Monday, December 10, 2012

ပါကစ္စတန်နိုင်ငံသည် ကလေးသူငယ်များအခွင့်အရေး အဆုံးရှုံးဆုံးနိုင်ငံဖြစ်နေ

Photo: ပါကစ္စတန်နိုင်ငံသည် ကလေးသူငယ်များအခွင့်အရေး အဆုံးရှုံးဆုံးနိုင်ငံဖြစ်နေ
Monday, December 10, 2012

အရွယ်မရောက်မီ လက်ထပ်ထိမ်းမြားရန် အတင်းအကြပ်ပြုလုပ်ခံနေရခြင်း၊ ကလေးသူငယ်များကို အခိုင်းအစေ အဖြစ် ရောင်းစားခံနေရခြင်းများကြောင့် ပါကစ္စတန်နိုင်ငံသည် ကလေးသူငယ်များ အခွင့်အရေး အဆုံးရှုံးဆုံး
နိုင်ငံဖြစ်နေကြောင်း ပါကစ္စတန်နိုင်ငံ မီဒီယာသတင်းများတွင်
ခေါင်းကြီးပိုင်းမှဖော်ပြနေကြသည်။

ပါကစ္စတန်နိုင်ငံ ကလေးသူများဆိုင်ရာ အဖွဲ့အစည်းများကကလေးသူငယ်များ
ဆိုင်ရာ အခွင့်အရေးအတွက် အကာအကွယ်ပေးသည့် ဥပဒေများ ထုတ်ပြန်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း တောင်းဆိုထားကြသည်။ သို့သော် ဒေသဆိုင်ရာအာဏာပိုင်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ကလေးသူငယ်များဆိုင်ရာ အခွင့် အရေးကို စောင့်ရှောက်ပေးမှု
နည်းခြင်းကြောင့် အခွင့်အရေးများကို အကာအကွယ်မပေးနိုင်သေးဟု
သိရသည်။

ပါကစ္စတန်နိုင်ငံတွင် အသက် ၅ နှစ်မှ ၉ နှစ်အရွယ် ကလေးပေါင်း
 ၇ သန်းကျော်ခန့်ရှိပြီး ယနေ့တိုင် ကျောင်း မတက်နိုင်သေးသူများ
ဖြစ်နေကြောင်း၊ ရေကြီးမှုနှင့် ကျောင်းများ ပျက်စီးမှုတို့ကြောင့် ကလေးပေါင်း ၁ ဒသမ ၈ သန်းခန့်သည် ကျောင်းမတက်နိုင်သေးကြောင်း၊ နိုင်ငံအနေဖြင့် ကြည့်လျှင် ပါကစ္စတန်နိုင်ငံသည် ပိုလီယိုရောဂါ အဖြစ်အများဆုံးနိုင်ငံ
စာရင်းတွင် အစိုးရိမ်ရဆုံးဖြစ်နေကြောင်း၊ ၂၀၀၅ ခုနှစ်အစီရင်ခံစာတွင် ပါကစ္စတန်၌ ပိုလီယိုရောဂါဖြစ်ပွားနေသူပေါင်း သန်း ၁၈၀ ခန့်ရှိကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ၁၉၇ သန်းအထိ တိုးလာကြောင်း အစီရင်ခံစာ
တစ်စောင်တွင် ဖော်ပြထားသည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံသည် ကမ္ဘာတွင် ကလေးသူငယ်ပြန်ပေးဆွဲမှု အများဆုံး ၅ နိုင်ငံစာရင်းတွင် ပါဝင်နေပြီး ၂၀၁၁ ခုနှစ်တွင် ကလေးပေါင်း ၇၀၀၀ ခန့် ခိုးယူခြင်းခံနေရသည်ဟု ကလေးသူငယ်အခွင့်အရေးအဖွဲ့တစ်ဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကရာချိမြို့တောင်ပိုင်းတစ်ခုတည်းတွင် ကလေးပေါင်း ၃၀၉၀ ပျောက်ဆုံးခဲ့ ရသည်ဟု ထိုအစီရင်ခံစာကဆိုသည်။

ကလေးသူငယ်များကို ခိုးယူပြီး တောင်းစားခိုင်းခြင်း၊ ကလေးသူငယ်
ပြည့်တန်ဆာအဖြစ်လုပ်ခိုင်းခြင်း၊ ကုလားအုပ်စီးပြိုင်ပွဲများအတွက် ကုလားအုပ်စီး ဂျော်ကီများလုပ်ခိုင်းခြင်း၊ အိမ်၊ ဆိုင်၊ ဈေး၊ အလုပ်တို့တွင် ကျေးကျွန်များအဖြစ် ခိုင်းစေရန်ရောင်းစား
ခံရခြင်းများရှိနေသည်ဟု သိရသည်။

ပါကစ္စတန်နိုင်ငံတွင် ကလေးသူငယ်များ၏ ၄၉ ရာခိုင်နှုန်းခန့်သာ မူလတန်းပညာကို သင်ကြားနိုင်ခဲ့ကြောင်း၊ မြို့နေကလေး ၆၇ ရာခိုင်နှုန်းနှင့် ကျေးလက်နေကလေး ၄၀ ရာခိုင်နှုန်းခန့်သာ မူလတန်းကို ပြီးဆုံးအောင် ပညာသင်ကြားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ 

