အင်္ဂလန်နိုင်ငံတွင်
စတာလင်ပေါင် ၁၂၅,ဝဝဝ တန်ဖိုးရှိ ကမ္ဘာ့ဈေး အကြီးဆုံး
ခရစ္စမတ်ညစာ စားသောက်ဖွယ် စာရင်းကို ထုတ်ဖော်ကြေ ညာခဲ့ကြောင်း သိရသည်။အဆိုပါ
စားသောက်ဖွယ်စာရင်းကို လန်ဒန်မြို့ရှိစားဖိုမှူးတစ်ဦးဖြစ်သူဘန် စပဲလ်ဒင်းက
စီစဉ်ခဲ့ပြီး လူလေး ဦး စားသောက်နိုင်ကြောင်းနှင့် စားသောက် ဖွယ်ရာများကို
စားဖိုမှူးနှင့် ၎င်း၏ အဖွဲ့ကစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။အဓိက အစားအစာအဖြစ် အမဲသားတစ်မျိုးနှင့် အသည်းတို့ဖြင့် ပေါင်းစပ်စီမံ ထားသော ဒိုဒီနီကြက်ဆင်သား ဟင်းလျာဖြစ်ပြီး ယင်းဟင်းလျာအပေါ်တွင် ရွှေမျက်ပါးနှင့် အက်ခ်ဘာရီ သီဟိုဠ် စေ့ များကို ဖြူးထားကြောင်း သိရသည်။ ယင်းစား သောက်ဖွယ်ရာကို ၁၉ဝ၇ ခုနှစ်ထုတ် စတာလင်ပေါင် ၃၇,ဝဝဝ တန်ဖိုးရှိ Piper Heidsieck ရှန်ပိန်ပုလင်းအပါအဝင် ဝိုင်အမျိုးမျိုးဖြင့် တွဲဖက်စား သုံးနိုင်မည်ဖြစ် သည်။ စပဲလ်ဒင်းသည် အဆိုပါစားသောက်ဖွယ်ရာကို VeryFirst To.com မှ တစ်ဆင့် ရောင်း ချပေးလျက် ရှိပြီး တစ်နှစ်မှ တစ်ကြိမ်ကျရောက်သည့် ပွဲတော်အတွက် အထူးပြင်ဆင်ပေး လျက် ရှိကြောင်း သိရသည်။ စပဲလ်ဒင်းသည် အဆိုပါ ညစာစားဟင်းလျာ ရောင်းချမှုမှရရှိသည့် ငွေပမာဏ ၈ဝ ရာခိုင်နှုန်းကို ဗြိတိန်ရှိ ကင်ဆာသုတေသနဌာနနှင့် လူမှုရေးအဖွဲ့များသို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment