Friday, December 21, 2012

ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် ပြင်ဆင်မှုများ

Photo: ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုရန်ပြင်ဆင်နေကြသည်ကို ဒီဇင်ဘာ၂၁ရက်ကတွေ့ရစဉ်

7Day News Journal
ကော့သောင်းမြို့သို့ ဒီဇင်ဘာ ၂၂ ရက်တွင် ရောက် ရှိ မည့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် ပြင်ဆင်မှုများ ပြု လုပ်နေ ပြီး ၎င်း၏လုံခြုံရေးအတွက် အထူးဂရုစိုက်ပြင်ဆင် လျက်ရှိ သည်ကို တွေ့ရကြောင်း ကော့သောင်းမြို့ရှိ 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ဒေါ်အောင်ဆန်းစုကြည် မလာမီရက်ပိုင်းအလိုကတည်း က ကော့သောင်း မြို့ပေါ်ရှိ နေအိမ် အချို့တွင် NLD ပါတီအလံများ လွှင့်ထူခြင်း၊ လမ်းဆုံလမ်းခွများတွင် ၎င်းအားကြိုဆိုသည့် ဗီနိုင်းဆိုင်းဘုတ် များထောင်ကာ ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ မြို့ပေါ်ရှိ အမှတ်တရပစ္စည်း ရောင်းချသည့်ဆိုင်များ တွင် လည်း ဒေါ်အောင်ဆန်းစုကြည်၏ပုံ ရိုက်နှိပ်ထားသည့် အင်္ကျီများ၊ NLD အလံငယ်များ လက်ကျန် မရှိသည်အထိ ရောင်းအားကောင်းလျက်ရှိသည်။ ထို့အပြင် ထိုင်း-မြန်မာနယ်စပ် မြို့ဖြစ်သော ကော့သောင်းမြို့သို့ ပထမဦးဆုံးအကြိမ် လာရောက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ လုံခြုံရေးအတွက်လည်း အထူးပြင်ဆင်လျက် ရှိသည်။ ကော့သောင်းမြို့ခရီးစဉ်အတွင်း လူထုဟောပြောပွဲပြုလုပ်မည့် အေးရိပ်ငြိမ်ရပ်ကွက် မြို့နယ်ဘောလုံးကွင်းအတွင်း NLD အဖွဲ့ဝင်များက ညအိပ်ညနေ လုံခြုံရေးအစီအစဉ်များ ပြုလုပ်လျက်ရှိသည်။ 
7Day News Journal

No comments:

Post a Comment