မောက္ခ ပညာရေးမဂ္ဂဇင်းအရွယ်မရောက်မီ လက်ထပ်ထိမ်းမြားရန် အတင်းအကြပ်ပြုလုပ် ခံနေရခြင်း၊ ကလေးသူငယ်များကို အခိုင်းအစေ အဖြစ် ရောင်းစား ခံနေ ရခြင်း များကြောင့် ပါကစ္စတန်နိုင်ငံသည် ကလေးသူငယ်များ အခွင့် အရေး အဆုံးရှုံး ဆုံးနိုင်ငံဖြစ်နေကြောင်း ပါကစ္စတန်နိုင်ငံ မီဒီယာ သတင်း များတွင်ခေါင်းကြီးပိုင်းမှဖော်ပြနေကြသည်။
ပါကစ္စတန်နိုင်ငံ ကလေးသူများဆိုင်ရာ အဖွဲ့အစည်းများက ကလေး သူငယ်များဆိုင်ရာ အခွင့်အရေးအတွက် အကာအကွယ်ပေးသည့် ဥပဒေများ ထုတ်ပြန်ပေးရန်လိုအပ်နေ ပြီဖြစ်ကြောင်း တောင်း ဆိုထားကြသည်။ သို့သော် ဒေသဆိုင်ရာအာဏာပိုင်များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှကလေး သူငယ်များ ဆိုင်ရာ အခွင့် အရေးကို စောင့်ရှောက်ပေးမှုနည်းခြင်းကြောင့် အခွင့်အရေးများကို အကာ အကွယ် မပေးနိုင်သေးဟုသိရသည်။

ပါကစ္စတန်နိုင်ငံတွင် အသက် ၅ နှစ်မှ ၉ နှစ်အရွယ် ကလေးပေါင်း၇ သန်းကျော်ခန့်ရှိပြီး ယနေ့တိုင် ကျောင်း မတက်နိုင်သေးသူများဖြစ်နေကြောင်း၊ ရေကြီးမှုနှင့် ကျောင်းများ ပျက်စီးမှုတို့ကြောင့် ကလေးပေါင်း ၁ ဒသမ ၈ သန်းခန့်သည် ကျောင်းမတက်နိုင်သေးကြောင်း၊ နိုင်ငံအနေဖြင့် ကြည့်လျှင် ပါကစ္စတန်နိုင်ငံသည် ပိုလီယိုရောဂါ အဖြစ်အများဆုံးနိုင်ငံစာရင်းတွင် အစိုးရိမ်ရဆုံးဖြစ်နေကြောင်း၊ ၂၀၀၅ ခုနှစ်အစီရင်ခံစာတွင် ပါကစ္စတန်၌ ပိုလီယိုရောဂါဖြစ်ပွားနေသူပေါင်း သန်း ၁၈၀ ခန့်ရှိကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ၁၉၇ သန်းအထိ တိုးလာကြောင်း အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံသည် ကမ္ဘာတွင် ကလေးသူငယ်ပြန်ပေးဆွဲမှု အများဆုံး ၅ နိုင်ငံစာရင်းတွင် ပါဝင်နေပြီး ၂၀၁၁ ခုနှစ်တွင် ကလေးပေါင်း ၇၀၀၀ ခန့် ခိုးယူခြင်းခံနေရသည်ဟု ကလေးသူငယ် အခွင့်အရေးအဖွဲ့တစ်ဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကရာချိမြို့တောင်ပိုင်း တစ်ခုတည်းတွင် ကလေးပေါင်း ၃၀၉၀ ပျောက်ဆုံးခဲ့ ရသည်ဟု ထိုအစီရင်ခံစာကဆိုသည်။

ကလေးသူငယ်များကို ခိုးယူပြီး တောင်းစားခိုင်းခြင်း၊ ကလေးသူငယ်ပြည့်တန်ဆာအဖြစ်လုပ်ခိုင်းခြင်း၊ ကုလားအုပ်စီးပြိုင်ပွဲများအတွက် ကုလားအုပ်စီး ဂျော်ကီများလုပ်ခိုင်းခြင်း၊ အိမ်၊ ဆိုင်၊ ဈေး၊ အလုပ် တို့တွင် ကျေးကျွန်များအဖြစ် ခိုင်းစေရန်ရောင်းစားခံရခြင်းများရှိနေသည်ဟု သိရသည်။
ပါကစ္စတန်နိုင်ငံတွင် ကလေးသူငယ်များ၏ ၄၉ ရာခိုင်နှုန်းခန့်သာ မူလတန်းပညာကို သင်ကြားနိုင် ခဲ့ကြောင်း၊ မြို့နေကလေး ၆၇ ရာခိုင်နှုန်းနှင့် ကျေးလက်နေကလေး ၄၀ ရာခိုင်နှုန်းခန့်သာ မူလတန်းကို ပြီးဆုံးအောင် ပညာသင်ကြားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မောက္ခ ပညာရေးမဂ္ဂဇင်း

No comments:

Post a Comment