရွေးချယ်ပွဲလုပ်မယ်ဆိုပြီး ဖိတ်စာလာ တယ်။ ဆယ်အိမ်စုမှူးစာရင်းကို ကြေညာထားတယ်။အခုရွေးရမှာက လျှို့ဝှက်မဲစနစ်တဲ့"ဟု ကြည်မြင်တိုင်မြို့နယ်တွင် နေထိုင်သူ တစ်ဦး ကပြောသည်။
အဆိုပါ ဖိတ်စာတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးအား ရပ်ကွက် (သို့မဟုတ်)ကျေးရွာ အုပ်စု ရွေး ချယ်မှု ဥပဒေ၊နည်းဥပဒေများနှင့် အညီ ရွေးချယ်မည်ဖြစ်ပါသဖြင့် အိမ်ထောင်ဦစီး သို့မဟုတ် အသက် ၁၈နှစ်ပြည့်ပြီးသူ အိမ်ထောင်စု ကိုယ်စားလှယ်၁ဦး တက်ရောက်ပေးရန်ဖိတ်ကြားထားကြောင်းသိရသည်။
From : Popular Myanmar News Journal

No comments:
Post a Comment