Monday, December 31, 2012

ရွှေတိဂုံ စေတီတော်သို့ ဖူးမြော်ရန် နိုင်ငံခြားသား ဧည့်သည်များ အတွက် သီးသန့်ဝတ်စုံ သတ်မှတ်ထားခြင်း မရှိ


ရွှေတိဂုံ စေတီတော်သို့ ဖူးမြော်ရန် နိုင်ငံခြားသား ဧည့်သည်များ အတွက် သီးသန့်ဝတ်စုံ သတ်မှတ်ထားခြင်း မရှိ

ရွှေတိဂုံ စေတီတော်သို့ လာရောက် လည်ပတ် ဖူးမြော်လျက် ရှိသော နိုင်ငံခြားသား ဧည့်သည်များ အတွက် သီးသန့်ဝတ်စုံ သတ်မှတ်ထားခြင်း မရှိကြောင်း ရွှေတိဂုံ စေ တီတော် ဂေါပက ရုံးမှ သိရသည်။

နိုင်ငံခြားသား ဧည့်သည်များ အတွက် သီးသန့်ဝတ်စုံ မသတ်မှတ် ထားသော်လည်း ရွှေတိဂုံ စေတီတော်သို့ လာရောက် လည်ပတ်လျက် ရှိသော နိုင်ငံခြားသား ဘုရားဖူး ခရီးသွား ဧည့်သည် အချို့သည် မြန်မာ့ ယဉ်ကျေးမှုနှင့် ကိုက်ညီသော ဝတ်စား ဆင်ယင်မှုမျိုး မရှိသည့် အတွက် စေတီတော် ဂေါပက ရုံးအဖွဲ့မှ ရှမ်းတိုင်းရင်းသား ဝတ်စုံ၊ ပုဆိုးနှင့် ထဘီ များကို စီစဉ်ထားရှိ ပေးထားသည်ဟု သိရသည်။

''ရှမ်းအင်္ကျီ၊ ထဘီနဲ့ ပုဆိုးလေးတွေ စီစဉ် ထားတာပါ၊ သတ်မှတ်ဝတ်စုံ ဆိုတာတော့ မရှိပါဘူး။ ရွှေတိဂုံ စေတီတော် ဂေါပက ရုံးမှ သတ်မှတ်တဲ့ ဝတ်စုံကတော့ လုံခြုံဖို့ ပါပဲ၊ မြန်မာ့ ယဉ်ကျေးမှုနဲ့ လျော်ညီဖို့ ပါပဲ''ဟု ရွှေတိဂုံ စေတီတော် ဂေါပက ရုံးမှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။

ယခုနှစ် အောက်တိုဘာ လလယ်လောက်က ရွှေတိဂုံ စေတီတော် ရင်ပြင်တော် ပေါ်၌ ဖြစ်ပွား ခဲ့သော နိုင်ငံခြားသား ဧည့်သည် စုံတွဲ တစ်တွဲ၏ မြန်မာ့ ယဉ်ကျေးမှုနှင့် မကိုက် ညီသည့် နေထိုင်ပြုမူ ပုံများကြောင့် နိုင်ငံခြားသား ဘုရားဖူး ဧည့်သည်များ အတွက် ရင်ပြင်တော်ပေါ် နှင့် ရင်ပြင်တော် အောက်ခြေ၌ မေတ္တာ ရပ်ခံချက်များ ပြုလုပ် ခဲ့သော်လည်း လိုက်နာမှု မရှိ၍ လုံခြုံ သပ်ရပ်သော အဝတ် အစားများ စီစဉ် ပေးရခြင်း ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက ရုံးမှ သိရသည်။

http://www.myawady.net.mm/allnews/localnews/item/3196-2012-12-31-11-34-13

ရွှေတိဂုံ စေတီတော်သို့ လာရောက် လည်ပတ်ဖူးမြော်လျက်ရှိသော နိုင်ငံခြားသား ဧည့်သည်များအတွက် သီးသန့်ဝတ်စုံ သတ်မှတ်ထားခြင်း မရှိကြောင်း ရွှေတိဂုံ စေ တီတော် ဂေါပက ရုံးမှ သိရသည်။

နိုင်ငံခြားသား ဧည့်သည်များအတွက် သီးသန့်ဝတ်စုံမသတ်မှတ်ထားသော်လည်း ရွှေတိဂုံ စေတီတော်သို့ လာရောက်လည်ပတ်လျက်ရှိသော နိုင်ငံခြားသားဘုရားဖူးခရီးသွား ဧည့်သည်အချို့သည် မြန်မာ့ ယဉ်ကျေး မှုနှင့် ကိုက်ညီသောဝတ်စားဆင်ယင်မှုမျိုး မရှိသည့်အတွက် စေတီတော် ဂေါပက ရုံးအဖွဲ့မှ ရှမ်းတိုင်းရင်း သားဝတ်စုံ၊ ပုဆိုးနှင့် ထဘီများကို စီစဉ်ထားရှိ ပေးထားသည်ဟုသိရသည်။

''ရှမ်းအင်္ကျီ၊ ထဘီနဲ့ ပုဆိုးလေးတွေ စီစဉ်ထားတာပါ၊ သတ်မှတ်ဝတ်စုံ ဆိုတာတော့ မရှိပါ ဘူး။ ရွှေတိဂုံ စေတီတော် ဂေါပက ရုံးမှ သတ်မှတ်တဲ့ ဝတ်စုံကတော့လုံခြုံဖို့ပါပဲ၊ မြန်မာ့ယဉ်ကျေး မှုနဲ့ လျော် ညီဖို့ပါပဲ''ဟု ရွှေတိဂုံ စေတီတော် ဂေါပက ရုံးမှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။

ယခုနှစ် အောက်တိုဘာ လလယ်လောက်က ရွှေတိဂုံ စေတီတော် ရင်ပြင်တော် ပေါ်၌ ဖြစ်ပွား ခဲ့သော နိုင်ငံခြားသား ဧည့်သည်စုံတွဲတစ်တွဲ၏ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် နေထိုင်ပြုမူ ပုံများကြောင့် နိုင်ငံခြားသား ဘုရားဖူး ဧည့်သည်များ အတွက် ရင်ပြင်တော်ပေါ် နှင့် ရင်ပြင်တော် အောက်ခြေ၌ မေတ္တာ ရပ်ခံချက်များ ပြုလုပ်ခဲ့သော်လည်း လိုက်နာမှုမရှိ၍ လုံခြုံ သပ်ရပ်သော အဝတ်အစားများ စီစဉ် ပေးရခြင်း ဖြစ်ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကရုံးမှသိရသည်။
From..မြ၀တီ

No comments:

Post a Comment